မင္းမင္းဦးဇာတ္သဘင္အတြက္ ညေႀကးမယူပဲ ကူညီသည္႔အၿပင္ ေငြေႀကးေထာက္ပံကာ ေဆးရံုတက္ေနေသာလူနာမ်ားအားသြားေရာက္ေတြ႕ဆံုအားေပးကူညီ

သဘင္(ဗဟို) ဥကၠ႒ေလး ဖိုးခ်စ္မင္းမင္းဦးဇာတ္သဘင္အဖြဲ႕ရဲ႕ဇာတ္ကားေမွာက္ျပီးထိခိုက္ေသသုံးမႈမ်ားျပားခဲ႔တဲ႔ ျဖစ္ရပ္ေႀကာင့္ေ အာင္လံျမိဳ႕တြင္ကျပေနသည့္ႀကားက ယေန႔ည ေနာက္ဆုံးညမွာ ဖိုးခ်စ္မကေတာ့ဘဲသူ႕ရဲ႕ညီတပည့္ေလး ေအာင္စန္းပြင့္ကို သူ႕ကိုယ္စားကျပေပးဖို႔ထားခဲ႔ျပီး ေအာင္လံျမိဳ႕ ဒုတိယည ပြဲစဥ္ကျပ၍ရေသာ ဇာတ္တစ္ဖြဲ႕လုံးစာ က်ပ္သိန္း၃၀ကို ထိခိုက္ေသဆုံးႀကေသာသဘင္အနုပညာရွင္မ်ားအတြက္ ကိုယ္တိုင္သြားေရာက္ လႈဒါန္းျပီး အားေပးႏွစ္သိမ့္မႈမ်ား ျပဳလုပ္ေပးခဲ႔ေႀကာင္း သတင္းရရွိပါသည္။

ၿမိဳ႕ေရႊမန္းသားဖိုးခ်စ္ဇာတ္သဘင္မွမင္းသား(ကို)ဖိုးခ်စ္ႏွင့္အဖဲြ႔သူ အဖဲြ႔သားမ်ားမွမင္းမင္းဦးဇာတ္သဘင္ ယာဥ္တိမ္းေမွာက္မႈအတြက္အလႉေငြ သိန္းသုံးဆယ္ က်ပ္တိတိလႉဒါန္းပါသည္။ ေလးစားပါသည္။ ေမာင္ဖိုးခ်စ္ေရ းးးးးးးးးးး

ကားေမွာက္ခဲ့တဲ့ မင္းမင္းဦးဇာတ္ပြဲအတြက္ ညေၾကးမယူပဲ ၁ ညစာ ကူညီခဲ့တဲ့ ဖိုးခ်စ္တို႔ အဖြဲ႕မၾကာေသးခင္ကပဲ သူပိုင္တဲ့ အိမ္နဲ႔ျခံကို ေပါင္ၿပီး သဘင္အဖြဲ႕သားေတြကို ကူညီခဲ့တဲ့ ဇာတ္မင္းသား ဖိုးခ်စ္ဟာ အခုလဲ ဇာတ္အဖြဲ႕ကား ေခ်ာက္ထဲက်သြားလို႔ အခက္အခဲျဖစ္သြားတဲ့ မင္းမင္းဦး ဇာတ္ပြဲကို ညေၾကးမယူပဲ ကူညီခဲ့ေၾကာင္း သိရပါတယ္။ မင္းမင္းဦးဇာတ္အဖြဲ႕ဟာ ရွမ္းျပည္က ပြဲကၿပီးအျပန္ ရက္ေစာက္ နဲ႔ ေနာင္ခ်ိဳၾကား ေတာင္အဆင္းမွာ ကားေမွာက္ၿပီး မင္းသား မင္းသမီးအပါအဝင္ ၇ ေယာက္ ေသဆံုးကာ ၁၇ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ သိရၿပီး ဒဏ္ရာရသူေတြကို ေမၿမိဳ႕ ေဆးရံုမွာ တင္ထားပါတယ္။

မင္းမင္းဦးဇာတ္အဖြဲ႕ဟာ ျပဇာတ္မင္းသား မင္းမင္းထိုက္ တည္ေထာင္ထားတဲ့ ဇာတ္သဘင္လို႔ သိရၿပီး တစ္ခ်ိန္က ဆလိုက္မင္းမင္းထိုက္လို႔ လူသိမ်ားပါတယ္။

ကားေမွာက္မႈေၾကာင့္ အခက္အခဲျဖစ္ေနတဲ့ မင္းမင္းဦးဇာတ္သဘင္ ကို ဖိုးခ်စ္တို႔ကတဲ့ ဇာတ္သဘင္အဖြဲ႕သူ အဖြဲ႕သားအားလံုးက ေအာင္လံမွာ ကျပမယ့္ ဒုတိယ ညေၾကးကို မယူပဲ မင္းမင္းဦးအဖြဲ႕ကို ကူညီလိုက္ပါတယ္။အဲ့ဒီေနာက္ အဖြဲ႕သူအဖြဲ႕သားမ်ားကို ေက်းဇူးတင္ေၾကာင္း နဲ႔ ကားေမွာက္သြားေသာ အဖြဲ႕ကိုလည္း အထူးပင္ဝမ္းနည္း စိတ္မေကာင္း ျဖစ္ရေၾကာင္း ဖိုးခ်စ္ ဇာတ္သဘင္ Facebook media Page မွာ ေဖာ္ျပထားပါတယ္။

Credit to Original

Unicode

သဘင်(ဗဟို) ဥက္ကဋ္ဌလေး ဖိုးချစ်မင်းမင်းဦးဇာတ်သဘင်အဖွဲ့ရဲ့ဇာတ်ကားမှောက်ပြီးထိခိုက်သေသုံးမှုများပြားခဲ့တဲ့ ဖြစ်ရပ်ကြောင့်ေ အာင်လံမြို့တွင်ကပြနေသည့်ကြားက ယနေ့ည နောက်ဆုံးညမှာ ဖိုးချစ်မကတော့ဘဲသူ့ရဲ့ညီတပည့်လေး အောင်စန်းပွင့်ကို သူ့ကိုယ်စားကပြပေးဖို့ထားခဲ့ပြီး အောင်လံမြို့ ဒုတိယည ပွဲစဉ်ကပြ၍ရသော ဇာတ်တစ်ဖွဲ့လုံးစာ ကျပ်သိန်း၃ဝကို ထိခိုက်သေဆုံးကြသောသဘင်အနုပညာရှင်များအတွက် ကိုယ်တိုင်သွားရောက် လှုဒါန်းပြီး အားပေးနှစ်သိမ့်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့ရွှေမန်းသားဖိုးချစ်ဇာတ်သဘင်မှမင်းသား(ကို)ဖိုးချစ်နှင့်အဖွဲ့သူ အဖွဲ့သားများမှမင်းမင်းဦးဇာတ်သဘင် ယာဉ်တိမ်းမှောက်မှုအတွက်အလှူငွေ သိန်းသုံးဆယ် ကျပ်တိတိလှူဒါန်းပါသည်။ လေးစားပါသည်။ မောင်ဖိုးချစ်ရေ းးးးးးးးးးး

ကားမှောက်ခဲ့တဲ့ မင်းမင်းဦးဇာတ်ပွဲအတွက် ညကြေးမယူပဲ ၁ ညစာ ကူညီခဲ့တဲ့ ဖိုးချစ်တို့ အဖွဲ့မကြာသေးခင်ကပဲ သူပိုင်တဲ့ အိမ်နဲ့ခြံကို ပေါင်ပြီး သဘင်အဖွဲ့သားတွေကို ကူညီခဲ့တဲ့ ဇာတ်မင်းသား ဖိုးချစ်ဟာ အခုလဲ ဇာတ်အဖွဲ့ကား ချောက်ထဲကျသွားလို့ အခက်အခဲဖြစ်သွားတဲ့ မင်းမင်းဦး ဇာတ်ပွဲကို ညကြေးမယူပဲ ကူညီခဲ့ကြောင်း သိရပါတယ်။ မင်းမင်းဦးဇာတ်အဖွဲ့ဟာ ရှမ်းပြည်က ပွဲကပြီးအပြန် ရက်စောက် နဲ့ နောင်ချိုကြား တောင်အဆင်းမှာ ကားမှောက်ပြီး မင်းသား မင်းသမီးအပါအဝင် ၇ ယောက် သေဆုံးကာ ၁၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး ဒဏ်ရာရသူတွေကို မေမြို့ ဆေးရုံမှာ တင်ထားပါတယ်။

မင်းမင်းဦးဇာတ်အဖွဲ့ဟာ ပြဇာတ်မင်းသား မင်းမင်းထိုက် တည်ထောင်ထားတဲ့ ဇာတ်သဘင်လို့ သိရပြီး တစ်ချိန်က ဆလိုက်မင်းမင်းထိုက်လို့ လူသိများပါတယ်။

ကားမှောက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့ မင်းမင်းဦးဇာတ်သဘင် ကို ဖိုးချစ်တို့ကတဲ့ ဇာတ်သဘင်အဖွဲ့သူ အဖွဲ့သားအားလုံးက အောင်လံမှာ ကပြမယ့် ဒုတိယ ညကြေးကို မယူပဲ မင်းမင်းဦးအဖွဲ့ကို ကူညီလိုက်ပါတယ်။အဲ့ဒီနောက် အဖွဲ့သူအဖွဲ့သားများကို ကျေးဇူးတင်ကြောင်း နဲ့ ကားမှောက်သွားသော အဖွဲ့ကိုလည်း အထူးပင်ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ဖိုးချစ် ဇာတ်သဘင် Facebook media Page မှာ ဖော်ပြထားပါတယ်။

Credit to Original