သာမာန္ ေစ်းေရာင္းတဲ့ ဘဝကေန မင္းသမီး ျဖစ္လာတာပါ ဆိုတဲ့ ေအးျမတ္သူ

မိဘေတြက ရပ္ကြက္ထဲေစ်းေရာင္းရင္း အေျခခံ မိသားစုဘ၀ေလးကေန ၾကိဳးစားၿပီးျဖတ္သန္းလာခဲ႔ သူတစ္ေယာက္ျဖစ္လိုု႔ အခက္အခဲေတြ အမ်ားၾကိီး ႐ွိပါတယ္လို႔ သ႐ုပ္ေဆာင္ ေအးျမတ္သူ က MC သို႔ ေျပာခဲ႔ပါတယ္ ။

“ဒီေန႔ ဒီလို လုပ္ခြင္႔ရတယ္ဆိုတာ ဘ၀မွာၾကိဳးစားခဲ႔ရသလို အခက္အခဲေတြ အမ်ားၾကီး ႐ွိခဲ႔ရတယ္ ။

သာမာန္ ေစ်းေရာင္းၿပီး ရပ္တည္ရတဲ႔ မိသားစု ကေနၿပီးေတာ႔ ဆင္းသက္လာခဲ႔ရတယ္ ။ အခက္အခဲေတြ အမ်ားၾကီး ႐ွိခဲ႔တယ္။

တျဖည္းျဖည္း လုပ္လာခဲ႔တဲ႔ အရာေတြက ေအးျမတ္သူရဲ႔ ဘ၀မွာ ကံေကာင္းၿပီးေတာ႔ သာ မင္းသမီးျဖစ္တာ။ ပိုက္ဆံခ်မ္းသာလို႔ မင္းသမီးျဖစ္လာတာလည္း မဟုတ္ဘူး။

ေအးျမတ္သူဆီမွာ ပို္က္ဆံဆိုတာလည္း အရင္ကတည္းကေန အခုခ်ိန္အထိ ႐ွိတစ္လွည္႔ မ႐ွိတစ္လွည္႔ပဲ။ ေအးျမတ္သူျဖတ္သန္းလာတယ္ဆိုတာက ရပ္ကြက္ထဲမွာ ေနခဲ႔တယ္၊ ရပ္ကြက္ က ေက်ာင္းကိုတတ္ခဲ႔တယ္။ မိဘက ရပ္ကြက္ထဲမွာ ေစ်းေရာင္းတယ္။

အဲ႔လိုျဖည္းျဖည္းခ်င္း တတ္ခဲ႔ရတာျဖစ္တဲ႔အတြက္ အေျခခံလူတန္းစားဇာတ္ေကာင္ ကေတာ႕ ေအးျမတ္သူ အတြက္ အစစ္အမွန္ပါပဲ ” – ေအးျမတ္သူ

လတ္တေလာ အႏုပညာလွဳပ္႐ွားမွဳ အေနနဲ႔ မူးယစ္ေဆး၀ါးပညာေပး “တန္ဖိုး” ဇာတ္ကားကို ႐ိုက္ကူးေနတယ္လိုိ႔ သိရပါတယ္ ။

“ ေအးျမတ္သူ က မူးယစ္ေဆးေရာင္းတဲ႔ ေကာင္မေလး ။ အဲ႔အလုပ္ကို မလုပ္ခ်င္ေတာ႔လို႔ ဂုိဏ္းကေနၿပီးေတာ႔ ထြက္ေျပးလာတာေပါ႔ ။

အဲ႕တာေၾကာင္႔ ႏွဳတ္ပိတ္ဖို႔ အတြက္ လုပ္ေတာ႔ ထြက္ေျပးေနရတာ ။ ဒီဇာတ္ကားထဲမွာက မိဘမဲ႔ စိတ္ရင္းေတာ႔ ေကာင္းတယ္ ။

သူ႕ဘ၀ကေတာ႕ ခက္ခဲၾကမ္းတမ္းတယ္။ ေနာက္ေတာ႔အိမ္ေထာင္ျပဳမယ္႔အခ်ိန္မွာ မူးယစ္ေဆးေလာကထဲက ထြက္ဖို႕ၾကိဳးစားတယ္ ”လို႔ သူမကေျပာပါတယ္။

Creidt to MyanmarCelebrity #AyeMyatThu

Photo Credit to Actress Aye Myat Thu

Unicode

မိဘတွေက ရပ်ကွက်ထဲစျေးရောင်းရင်း အခြေခံ မိသားစုဘဝလေးကနေ ကြိုးစားပြီးဖြတ်သန်းလာခဲ့ သူတစ်ယောက်ဖြစ်လိုု့ အခက်အခဲတွေ အများကြိီး ရှိပါတယ်လို့ သရုပ်ဆောင် အေးမြတ်သူ က MC သို့ ပြောခဲ့ပါတယ် ။

“ဒီနေ့ ဒီလို လုပ်ခွင့်ရတယ်ဆိုတာ ဘဝမှာကြိုးစားခဲ့ရသလို အခက်အခဲတွေ အများကြီး ရှိခဲ့ရတယ် ။

သာမာန် စျေးရောင်းပြီး ရပ်တည်ရတဲ့ မိသားစု ကနေပြီးတော့ ဆင်းသက်လာခဲ့ရတယ် ။ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်။

တဖြည်းဖြည်း လုပ်လာခဲ့တဲ့ အရာတွေက အေးမြတ်သူရဲ့ ဘဝမှာ ကံကောင်းပြီးတော့ သာ မင်းသမီးဖြစ်တာ။ ပိုက်ဆံချမ်းသာလို့ မင်းသမီးဖြစ်လာတာလည်း မဟုတ်ဘူး။

အေးမြတ်သူဆီမှာ ပို်က်ဆံဆိုတာလည်း အရင်ကတည်းကနေ အခုချိန်အထိ ရှိတစ်လှည့် မရှိတစ်လှည့်ပဲ။ အေးမြတ်သူဖြတ်သန်းလာတယ်ဆိုတာက ရပ်ကွက်ထဲမှာ နေခဲ့တယ်၊ ရပ်ကွက် က ကျောင်းကိုတတ်ခဲ့တယ်။ မိဘက ရပ်ကွက်ထဲမှာ စျေးရောင်းတယ်။

အဲ့လိုဖြည်းဖြည်းချင်း တတ်ခဲ့ရတာဖြစ်တဲ့အတွက် အခြေခံလူတန်းစားဇာတ်ကောင် ကတော့ အေးမြတ်သူ အတွက် အစစ်အမှန်ပါပဲ ” – အေးမြတ်သူ

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ မူးယစ်ဆေးဝါးပညာပေး “တန်ဖိုး” ဇာတ်ကားကို ရိုက်ကူးနေတယ်လိို့ သိရပါတယ် ။

“ အေးမြတ်သူ က မူးယစ်ဆေးရောင်းတဲ့ ကောင်မလေး ။ အဲ့အလုပ်ကို မလုပ်ချင်တော့လို့ ဂိုဏ်းကနေပြီးတော့ ထွက်ပြေးလာတာပေါ့ ။

အဲ့တာကြောင့် နှုတ်ပိတ်ဖို့ အတွက် လုပ်တော့ ထွက်ပြေးနေရတာ ။ ဒီဇာတ်ကားထဲမှာက မိဘမဲ့ စိတ်ရင်းတော့ ကောင်းတယ် ။

သူ့ဘဝကတော့ ခက်ခဲကြမ်းတမ်းတယ်။ နောက်တော့အိမ်ထောင်ပြုမယ့်အချိန်မှာ မူးယစ်ဆေးလောကထဲက ထွက်ဖို့ကြိုးစားတယ် ”လို့ သူမကပြောပါတယ်။

Creidt to MyanmarCelebrity #AyeMyatThu

Photo Credit to Actress Aye Myat Thu