အကယ္ဒမီအတြက္ ရင္ခုန္ေနၾကသူေတြအတြက္ သတင္းေကာင္း ပါပဲဆုိတဲ့ ေဒၚဝါဝါဝင္းေရႊ

အကယ္ဒမီအတြက္ ရင္ခုန္ေနၾကသူေတြအတြက္ သတင္းေကာင္းေပါ့။

အကယ္ဒမီဆု ေရြးခ်ယ္ေရး အကဲျဖတ္အဖြဲ႕ ဥကၠ႒ျဖစ္တဲ့ ေဒၚဝါဝါဝင္းေရႊက အကယ္ဒမီနဲ႔ ပတ္သက္ၿပီး ပရိသတ္ဝမ္းသာရမယ့္ စကားတစ္ခြန္းကို Media ကို အခုလို ေျပာျပခဲ့ပါတယ္။

“၁၀၀ ရာခုိင္ႏႈန္း မျပည့္ေတာင္မွ ပရိသတ္နဲ႔ ထပ္တူထပ္မွ် ၇၅ ေလာက္ေတာ့ ျပည့္ၿပီးေတာ့ အားလံုး ဝမ္းသာၾကမွာပါ” လို႔ အကယ္ဒမီမ်ားရွင္ ေဒၚဝါဝါဝင္းေရႊက ေျပာပါတယ္။

တကယ့္ကို ေစတနာအရင္းခံနဲ႔ ရသင့္တဲ့အႏုပညာရွင္ေတြ မွန္မွန္ကန္ကန္ ရၾကပါေစဆုိတဲ့ ေစတနာနဲ႔ ပင္ပင္ပန္းပန္းနဲ႔ အကယ္ဒမီဆုအတြက္ အကဲျဖတ္ေပးေနတဲ့လို႔လည္း အန္တီဝါက ေျပာျပခဲ့ပါတယ္။ အကယ္ဒမီ အကဲျဖတ္ဖို႔အတြက္ တစ္ေန႔ကို ႐ုပ္ရွင္ ႏွစ္ကားႏႈန္းနဲ႔ ၾကည့္လာတာ ႏွစ္လရွိၿပီလို႔လည္း သိရပါတယ္။ ဇာတ္ကားတုိင္းကို ထပ္တလဲလဲလည္း ၾကည့္ရတယ္လို႔ ဆုိပါတယ္။

“ဇာတ္ကားေပါင္းမ်ားစြာ အန္တီဝါတုိ႔ၾကည့္ပါတယ္။ ၅၃ ကား။ အႏုပညာရွင္ပိုင္းေရာ အတတ္ပညာရွင္ပိုင္းေရာ အကုန္ၾကည့္ၾကတယ္။ ဒီႏွစ္ ကားေကာင္းေတြ အရမ္းမ်ားပါတယ္” လို႔လည္း အန္တီဝါက ဆုိပါတယ္။

အကယ္ဒမီေပးပြဲကို ၂၀၁၈ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ရွိ Myanmar Event Park မွာ က်င္းပမွာ ျဖစ္ၿပီး စုစုေပါင္း အကယ္ဒမီ ၁၂ ဆု ခ်ီးျမႇင့္မယ္လို႔ သိရပါတယ္။

ဆုအမည္ေတြကေတာ့ ၁။ ေတးဂီတဆု၊ ၂။ တည္းျဖတ္ဆု၊ ၃။ အသံဆု၊ ၄။ ဒါ႐ိုက္တာဆု၊ ၅။ မီးအလင္းအေမွာင္ဆု၊ ၆။ ဇာတ္ကားဆု၊ ၇။ ဇာတ္ညႊန္းဆု၊ ၈။ အမ်ဳိးသားဇာတ္ေဆာင္ဆု၊ ၉။ အမ်ဳိးသားဇာတ္ပို႔ဆု၊ ၁၀။ အမ်ဳိးသမီးဇာတ္ပို႔ဆု၊ ၁၁။ အမ်ဳိးသမီးဇာတ္ေဆာင္ဆု၊ ၁၂။ အထူးဆု တုိ႔ ျဖစ္ပါတယ္။

တစ္ႏွစ္တစ္ႀကိမ္ က်င္းပတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခၽြန္ဆု (အကယ္ဒမီ) ဆုေပးပြဲအခမ္းအနားကို ၁၉၅၂ ခုႏွစ္ကစၿပီး က်င္းပခဲ့တာ ျဖစ္ပါတယ္။ ထူးခၽြန္ဆုရရွိသူ တစ္ဦးခ်င္းကို အကယ္ဒမီ ေရႊစင္႐ုပ္တုနဲ႔ ေငြသားဆု ခ်ီးျမႇင့္ပါတယ္။

ေရႊစင္႐ုပ္တုရဲ႕ထိပ္မွာပါတဲ့ ၾကယ္ပြင့္ကို ယခင္ႏွစ္ေတြမွာ ေရႊသားစစ္စစ္ ၂ က်ပ္သားနဲ႔ ျပဳလုပ္ခဲ့တာျဖစ္ေပမဲ့ ဒီႏွစ္မွာေတာ့ ေရႊသား ၅ က်ပ္သားနဲ႔ ျပဳလုပ္ ခ်ီးျမႇင့္မယ္လုိ႔လည္း သိရပါတယ္။

ေနာက္ထပ္ ထူးျခားအစီအစဥ္သစ္တစ္ခုကေတာ့ တစ္သက္တာ ႐ုပ္ရွင္ထူးခၽြန္ဆု ခ်ီးျမႇင့္မယ့္ အစီအစဥ္ ျဖစ္ပါတယ္။ တစ္သက္တာ႐ုပ္ရွင္ထူးခၽြန္ဆု ရရွိသူက အကယ္ဒမီေရႊစင္႐ုပ္တုအျပင္ သက္ရွိထင္ရွားရွိေနစဥ္ ကာလတစ္ေလွ်ာက္မွာ လစဥ္ခ်ီးျမွင့္ေငြ က်ပ္(၅)သိန္း ပါ ခ်ီးျမွင့္သြားမွာ ျဖစ္တယ္လို႕ ႐ုပ္ရွင္အစည္းအ႐ံုး ဥကၠဌ ဦးဇင္ဝိုင္းက ေျပာပါတယ္။

ရုပ္ရွင္မင္းသားႀကီး ဦးညႊန္႕ဝင္းက လက္ရွိအခ်ိန္ထိ အကယ္ဒမီဆု (၇)ဆုနဲ႔ အကယ္ဒမီ အမ်ားဆံုးဆုရွင္ မင္းသားႀကီး ျဖစ္ပါတယ္။ ဒါရိုက္တာ ဦးသုခ၊ သရုပ္ေဆာင္ ရန္ေအာင္၊ ဦးသန္းညႊန္႕တို႕က အကယ္ဒမီဆု(၆)ဆုရရွိထားၿပီး ျမင့္ျမင့္ခင္၊ ေမာင္တင္ဦး၊ ေက်ာ္ဟိန္း၊ မို႕မို႕ျမင့္ေအာင္၊ ၾကည္စိုးထြန္းနဲ႕ ေမသန္းႏုတို႕ကေတာ့ အကယ္ဒမီ (၅)ဆုစီ ရရွိထားၾကတယ္လို႕ သိရပါတယ္။

FROM@duwun

Unicode

အကယ်ဒမီအတွက် ရင်ခုန်နေကြသူတွေအတွက် သတင်းကောင်းပေါ့။

အကယ်ဒမီဆု ရွေးချယ်ရေး အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်ဝါဝါဝင်းရွှေက အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်ဝမ်းသာရမယ့် စကားတစ်ခွန်းကို Media ကို အခုလို ပြောပြခဲ့ပါတယ်။

“၁၀၀ ရာခိုင်နှုန်း မပြည့်တောင်မှ ပရိသတ်နဲ့ ထပ်တူထပ်မျှ ၇၅ လောက်တော့ ပြည့်ပြီးတော့ အားလုံး ဝမ်းသာကြမှာပါ” လို့ အကယ်ဒမီများရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောပါတယ်။

တကယ့်ကို စေတနာအရင်းခံနဲ့ ရသင့်တဲ့အနုပညာရှင်တွေ မှန်မှန်ကန်ကန် ရကြပါစေဆိုတဲ့ စေတနာနဲ့ ပင်ပင်ပန်းပန်းနဲ့ အကယ်ဒမီဆုအတွက် အကဲဖြတ်ပေးနေတဲ့လို့လည်း အန်တီဝါက ပြောပြခဲ့ပါတယ်။ အကယ်ဒမီ အကဲဖြတ်ဖို့အတွက် တစ်နေ့ကို ရုပ်ရှင် နှစ်ကားနှုန်းနဲ့ ကြည့်လာတာ နှစ်လရှိပြီလို့လည်း သိရပါတယ်။ ဇာတ်ကားတိုင်းကို ထပ်တလဲလဲလည်း ကြည့်ရတယ်လို့ ဆိုပါတယ်။

“ဇာတ်ကားပေါင်းများစွာ အန်တီဝါတို့ကြည့်ပါတယ်။ ၅၃ ကား။ အနုပညာရှင်ပိုင်းရော အတတ်ပညာရှင်ပိုင်းရော အကုန်ကြည့်ကြတယ်။ ဒီနှစ် ကားကောင်းတွေ အရမ်းများပါတယ်” လို့လည်း အန်တီဝါက ဆိုပါတယ်။

အကယ်ဒမီပေးပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Myanmar Event Park မှာ ကျင်းပမှာ ဖြစ်ပြီး စုစုပေါင်း အကယ်ဒမီ ၁၂ ဆု ချီးမြှင့်မယ်လို့ သိရပါတယ်။

ဆုအမည်တွေကတော့ ၁။ တေးဂီတဆု၊ ၂။ တည်းဖြတ်ဆု၊ ၃။ အသံဆု၊ ၄။ ဒါရိုက်တာဆု၊ ၅။ မီးအလင်းအမှောင်ဆု၊ ၆။ ဇာတ်ကားဆု၊ ၇။ ဇာတ်ညွှန်းဆု၊ ၈။ အမျိုးသားဇာတ်ဆောင်ဆု၊ ၉။ အမျိုးသားဇာတ်ပို့ဆု၊ ၁၀။ အမျိုးသမီးဇာတ်ပို့ဆု၊ ၁၁။ အမျိုးသမီးဇာတ်ဆောင်ဆု၊ ၁၂။ အထူးဆု တို့ ဖြစ်ပါတယ်။

တစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ဆုပေးပွဲအခမ်းအနားကို ၁၉၅၂ ခုနှစ်ကစပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ဆုရရှိသူ တစ်ဦးချင်းကို အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ ငွေသားဆု ချီးမြှင့်ပါတယ်။

ရွှေစင်ရုပ်တုရဲ့ထိပ်မှာပါတဲ့ ကြယ်ပွင့်ကို ယခင်နှစ်တွေမှာ ရွှေသားစစ်စစ် ၂ ကျပ်သားနဲ့ ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ရွှေသား ၅ ကျပ်သားနဲ့ ပြုလုပ် ချီးမြှင့်မယ်လို့လည်း သိရပါတယ်။

နောက်ထပ် ထူးခြားအစီအစဉ်သစ်တစ်ခုကတော့ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်မယ့် အစီအစဉ် ဖြစ်ပါတယ်။ တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ရရှိသူက အကယ်ဒမီရွှေစင်ရုပ်တုအပြင် သက်ရှိထင်ရှားရှိနေစဉ် ကာလတစ်လျှောက်မှာ လစဉ်ချီးမြှင့်ငွေ ကျပ်(၅)သိန်း ပါ ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းက ပြောပါတယ်။

ရုပ်ရှင်မင်းသားကြီး ဦးညွှန့်ဝင်းက လက်ရှိအချိန်ထိ အကယ်ဒမီဆု (၇)ဆုနဲ့ အကယ်ဒမီ အများဆုံးဆုရှင် မင်းသားကြီး ဖြစ်ပါတယ်။ ဒါရိုက်တာ ဦးသုခ၊ သရုပ်ဆောင် ရန်အောင်၊ ဦးသန်းညွှန့်တို့က အကယ်ဒမီဆု(၆)ဆုရရှိထားပြီး မြင့်မြင့်ခင်၊ မောင်တင်ဦး၊ ကျော်ဟိန်း၊ မို့မို့မြင့်အောင်၊ ကြည်စိုးထွန်းနဲ့ မေသန်းနုတို့ကတော့ အကယ်ဒမီ (၅)ဆုစီ ရရှိထားကြတယ်လို့ သိရပါတယ်။

FROM@duwun