ရွက္တတ္ရင္ ဒီစာကို လံုး၀ မဖတ္လုိက္ပါနဲ႔..။ မရွက္တတ္မွ ပံုကိုႏွိပ္ၿပီး စာကို ဆက္ဖတ္ပါ

အေနာက္ႏိုင္ငံေတြကFacebook ဆိုတာကို ထြင္ေပးလိုက္တယ္ဖုန္းဆိုတာကို ထြင္ေပးလိုက္တယ္…

ဒါေပမဲ့ သူတို႔ဆီမွာ ဒီေန႔အထိ စာအုပ္ဆိုင္ေတြ ရာင္းေကာင္းတုန္းပဲ .. စာအုပ္စာေပကို ဖတ္ေကာင္းတုန္းပဲ ….

စာအုပ္တိုက္ေတြ အလုပ္ျဖစ္တုန္းပဲ … စာေရးဆရာေတြ အာင္ျမင္တုန္းပဲ…

ကိုယ္ေတြဆီမွာေတာ့ စာအုပ္ဆိုင္ဆိုတာ အၿငိမ္းစားနဲ႔ ႏိုင္ငံျခားသားေလာက္လာၾကတယ္ ။

စာၾကည့္တိုက္ဆိုတာ သရဲေျခာက္မွာေတာင္ေၾကာက္ရတယ္ ။

ရပ္ကြက္ထဲက စာအုပ္အငွားဆိုင္ေလးေတြ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ ျဖစ္ကုန္တယ္ ။

စာေပထုတ္ေဝေရးေတြ တြက္ေျခမကိုက္လို႔ ပိတ္သိမ္းကုန္ၾကတယ္ ။

စာေရးဆရာေတြမွာ နာမည္သာရွိတယ္ ။ ခ်မ္းသာဖို႔ေဝးစြ ခ်ာင္လည္ဖို႔ေတာင္ အႏိုင္ႏိုင္…

တခ်ိဳ႕ေသာ လူငယ္ဆိုသူေတြကိုၾကည့္လိုက္ပါ ။

တစ္ေန႔တစ္ေန႔ ဖုန္းကို လက္ညႈိးနဲ႔ ပြတ္လိုက္ လက္မနဲ႔ဖိလိုက္၊ ပြတ္ဆြဲလိုက္၊ ႏွိပ္ထည့္လိုက္ ။

အလုပ္မွာလည္း ဒါပဲ စာသင္ခန္းထဲလည္း ဒါပဲ ။ ဘတ္စ္ကားေပၚလည္း ဒါပဲ ။

အိပ္ယာေပၚလည္း ဒါပဲ ။ ေခ်းပါလည္း ဒါပဲ ။ ေသးေပါက္လည္း ဒါပဲ ။

မိုးလင္းလည္း ဒါပဲ မိုးခ်ဳပ္လည္း ဒါပဲ… အတိုင္းအဆ မရွိ ။

သတ္မွတ္ခ်က္ မရွိ ။ ကန္႔သတ္ခ်က္ မရွိ ။ ဒါပဲ လုပ္ေနၾကေတာ့တာ…

ဒါႀကီးၾကည့္ၿပီး ျပံဳးလိုက္ ။ ဒါႀကီးၾကည့္ၿပီး ရယ္လိုက္ ။ မဲ့လိုက္၊ ဆဲလိုက္ ။

ဟင္ကနဲျဖစ္သြားလိုက္ ဟာကနဲျဖစ္သြားလိုက္ ။ ဘုရားတလိုက္ နဖူး႐ိုက္လိုက္နဲ႔…

အြန္လိုင္းသံုးၿပီး စာဖတ္တယ္ ။ အက်ိဳးရွိတာ လ့လာတယ္ဆိုသူေတြက တာ္ေတာ့ကိုရွားလာပါတယ္…

မနက္ကၾကည့္ရတဲ့ဗီဒီယိုေလး ဘာတဲ့ မၾကည့္ရေသးရင္ က်ေနာ့္ wall မွာ ရွိေသးတယ္ ။

သြားၾကည့္ၾက အင္တာဗ်ဴးေမးတာ အူေၾကာင္ေၾကာင္နဲ႔ ဘာမွမသိၾကဘူး ။

ဘယ္သိမလဲ စာမွမဖတ္ၾကေတာ့တာ ။ အားေန ဒါပဲပြတ္ေနၾကတာေလ… ။

ျမန္မာသကၠရာဇ္မသိ ျမန္မာဒုသမၼတမသိ ျမန္မာ့လူဦးေရမသိ ။ ဒီေလာက္အေျခခံေတာင္ မသိမွေတာ့ေသခ်ာတယ္…

သိပၸံေမာင္ဝ မသိ ၊ မင္းသုဝဏ္ မသိ ၊ ။

ေရႊဥေဒါင္း မသိ ၊ တကၠသိုလ္ဘုန္းႏိုင္ မသိ ၊ မသန္းတင့္ မသိ ၊ေဇာ္ဂ်ီ မသိ ၊ ခ်စ္ဦးညိဳ မသိ ၊ ေအာင္သင္း မသိ ၊ မင္းလူ မသိ ၊ နီကိုရဲ မသိအီၾကာေကြး မသိ ၊ ဆင္ျဖဴကၽြန္းေအာင္သိန္း မသိ…

အေမရိကန္ျပည္တြင္းစစ္ မသိ …. စစ္ေအးတိုက္ပြဲ မသိ …. အာရပ္ေႏြဦး မသိ …

ပင္လယ္ေကြ႕စစ္ပြဲ မသိ ….ကိုရီးယားကၽြန္းဆြယ္စစ္ပြဲ မသိ… ..ငါးရာ့ငါးဆယ္ မသိ ….

သံုးဆယ့္ရွစ္ျဖာ မသိ ..မဟာဗုဒၶဝင္ မသိ ….ဇာတ္ႀကီးဆယ္ဘြဲ႕ မသိ…

ASEAN မသိ …. UNDP မသိ….UNICEF မသိ….NATO မသိ …OPEC မသိ …. G 20 မသိ ….UNDP မသိ…

ဘယ္သိမလဲဗ်ာ စာမွမဖတ္ၾကေတာ့တာ ၊ ပာျပန္ရင္လည္း ပာတဲ့သူ အလြန္ ။

ဉာဏ္ပညာနဲ႔ ႏွလံုးသားစြမ္းရည္ဆိုတာ တကၠသိုလ္တက္႐ံု ဘြဲ႕ရ႐ံု တစ္ႏွစ္ တစ္တန္းေအာင္႐ံုနဲ႔ မရဘူးဗ် ။

စာအုပ္စာေပပါ ဖတ္မွရတာ… ဟိုဟာေမးလည္း မသိ ဒီဟာေမးလည္း မသိဆိုမွေတာ့ ေသခ်ာတယ္ သူတို႔ဟာ မွန္သလား မွားသလား မသိ ။

တရားသလား မတရားသလား မသိ ။ သာသလား နာသလား မသိ ။ ထူသလား ပါးသလား မသိ ။

ခ်ိဳသလား ခါးသလား မသိ ။ သင့္သလား မသင့္သလား မသိ ။ ေတာ္သလား ညံ့သလား မသိ ။

မသိ မသိ မသိ ….ဘာဆိုဘာမွ မသိ… အင္းးး ….

ဒီေလာက္ေတာင္ မသိမွေတာ့ ဒီမိုး ဒီေလ ဒီလူေတြနဲ႔ ဒီခရီးကို ဘယ္လိုလုပ္ၿပီး ဆက္ၾကမလဲဆိုတာ ကိုယ္ေတြလည္း မသိငတ္ၾက…။

Credit to စိုးစိုး

Unicode

အနောက်နိုင်ငံတွေကFacebook ဆိုတာကို ထွင်ပေးလိုက်တယ်ဖုန်းဆိုတာကို ထွင်ပေးလိုက်တယ်…

ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ စာအုပ်ဆိုင်တွေ ရာင်းကောင်းတုန်းပဲ .. စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ ….

စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ … စာရေးဆရာတွေ အာင်မြင်တုန်းပဲ…

ကိုယ်တွေဆီမှာတော့ စာအုပ်ဆိုင်ဆိုတာ အငြိမ်းစားနဲ့ နိုင်ငံခြားသားလောက်လာကြတယ် ။

စာကြည့်တိုက်ဆိုတာ သရဲခြောက်မှာတောင်ကြောက်ရတယ် ။

ရပ်ကွက်ထဲက စာအုပ်အငှားဆိုင်လေးတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ် ။

စာပေထုတ်ဝေရေးတွေ တွက်ခြေမကိုက်လို့ ပိတ်သိမ်းကုန်ကြတယ် ။

စာရေးဆရာတွေမှာ နာမည်သာရှိတယ် ။ ချမ်းသာဖို့ဝေးစွ ချာင်လည်ဖို့တောင် အနိုင်နိုင်…

တချို့သော လူငယ်ဆိုသူတွေကိုကြည့်လိုက်ပါ ။

တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက် လက်မနဲ့ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက် ။

အလုပ်မှာလည်း ဒါပဲ စာသင်ခန်းထဲလည်း ဒါပဲ ။ ဘတ်စ်ကားပေါ်လည်း ဒါပဲ ။

အိပ်ယာပေါ်လည်း ဒါပဲ ။ ချေးပါလည်း ဒါပဲ ။ သေးပေါက်လည်း ဒါပဲ ။

မိုးလင်းလည်း ဒါပဲ မိုးချုပ်လည်း ဒါပဲ… အတိုင်းအဆ မရှိ ။

သတ်မှတ်ချက် မရှိ ။ ကန့်သတ်ချက် မရှိ ။ ဒါပဲ လုပ်နေကြတော့တာ…

ဒါကြီးကြည့်ပြီး ပြုံးလိုက် ။ ဒါကြီးကြည့်ပြီး ရယ်လိုက် ။ မဲ့လိုက်၊ ဆဲလိုက် ။

ဟင်ကနဲဖြစ်သွားလိုက် ဟာကနဲဖြစ်သွားလိုက် ။ ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့…

အွန်လိုင်းသုံးပြီး စာဖတ်တယ် ။ အကျိုးရှိတာ လ့လာတယ်ဆိုသူတွေက တာ်တော့ကိုရှားလာပါတယ်…

မနက်ကကြည့်ရတဲ့ဗီဒီယိုလေး ဘာတဲ့ မကြည့်ရသေးရင် ကျနော့် wall မှာ ရှိသေးတယ် ။

သွားကြည့်ကြ အင်တာဗျူးမေးတာ အူကြောင်ကြောင်နဲ့ ဘာမှမသိကြဘူး ။

ဘယ်သိမလဲ စာမှမဖတ်ကြတော့တာ ။ အားနေ ဒါပဲပွတ်နေကြတာလေ… ။

မြန်မာသက္ကရာဇ်မသိ မြန်မာဒုသမ္မတမသိ မြန်မာ့လူဦးရေမသိ ။ ဒီလောက်အခြေခံတောင် မသိမှတော့သေချာတယ်…

သိပ္ပံမောင်ဝ မသိ ၊ မင်းသုဝဏ် မသိ ၊ ။

ရွှေဥဒေါင်း မသိ ၊ တက္ကသိုလ်ဘုန်းနိုင် မသိ ၊ မသန်းတင့် မသိ ၊ဇော်ဂျီ မသိ ၊ ချစ်ဦးညို မသိ ၊ အောင်သင်း မသိ ၊ မင်းလူ မသိ ၊ နီကိုရဲ မသိအီကြာကွေး မသိ ၊ ဆင်ဖြူကျွန်းအောင်သိန်း မသိ…

အမေရိကန်ပြည်တွင်းစစ် မသိ …. စစ်အေးတိုက်ပွဲ မသိ …. အာရပ်နွေဦး မသိ …

ပင်လယ်ကွေ့စစ်ပွဲ မသိ ….ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ… ..ငါးရာ့ငါးဆယ် မသိ ….

သုံးဆယ့်ရှစ်ဖြာ မသိ ..မဟာဗုဒ္ဓဝင် မသိ ….ဇာတ်ကြီးဆယ်ဘွဲ့ မသိ…

ASEAN မသိ …. UNDP မသိ….UNICEF မသိ….NATO မသိ …OPEC မသိ …. G 20 မသိ ….UNDP မသိ…

ဘယ်သိမလဲဗျာ စာမှမဖတ်ကြတော့တာ ၊ ပာပြန်ရင်လည်း ပာတဲ့သူ အလွန် ။

ဉာဏ်ပညာနဲ့ နှလုံးသားစွမ်းရည်ဆိုတာ တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးဗျ ။

စာအုပ်စာပေပါ ဖတ်မှရတာ… ဟိုဟာမေးလည်း မသိ ဒီဟာမေးလည်း မသိဆိုမှတော့ သေချာတယ် သူတို့ဟာ မှန်သလား မှားသလား မသိ ။

တရားသလား မတရားသလား မသိ ။ သာသလား နာသလား မသိ ။ ထူသလား ပါးသလား မသိ ။

ချိုသလား ခါးသလား မသိ ။ သင့်သလား မသင့်သလား မသိ ။ တော်သလား ညံ့သလား မသိ ။

မသိ မသိ မသိ ….ဘာဆိုဘာမှ မသိ… အင်းးး ….

ဒီလောက်တောင် မသိမှတော့ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီခရီးကို ဘယ်လိုလုပ်ပြီး ဆက်ကြမလဲဆိုတာ ကိုယ်တွေလည်း မသိငတ်ကြ…။

Credit to စိုးစိုး