






















Unicode

ကမ္ဘာပေါ်က အချမ်းသာဆုံး ရက်ပါ များ

၂၀၁၆ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်မှာ ရက်ပ်အဆိုတော်တွေ အများကြီးရှိပါတယ်။သူတို့ဟာ ကျိကျိတက်ချမ်းသာသူတွေမဟုတ်ကြပါဘူး။ဝါသနာအရ အနုပညာလမ်းကြောင်းပေါ် လျှောက်လာရင်း ချမ်းသာလာတဲ့ အဆိုတော်တွေ ရှိသလို ဆင်းဆင်းရဲရဲနဲ့ သေသွားရတဲံ အနုပညာရှင်ကြီးတွေလဲရှိပါတယ်။သူတို့ထဲကမှာ အချမ်းသာဆုံး ရက်ပ် အဆိုတော်တွေကို ဖော်ပြပေးလိုက်ပါတယ်။

10.Snoop Dogg (Net Worth: $135 million)

Snoop Dogg ကမ္ဘာကို လွှမ်းမိုးနိုင်တဲံ ရက်ပ်ပါထဲကမှ ချမ်းသာသူတဦးလဲ ဖြစ်နေပြန်ပါတယ်။သူ့ရဲ့ တင်ဆက်ဖျော်ဖြေမှုတွေက ပရိသတ်ကို ညွှတ်စေတာဖြစ်ပါတယ်။သူဟာ 135 သန်း ပိုင်ဆိုင်ထားတဲံ အဆိုတော်ဖြစ်ပါတယ်။

9.Lil Wayne (Net Worth: $135 million)

Lil Wayne ဟာ ဂီတသက်တမ်းနုပေမယ့် သူ့ရဲ့ တိုးတက်လာတဲ့ စွမ်းရည်က သူ့ကို အောင်မြင်မှုရစေတာဖြစ်ပါတယ်။သူ့ရဲ့ တီးလုံးနဲ့ ဆိုပေါက်တွေကို ပရိသတ်က ကြိုက်နှစ်သက်တာဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုကလည်း ဒေါ်လာ 135 သန်းဖြစ်ပါတယ်။

8.Ice Cube (Net Worth: $140 million)

Ice Cube သူရဲ့ Rap Skill တွေကြောင့် နာမည်ကြီးတဦးဖြစ်လာပြီး Cele မဂ္ဂဇင်းမှာ နေရာယူနိုင်လာတာဖြစ်ပါတယ်။သူ့ကို Rap မြတ်နိုးသူတိုင်းနီးပါးကြိုက်ကြတာဖြစ်ပြီး သူ့ပိုင်ဆိုင်မှုက ဒေါ်လာ သန်း 140 ရှိပါတယ်။

7.Eminem (Net Worth: $160 million)

Eminem ကတော့ လူကြိုက်များတဲ့ Rapper တဦးဖြစ်ပြီး သူ့ရဲ့ အောင်မြင်မှုဟာ ကြောက်မက်ဖွယ်ပါပဲ။သူ့သီးချင်းတိုင်းနီးပါး ထွက်သမျှပေါက်ခဲ့ပြီး ပရိသတ် အသဲခိုက်သူဖြစ်ပါတယ်။သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 160 ရှိတာဖြစ်ပါတယ်။

6.Birdman (Net Worth: $170 million)

Birdman သူ့ရဲ့ ရက်ပ်ဂီတထုတ်လုပ်ရေးက အမြတ်ငွေအမြဲရသလို သူ့အယ်လ်ဘမ်က ပလက်တီနမ်အဆင့် ဝင်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ သန်း 170 ရှိတာဖြစ်ပါတယ်။

5.50 Cent (Net Worth: $270 million)

50 Cent က အမေရိကန်ရဲ့ ကနဦးပိုင်းလောက်ကို မှီတဲံ ရက်ပ်ပါတဦးဖြစ်ပြီး သူဟာ ထုတ်လုပ်ရေးနဲ့ အဆိုတော် လုပ်သူဖြစ်ပါတယ်။သူ့သီချင်းတွေဟာ အောင်ုမင်မှု ကြိါ်ာကီးမားမားရခဲ့တာဖြစ်ပြီး သူ့ရဲ့ ပိုင်ဆိုင်မှုက သန်း 270 ရှိတာဖြစ်ပါတယ်။

4.Master P (Net Worth: $350 million)

Master P သူ့ရဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ စတိုင်ကြောင့်နဲ့ သူ့ရဲ့ ရက်ပ် ရွတ်တဲ့ စွမ်းရည်ကြောင့် နာမည်ကြီးခဲ့ဖူးသလို သူ့ရဲ့ တီးလုံးတွေက ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 350 ရှိတာဖြစ်ပါတယ်။

3.Jay-Z (Net Worth: $550 million)

Jay-Z ကိုတော့ ရက်ပ်ချစ်သူတိုင်း သိကြတာဖြစ်ပြီး သူ့ရဲ့ သီးချင်းနဲ့ သံစဉ်တွေဟာ ပရိသတ်ရင်ထဲ ရောက်ရှိခဲ့တာဖြစ်ပါတယ်။သူဟာ တခြားစီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေလည်း ရှိပြီး သူ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 550 ရှိတာဖြစ်ပါတယ်။

2.Diddy (Net Worth: $700 million)

Diddy သူ့ရဲ့ အကောင်းစားဖျော်ဖြေမှုတွေကို ကမ္ဘာပတ်ပြီး တင်ဆက်ခဲ့ရတာဖြစ်ပြီး သူဟာ သီးချင်းဆို စွမ်းရည်လဲ ပြည့်ဝသူတစ်ဦးဖြစ်ပါတယ်။သူရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 700 ရှိတာဖြစ်ပါတယ်။

1.Dr. Dre (Net Worth: $700 million)

 

Dr. Dre ဟာ သူ့ရဲ့ စတိတ်နာမည်ဖြစ်ပြီး သူဟာ မြူးဇစ်နဲ့ ပတ်သက်တဲ့ ကိရိယာတွေကို ထုပ်လုပ်တာဖြစ်ပါတယ်။အရင်ကတော့ အတီးသမား အဆိုသမားဖြစ်ပြီး ယခုတော့ သူ့ရဲ့ အီလက်ထရောနစ် မြူးဇစ်ပစ္စည်းကုမ္မဏီဟာ Apple ပြီးရင် ဥရောပမှာ ရောင်းအားအကောင်းဆုံးဖြစ်ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း 700 ရှိတာဖြစ်ပါတယ်။