ကမာၻၾကီးက အံ့ခ်ီးဖြယ္ရာေတြနဲ့ျပည့္ေနေၾကာင္း သက္ေသျပေနတဲ့အခ်က္မ်ား

သိပၸံပညာဟာ ကမာၻအနွံ့ အသစ္အသစ္ေတြစူးစမ္းေနဖို့ မရပ္တန့္သလို မထင္မွတ္မေမ်ွာ္လင့္ထားတဲ့ ရွာေဖြေတြ့ရွိမွဳေတြနဲ့ အားလံုးကို အံ့ၾသတုန္လွဳပ္ေစဖို့လည္း အျမဲအသင့္ျဖစ္ေနတတ္ပါတယ္။ဒီတစ္ခါမွာေတာ့ နယ္ပယ္စံုက စိတ္ဝင္စားဖြယ္အေကာင္းဆံုးအခ်က္အခ်ိဳ့ကို စုစည္းေဖာ္ျပေပးလိုက္ပါတယ္။   ။

1.ေဝလငါးေတြရဲ့အသံ

ကယ္လီဖိုးနီးယားတကၠသိုလ္က သုေတသနပညာရွင္ေတြရဲ့ လူရဲ့အသံလွဳိင္းကစလို့မိုးၾကိဳးသံထိ အသံအမ်ိဳးမ်ိဳးကိုခဲြျခမ္းစိတ္ျဖာ သုေတသနျပဳလုပ္ခ်က္အရ ေဝလငါးေတြရဲ့အသံဟာ jazzဂီတအသံနဲ့တူပါတယ္တဲ့။

2.မိန္းကေလးေတြရဲ့ဆဲြေဆာင္မွဳအရွိဆံုးခႏၶာကိုယ္အစိတ္အပိုင္း

ဥေရာပသိပၸံပညာရွင္အုပ္စုရဲ့ေလ့လာေဖာ္ထုတ္ခ်က္အရေတာ့ မိန္းကေလးတစ္ေယာက္ရဲ့ တစ္ဖက္သားကိုဆဲြငင္နိုင္မွဳစြမ္းအားဟာ သူမေက်ာ(အတြင္းကို)ဘယ္ေလာက္ထိေကာ့နိုင္သလဲဆိုတာေပၚမူတည္ပါတယ္တဲ့။ေလ့လာစမ္းသပ္ခ်က္ေတြျပဳလုပ္ေနစဥ္မွာ အဆိုပါသိပၸံပညာရွင္ေတြဟာ ေယာက်ၤားေလးပရိသတ္အား မိန္းမခႏၶာကိုယ္3Dmodelေတြကို ျပသခဲ့ျပီး ထိုmodelေတြနဲ့ပတ္သက္ျပီး သူတို့ရဲ့မ်က္လံုးအသြားအလာ၊အမူအရာေတြေပၚ ေသခ်ာဂရုတစိုက္ေစာင့္ၾကည့္ရင္း အကဲျဖတ္မွတ္တမ္းယူခဲ့တာျဖစ္ပါတယ္။

3.နာနီ(ကေလးထိန္း)ငွက္

လူေတြမွာပဲ ကေလးထိန္းရွိတာမဟုတ္ပါဘူး။သိပၸံပညာရွင္ေတြရဲ့ ထပ္မံေဖာ္ထုတ္ေတြ့ရွိခ်က္အရ ငွက္ေတြမွာလည္း ကေလးထိန္းရွိပါတယ္တဲ့။ငွက္မ်ိဳးစိတ္တစ္မ်ိဳးဟာ သူမ်ားအသိုက္ထဲက ငွက္ကေလးေတြကို ကိုယ္စားထိန္းေပးေလ့ရွိျပီး အေၾကာင္းရင္းက တစ္ေန့သူတို့ေလးေတြအရြယ္ေရာက္၊ကိုယ္စြမ္းရွိလာတဲ့အခါမ်ိဳးမွာ အသိုက္ေဟာင္းကိုစြန့္ခြာျပီး နားခိုရာအသစ္ကိုရွာေဖြေလ့ရွိတဲ့သေဘာသဘာဝအရ က်န္ရွိေနတဲ့အသိုက္ေဟာင္းကို အေမြခံပိုင္ဆိုင္ခ်င္လို့ပါ။ဒီလိုပံုစံအရသာဆို ငွက္ေတြကပါ စီးပြားေရးဆန္ေနတတ္တယ္ေရာ္ :3

4.ငါးေတြမွာလည္း စိတ္ခံစားမွဳရွိတယ္…

နိုင္ငံတကာဆိုင္ရာသိပၸံပညာရွင္မ်ားရဲ့ ေလ့လာေဖာ္ထုတ္ခ်က္အရ ငါးေတြဟာ သူတို့ပတ္ဝန္းက်င္အေျခအေနအခ်ိဳ့ေပၚမူတည္ျပီး တံု့ျပန္နိုင္စြမ္းရွိပါတယ္တဲ့။စမ္းသပ္ခ်က္လုပ္ေဆာင္ေနစဥ္အတြင္းမွာ သိပၸံပညာရွင္ေတြဟာ ငါးေတြကိုစိတ္ဖိစီးေစတဲ့အခ်က္အခ်ိဳ့ကိုေဖာ္ထုတ္နိုင္ခဲ့တဲ့အျပင္ ဟိုမုန္းနွဳန္းကိုလည္းတိုင္းထြာခဲ့ပါတယ္။

5.လူရဲ့တံေထြး

လူရဲ့တံေထြးဟာ ဒဏ္ရာေတြကိုအက်က္ျမန္ေစတယ္ဆိုတာေတာ့ အားလံုးသိျပီးသားျဖစ္သလို ခ်ီလီယံသိပၸံပညာရွင္ေတြကလည္း ထပ္မံေဖာ္ထုတ္ခဲ့ပါတယ္။အေၾကာင္းက တံေထြးမွာပါဝင္တဲ့ peptide histatin_1ေၾကာင့္ျဖစ္ျပီး မၾကာခင္မွာ ၄င္းကိုေဆးေတြမွာပါ ထည့္သြင္းေဖာ္စပ္အသံုးျပဳဖို့ ၾကိဳးစားေနေၾကာင္း သိရပါတယ္။

6.အပင္ေတြမွာလည္း ခံစားခ်က္ရွိတယ္…

ဥေရာပသိပၸံပညာရွင္ေတြကေတာ့ သစ္ပင္ေတြဟာလည္း ခံစားနားလည္တတ္သလို သူတို့ဟာတိရစာၦန္ေတြရဲ့တံေထြးေတြကို ေၾကာက္ပါတယ္တဲ့။

7.ဦးေနွာက္လြွမ္းမိုးမွဳအပိုင္း

ဒီစမ္းသပ္ခ်က္ေလးကေတာ့ သင့္ရဲ့ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြမွာ ဦးေနွာက္ရဲ့ဘယ္အျခမ္းဘက္က ပိုလြွမ္းမိုးမွဳရွိေနသလဲဆိုတာ စမ္းသပ္ၾကည့္ဖို့ျဖစ္ပါတယ္။ကဲ လက္နွစ္ဖက္စလံုးကိုစုစည္းျပီး ဘယ္အျခမ္းဘက္ကလြမ္းမိုးမွဳပိုရွိသလဲ စမ္းၾကည့္ရေအာင္။သင့္ရဲ့လက္ထိပ္ေပၚတင္ေနက် လက္ေခ်ာင္းေပၚမူတည္ျပီး ဆံုးျဖတ္ရမွာျဖစ္ပါတယ္။တကယ္လို့ ထိပ္မွာညာလက္ေခ်ာင္းတင္ေနရင္ေတာ့ သင့္ခႏၶာကိုယ္လွဳပ္ရွားမွဳမွာ ဦးေနွာက္ညာဘက္အျခမ္းကပိုလြွမ္းမိုးမွဳရွိျပီး ဘယ္ဆိုရင္ေတာ့ ဘယ္ဘက္ကပိုလြွမ္းမိုးမွဳရွိပါတယ္။(ဘယ္သန္လို့မဆိုလိုပါ) ညာဘက္ျခမ္းလြွမ္းမိုးမွဳမ်ားတဲ့သူေတြကေတာ့ စိတ္ခံစားခ်က္၊အိပ္မက္၊စိတ္ကူးစိတ္သန္းေတြနဲ့အျမဲဖ်တ္လတ္ေနသူ၊ဆံုးျဖတ္ခ်က္ျပတ္သားသူေတြျဖစ္ျပီး ဘယ္ဘက္ျခမ္းလြွမ္းမိုးမွဳမ်ားသူေတြကေတာ့ ခ်က္က်လက္က်ေတြးေခၚဆန္းစစ္တတ္သူ၊အခ်က္အလက္၊နာမည္နဲ့ေန့စဲြေတြကို အလြယ္တကူမွတ္နိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။ဒါေပမယ့္ 1%ေသာသူေတြကေတာ့ ပံုပါအတိုင္း လက္ေခ်ာင္းကိုအျပိဳင္ထားျပီး စုစည္းတတ္ၾကပါတယ္။သိပၸံပညာရွင္ေတြရဲ့အဆိုအရ သူတို့မွာေတာ့ ဘယ္အျခမ္းဘက္ကမွ ပိုလြွမ္းမိုးမွဳမရွိသလို နွစ္ဖက္စလံုး သာတူညီမ်ွအေနအထားမွာပဲျဖစ္ပါတယ္။ထို့အျပင္ ဘယ္ေရာ၊ညာပါ အလြယ္တကူအသံုးျပဳနိုင္ျပီး ကိစၥတစ္ခုခုကို အျမန္ဆံုးဆန္းစစ္ဆံုးျဖတ္ခ်က္ခ်နိင္သူေတြျဖစ္ပါတယ္။

Unicode

သိပ္ပံပညာဟာ ကမ္ဘာအနှံ့ အသစ်အသစ်တွေစူးစမ်းနေဖို့ မရပ်တန့်သလို မထင်မှတ်မမျှော်လင့်ထားတဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ အားလုံးကို အံ့သြတုန်လှုပ်စေဖို့လည်း အမြဲအသင့်ဖြစ်နေတတ်ပါတယ်။ဒီတစ်ခါမှာတော့ နယ်ပယ်စုံက စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက်အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။   ။

1.ဝေလငါးတွေရဲ့အသံ

ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့ လူရဲ့အသံလှိုင်းကစလို့မိုးကြိုးသံထိ အသံအမျိုးမျိုးကိုခွဲခြမ်းစိတ်ဖြာ သုတေသနပြုလုပ်ချက်အရ ဝေလငါးတွေရဲ့အသံဟာ jazzဂီတအသံနဲ့တူပါတယ်တဲ့။

2.မိန်းကလေးတွေရဲ့ဆွဲဆောင်မှုအရှိဆုံးခန္ဓာကိုယ်အစိတ်အပိုင်း

ဥရောပသိပ္ပံပညာရှင်အုပ်စုရဲ့လေ့လာဖော်ထုတ်ချက်အရတော့ မိန်းကလေးတစ်ယောက်ရဲ့ တစ်ဖက်သားကိုဆွဲငင်နိုင်မှုစွမ်းအားဟာ သူမကျော(အတွင်းကို)ဘယ်လောက်ထိကော့နိုင်သလဲဆိုတာပေါ်မူတည်ပါတယ်တဲ့။လေ့လာစမ်းသပ်ချက်တွေပြုလုပ်နေစဉ်မှာ အဆိုပါသိပ္ပံပညာရှင်တွေဟာ ယောကျင်္ားလေးပရိသတ်အား မိန်းမခန္ဓာကိုယ်3Dmodelတွေကို ပြသခဲ့ပြီး ထိုmodelတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့မျက်လုံးအသွားအလာ၊အမူအရာတွေပေါ် သေချာဂရုတစိုက်စောင့်ကြည့်ရင်း အကဲဖြတ်မှတ်တမ်းယူခဲ့တာဖြစ်ပါတယ်။

3.နာနီ(ကလေးထိန်း)ငှက်

လူတွေမှာပဲ ကလေးထိန်းရှိတာမဟုတ်ပါဘူး။သိပ္ပံပညာရှင်တွေရဲ့ ထပ်မံဖော်ထုတ်တွေ့ရှိချက်အရ ငှက်တွေမှာလည်း ကလေးထိန်းရှိပါတယ်တဲ့။ငှက်မျိုးစိတ်တစ်မျိုးဟာ သူများအသိုက်ထဲက ငှက်ကလေးတွေကို ကိုယ်စားထိန်းပေးလေ့ရှိပြီး အကြောင်းရင်းက တစ်နေ့သူတို့လေးတွေအရွယ်ရောက်၊ကိုယ်စွမ်းရှိလာတဲ့အခါမျိုးမှာ အသိုက်ဟောင်းကိုစွန့်ခွာပြီး နားခိုရာအသစ်ကိုရှာဖွေလေ့ရှိတဲ့သဘောသဘာဝအရ ကျန်ရှိနေတဲ့အသိုက်ဟောင်းကို အမွေခံပိုင်ဆိုင်ချင်လို့ပါ။ဒီလိုပုံစံအရသာဆို ငှက်တွေကပါ စီးပွားရေးဆန်နေတတ်တယ်ရော် :3

4.ငါးတွေမှာလည်း စိတ်ခံစားမှုရှိတယ်…

နိုင်ငံတကာဆိုင်ရာသိပ္ပံပညာရှင်များရဲ့ လေ့လာဖော်ထုတ်ချက်အရ ငါးတွေဟာ သူတို့ပတ်ဝန်းကျင်အခြေအနေအချို့ပေါ်မူတည်ပြီး တုံ့ပြန်နိုင်စွမ်းရှိပါတယ်တဲ့။စမ်းသပ်ချက်လုပ်ဆောင်နေစဉ်အတွင်းမှာ သိပ္ပံပညာရှင်တွေဟာ ငါးတွေကိုစိတ်ဖိစီးစေတဲ့အချက်အချို့ကိုဖော်ထုတ်နိုင်ခဲ့တဲ့အပြင် ဟိုမုန်းနှုန်းကိုလည်းတိုင်းထွာခဲ့ပါတယ်။

5.လူရဲ့တံထွေး

လူရဲ့တံထွေးဟာ ဒဏ်ရာတွေကိုအကျက်မြန်စေတယ်ဆိုတာတော့ အားလုံးသိပြီးသားဖြစ်သလို ချီလီယံသိပ္ပံပညာရှင်တွေကလည်း ထပ်မံဖော်ထုတ်ခဲ့ပါတယ်။အကြောင်းက တံထွေးမှာပါဝင်တဲ့ peptide histatin_1ကြောင့်ဖြစ်ပြီး မကြာခင်မှာ ၄င်းကိုဆေးတွေမှာပါ ထည့်သွင်းဖော်စပ်အသုံးပြုဖို့ ကြိုးစားနေကြောင်း သိရပါတယ်။

6.အပင်တွေမှာလည်း ခံစားချက်ရှိတယ်…

ဥရောပသိပ္ပံပညာရှင်တွေကတော့ သစ်ပင်တွေဟာလည်း ခံစားနားလည်တတ်သလို သူတို့ဟာတိရစ္ဆာန်တွေရဲ့တံထွေးတွေကို ကြောက်ပါတယ်တဲ့။

7.ဦးနှောက်လွှမ်းမိုးမှုအပိုင်း

ဒီစမ်းသပ်ချက်လေးကတော့ သင့်ရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေမှာ ဦးနှောက်ရဲ့ဘယ်အခြမ်းဘက်က ပိုလွှမ်းမိုးမှုရှိနေသလဲဆိုတာ စမ်းသပ်ကြည့်ဖို့ဖြစ်ပါတယ်။ကဲ လက်နှစ်ဖက်စလုံးကိုစုစည်းပြီး ဘယ်အခြမ်းဘက်ကလွမ်းမိုးမှုပိုရှိသလဲ စမ်းကြည့်ရအောင်။သင့်ရဲ့လက်ထိပ်ပေါ်တင်နေကျ လက်ချောင်းပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်ပါတယ်။တကယ်လို့ ထိပ်မှာညာလက်ချောင်းတင်နေရင်တော့ သင့်ခန္ဓာကိုယ်လှုပ်ရှားမှုမှာ ဦးနှောက်ညာဘက်အခြမ်းကပိုလွှမ်းမိုးမှုရှိပြီး ဘယ်ဆိုရင်တော့ ဘယ်ဘက်ကပိုလွှမ်းမိုးမှုရှိပါတယ်။(ဘယ်သန်လို့မဆိုလိုပါ) ညာဘက်ခြမ်းလွှမ်းမိုးမှုများတဲ့သူတွေကတော့ စိတ်ခံစားချက်၊အိပ်မက်၊စိတ်ကူးစိတ်သန်းတွေနဲ့အမြဲဖျတ်လတ်နေသူ၊ဆုံးဖြတ်ချက်ပြတ်သားသူတွေဖြစ်ပြီး ဘယ်ဘက်ခြမ်းလွှမ်းမိုးမှုများသူတွေကတော့ ချက်ကျလက်ကျတွေးခေါ်ဆန်းစစ်တတ်သူ၊အချက်အလက်၊နာမည်နဲ့နေ့စွဲတွေကို အလွယ်တကူမှတ်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ဒါပေမယ့် 1%သောသူတွေကတော့ ပုံပါအတိုင်း လက်ချောင်းကိုအပြိုင်ထားပြီး စုစည်းတတ်ကြပါတယ်။သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သူတို့မှာတော့ ဘယ်အခြမ်းဘက်ကမှ ပိုလွှမ်းမိုးမှုမရှိသလို နှစ်ဖက်စလုံး သာတူညီမျှအနေအထားမှာပဲဖြစ်ပါတယ်။ထို့အပြင် ဘယ်ရော၊ညာပါ အလွယ်တကူအသုံးပြုနိုင်ပြီး ကိစ္စတစ်ခုခုကို အမြန်ဆုံးဆန်းစစ်ဆုံးဖြတ်ချက်ချနိင်သူတွေဖြစ်ပါတယ်။