ဘယ်သူမှဖြေရှင်းချက်ထုတ်မပေးနိုင်သေးတဲ့ ရှာဖွေတွေ့ရှိမှုများ
1.Moa Birds
Unicode
ကမ္ဘာကြီးဟာသိပ်ပြီးအံ့သြဆန်းကျယ်ဖွယ်ရာတွေနဲ့ပြည့်နှက်နေသလို ဘသူကမှလည်း အပြည့်အဝဖြေရှင်းချက်ထုတ်ပေးနိုင်တဲ့အချိန်ထိတော့ သက်တမ်းရှည်ကြမှာမဟုတ်ပါဘူး။ဒါပေမယ့် ဘလိုပဲဖြစ်ဖြစ် ဒီကမ္ဘာမြေပေါ်မှာထူးဆန်းစွာကွဲထွက်နေတဲ့အရာတွေကိုလေ့လာကြည့်ရတာ စိတ်ဝင်စားစရာကောင်းသလို စိတ်လှုပ်ရှားစရာလည်းကောင်းပါတယ်။    ။
1.Moa Birds
Moaငှက်ဆိုတာနယူးဇီလန်မှာတွေ့ရတဲ့ မပျံသန်းနိုင်တဲ့ငှက်တွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း1500ဝန်းကျင်မှာ Maoriလူမျိုးတွေရဲ့သီအိုရီတစ်ခုအရ သတ်ဖြတ်ခြင်းခံရပြီး စတင်တိမ်ကောလာပါတယ်။ဒါပေမယ့် 20ရာစုအတွင်းမှာတော့ သိပ္ပံပညာရှင်တွေဟာ ရာစုနှစ်ပေါင်းများစွာထိန်းသိမ်းထားခဲ့ပုံရတဲ့ ဒီလိုမယုံနိုင်စရာကောင်းလောက်အောင် အလွန်ကြီးမားတဲ့ငှက်တစ်ကောင်ရဲ့clawပေါ်အခြေခံပြီး စစ်ချက်ထုတ်ဖို့ကြိုးစားခဲ့ကြပါတယ်။
2.Peruမှာရှိတဲ့ဝတ်ကျောင်းဖွဲ့စည်းပုံ
ဒီလိုရှေးကျတဲ့ဝတ်ကျောင်းကြီးကိုတည်ဆောက်တုန်းက အင်္ဂတေတစ်စက်မှမလောင်းထည့်ခဲ့ပဲ(အသုံးမပြုခဲ့ပဲ) ဒီလိုပြည့်စုံတဲ့ကျောက်စီအဆောက်အအုံကြီးဖြစ်နေတာကတော့ တကယ်ကိုအံ့သြဖွယ်ကောင်းလှပါတယ်။တချို့နေရာတွေမှာဆို ကျောက်တစ်ခုနဲ့တစ်ခုကြားထဲကိုစက္ကူစတောင်ထိုးထည့်လို့မရအောင်ကို စေ့စပ်လွန်းပါတယ်။ဒီ့ထက်ပိုပြောပြရမယ်ဆိုရင် Blockတစ်ခုစီတိုင်းမှာချောမွေ့တဲ့မျက်နှာပြင်အပြင် ဝန်းဝိုင်းတဲ့အနားသတ်ထောင့်လေးတွေပါရှိနေပါတယ်။ကဲ ဘယ်လိုများဆောက်ထားပါလိမ့်နော်။ဘသူမှမသိပါဘူး။
3.တရုတ်ပြည်မှာရှိတဲ့ဂူများ
ဒီLongyouဂူတွေဟာ လူတွေရဲ့လက်နဲ့လုပ်ထားတဲ့သဲကျောက်တွေကိုဖြတ်တိုက်ပြီး ဆောက်လုပ်ထားတာပါ။ဒီလိုခက်ခဲတဲ့အရာတစ်ခုကိုပုံဖော်ဖို့ လူပေါင်းထောင်ပေါင်းများစွာလိုအပ်ပါတယ်။ဒါပေမယ့် ခုချိန်ထိဒီဂူတွေနဲ့ပတ်သက်တဲ့ဘလိုအကြောင်းအရာ၊ဆောက်လုပ်ခဲ့တဲ့နည်းလမ်းတစ်ခုတလေတောင်မျှ ဘယ်သမိုင်းမှတ်တမ်းမှာမှရှာမတွေ့သေးပါဘူး။
4.အီဂျစ်မှာရှိတဲ့မပြီးစီးသေးတဲ့ကျောက်တိုင် အီဂျစ်က မပြီးစီးလက်စမသတ်နိုင်သေးတဲ့ ဖော်ပြပါကျောက်တိုင်ဟာ အရာမယွင်းရှိနေသလို ဒီလိုဖြစ်နေရခြင်းအကြောင်းရင်းကိုလည်း ယနေ့တိုင်ရှင်းချက်မထုတ်နိုင်ကြသေးပါဘူး။