ႏိုင္ငံျခားဘာသာစကားကို သြက္သြက္လက္လက္ေျပာတတ္ဖို႔ အသက္ (၁၀) ႏွစ္မတိုင္ခင္စသင္ၾကားသင္႔

ေလ့လာေတြ႕ရွိခ်က္တစ္ခုကေနၿပီး ကေလးေတြအေနနဲ႔ ႏိုင္ငံျခားဘာသာစကားတစ္ခုကို သြက္သြက္လက္လက္ေျပာတတ္ခ်င္တယ္ဆို ၎တို႔အသက္ (၁၀) ႏွစ္မတိုင္ခင္တည္းက စတင္သင့္ေၾကာင့္ ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

Massachusetts နည္းပညာေက်ာင္းနဲ႔ Boston ေကာလိပ္တို႔ရဲ႕ သိပၸံပညာရွင္ေတြကေနၿပီး ဘာသာရပ္ေပါင္း (၇၀၀,၀၀၀) ေက်ာ္ကိုေလ့လာေနၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို သုေတသနျပဳလုပ္ခဲ့ရာမွာ အရြက္ေရာက္ၿပီးတဲ့ အသက္ (၁၈) ႏွစ္အထက္ ေက်ာင္းသား၊ ေက်ာင္းသူေတြကပိုၿပီး လိုက္ေလ်ာညီေထြစြာနဲ႔ ေလ့လာဆည္းပူးႏိုင္စြမ္း ရွိတယ္လို႔ ဆိုၾကပါတယ္။

ဒါေပမဲ့လည္း တကယ္တမ္းမွာေတာ့ အသက္ျပည့္ၿပီးသူေတြရဲ႕ ေလ့လာႏိုင္စြမ္းက ကေလးငယ္ေလးတစ္ေယာက္ အမိဘာသာစကားကို သြက္သြက္လက္လက္ေျပာတတ္တဲ့အခ်ိန္နဲ႔ ယွဥ္မယ္ဆို အမ်ားႀကီးပိုကြာေနပါတယ္လို႔ ေလ့လာေတြ႕ရွိခ်က္မွာေဖာ္ျပထားပါတယ္။

သုေတသနပညာရွင္ေတြကလည္း ပံုမွန္အားျဖင့္ ကေလးေလးေတြဟာ အရြက္ေရာက္ၿပီးသူေတြထက္ ဘာသာစကားတစ္ခုကို ပိုၿပီးျမန္ျမန္ဆန္ဆန္ သင္ယူႏိုင္ၾကတယ္လို႔ ဆိုပါတယ္။ ဒီအရာဟာ ဓာတ္ခြဲခန္းထဲမွာ စမ္းသပ္ဖို႔ခက္ခဲေပမဲ့ ခုလိုသဘာဝျဖစ္စဥ္ႀကီးကို တိုင္းတစ္ပါးအရပ္ဆီေျပာင္းေရႊ႕သြားၾကတဲ့ မိသားစုေတြကိုၾကည့္ၿပီး သိႏိုင္တယ္လို႔ဆိုပါတယ္။ ဆိုလိုတာကေတာ့ ေဖေဖ၊ ေမေမေတြထက္ ေနာက္မွေမြးတဲ့သားငယ္ေလးက အဲႏိုင္ငံရဲ႕ဘာသာစကားကို ပိုကၽြမ္းေနတာမ်ိဳးေပါ့။

ဒီသုေတသနျပဳခ်က္ကို ဦးေဆာင္ေနလႈပ္ရွားေနတဲ့ Boston ေကာလိပ္ရဲ႕ ပေရာ္ဖက္ဆာ Joshua Hartshorne ဆိုသူက “ဘာသာစကားတစ္ခုကို ေမြးကတည္းက ၾကားဖူး၊ နားဝရွိလို႔ ေျပာတတ္သူနဲ႔ အသက္ (၁၀) ႏွစ္မတိုင္မီမွာ ေလ့လာသူခ်င္းက သိပ္မကြာၾကပါဘူး။ ေနာက္ပိုင္းမွ ေလ့လာသူေတြကေတာ့ တျဖည္းျဖည္း ေလ်ာ့ပါးက်ဆင္းလာတာကို ေတြ႕ရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘာသာစကားတစ္ခုကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္ဖို႔ အရြယ္ေရာက္ၿပီးသူေတြ ဘယ္ေလာက္ေတာင္ အခ်ိန္အမ်ားႀကီးေပးၿပီး ႀကိဳးစားေနရတယ္ဆိုတာကို ကၽြန္ေတာ္တို႔ရဲ႕ေန႔စဥ္ဘဝမွာ အၿမဲျမင္ေတြ႕ေနၾကရတာပဲေလ” လို႔ဆိုပါတယ္။

ေနာက္ထပ္သုေတသနျပဳခ်က္ အသစ္တစ္ခုကိုေတာ့ အဂၤလိပ္ဘာသာရပ္ကို ႏွစ္နဲ႔ခ်ီၿပီး အသက္အရြယ္အမ်ိဳးမ်ိဳးမွာေလ့လာခဲ့ၾကတဲ့သူေတြနဲ႔ ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ဆံုးမွာေတာ့ ဒီသုေတသနျပဴခ်က္ကေနၿပီးေတာ့ပဲ ဘာသာစကားအသစ္တစ္ခုကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာတတ္ခ်င္ရင္ အသက္ (၁၀) ႏွစ္မတိုင္ခင္ေလ့လာသင့္တယ္ဆိုၿပီး ခိုင္မာတဲ့ရလဒ္တစ္ခုကို ရရွိခဲ့ပါတယ္။

Unicode

လေ့လာတွေ့ရှိချက်တစ်ခုကနေပြီး ကလေးတွေအနေနဲ့ နိုင်ငံခြားဘာသာစကားတစ်ခုကို သွက်သွက်လက်လက်ပြောတတ်ချင်တယ်ဆို ၎င်းတို့အသက် (၁၀) နှစ်မတိုင်ခင်တည်းက စတင်သင့်ကြောင့် လေ့လာတွေ့ရှိခဲ့ကြပါတယ်။

Massachusetts နည်းပညာကျောင်းနဲ့ Boston ကောလိပ်တို့ရဲ့ သိပ္ပံပညာရှင်တွေကနေပြီး ဘာသာရပ်ပေါင်း (၇၀၀,၀၀၀) ကျော်ကိုလေ့လာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သုတေသနပြုလုပ်ခဲ့ရာမှာ အရွက်ရောက်ပြီးတဲ့ အသက် (၁၈) နှစ်အထက် ကျောင်းသား၊ ကျောင်းသူတွေကပိုပြီး လိုက်လျောညီထွေစွာနဲ့ လေ့လာဆည်းပူးနိုင်စွမ်း ရှိတယ်လို့ ဆိုကြပါတယ်။

ဒါပေမဲ့လည်း တကယ်တမ်းမှာတော့ အသက်ပြည့်ပြီးသူတွေရဲ့ လေ့လာနိုင်စွမ်းက ကလေးငယ်လေးတစ်ယောက် အမိဘာသာစကားကို သွက်သွက်လက်လက်ပြောတတ်တဲ့အချိန်နဲ့ ယှဉ်မယ်ဆို အများကြီးပိုကွာနေပါတယ်လို့ လေ့လာတွေ့ရှိချက်မှာဖော်ပြထားပါတယ်။

သုတေသနပညာရှင်တွေကလည်း ပုံမှန်အားဖြင့် ကလေးလေးတွေဟာ အရွက်ရောက်ပြီးသူတွေထက် ဘာသာစကားတစ်ခုကို ပိုပြီးမြန်မြန်ဆန်ဆန် သင်ယူနိုင်ကြတယ်လို့ ဆိုပါတယ်။ ဒီအရာဟာ ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ဖို့ခက်ခဲပေမဲ့ ခုလိုသဘာဝဖြစ်စဉ်ကြီးကို တိုင်းတစ်ပါးအရပ်ဆီပြောင်းရွှေ့သွားကြတဲ့ မိသားစုတွေကိုကြည့်ပြီး သိနိုင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာကတော့ ဖေဖေ၊ မေမေတွေထက် နောက်မှမွေးတဲ့သားငယ်လေးက အဲနိုင်ငံရဲ့ဘာသာစကားကို ပိုကျွမ်းနေတာမျိုးပေါ့။

ဒီသုတေသနပြုချက်ကို ဦးဆောင်နေလှုပ်ရှားနေတဲ့ Boston ကောလိပ်ရဲ့ ပရော်ဖက်ဆာ Joshua Hartshorne ဆိုသူက “ဘာသာစကားတစ်ခုကို မွေးကတည်းက ကြားဖူး၊ နားဝရှိလို့ ပြောတတ်သူနဲ့ အသက် (၁၀) နှစ်မတိုင်မီမှာ လေ့လာသူချင်းက သိပ်မကွာကြပါဘူး။ နောက်ပိုင်းမှ လေ့လာသူတွေကတော့ တဖြည်းဖြည်း လျော့ပါးကျဆင်းလာတာကို တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဖို့ အရွယ်ရောက်ပြီးသူတွေ ဘယ်လောက်တောင် အချိန်အများကြီးပေးပြီး ကြိုးစားနေရတယ်ဆိုတာကို ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ အမြဲမြင်တွေ့နေကြရတာပဲလေ” လို့ဆိုပါတယ်။

နောက်ထပ်သုတေသနပြုချက် အသစ်တစ်ခုကိုတော့ အင်္ဂလိပ်ဘာသာရပ်ကို နှစ်နဲ့ချီပြီး အသက်အရွယ်အမျိုးမျိုးမှာလေ့လာခဲ့ကြတဲ့သူတွေနဲ့ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဒီသုတေသနပြူချက်ကနေပြီးတော့ပဲ ဘာသာစကားအသစ်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် အသက် (၁၀) နှစ်မတိုင်ခင်လေ့လာသင့်တယ်ဆိုပြီး ခိုင်မာတဲ့ရလဒ်တစ်ခုကို ရရှိခဲ့ပါတယ်။