ေျခတစ္လွမ္းေတာင္မက်ဴးခဲ့ပါဘူး လို႔ ေျဖရွင္းလိုက္တဲ့ သီဟတင္စုိး

အနုပညာေလာကမွာနွစ္ေပါင္းမ်ားစြာၾကာေအာင္ အနုပညာအလုပ္ေတြလုပ္ျပီး ပရိသတ္ေတြနဲ႔ လက္ပြန္းတတီးရင္းနွီးလာခဲ့တဲ့ သီဟတင္စုိးဟာ လြန္ခဲ့တဲ့အပတ္က အိမ္အကူအမ်ိဳးသမီးရဲ႕ အဆိုအရ မဖြယ္မရာျပဳပါတယ္ဆိုျပီး တိုင္ခ်က္ဖြင့္ခံထားရတာပဲျဖစ္ပါတယ္။ ရဲဌာနက ခ်က္ခ်င္းပဲ သီဟတင္စုိးရဲ႕အိမ္ကုိုလိုက္သြားခဲ့ေပမယ့္ ဇနီးျဖစ္သူနဲ႔ကေတာက္ကဆျဖစ္သြားတယ္ဆိုတဲ့ သတင္းသာၾကားရျပီး အခုအခိ်န္ထိ သီဟတင္စုိးကိုျမင္ေတြ႕ရျခင္းမရွိပါဘူး။ အခုကိစၥနဲ႔ပတ္သက္ျပီး ပစၥယမီဒီယာက သီဟတင္စုိးနဲ႔ဖုန္းအဆက္အသြယ္ရခဲ့ပါတယ္။ ဖုန္း record ထဲမွာ သီဟတင္စုိးက သူရင္ဖြင့္ခ်င္တာေတြနဲ႔ ေျဖရွင္းခ်င္တာေတြေျပာၾကားထားခဲ့ပါတယ္။

အခုလက္ရွိ သီဟတင္စိုးက ရဲဌာနကိုလည္းေရာက္မလာပဲ ပရိသတ္ေတြေရွ႕ကေနလည္းေပ်ာက္ေနတဲ့အေၾကာင္းကုိ “အစ္ကုိ႔ပရိသတ္ကုိအစ္ကုိရွင္းျပမွာ.. ကုိယ္တိုင္ရင္ေကာ့ေခါင္းေမာ့ထြက္လာျပီးေတာ့ကုိရွင္းျပမွာ အခုအခ်ိန္က အစ္ကုိပုန္းေရွာင္ေနတာလည္းမဟုတ္ဘူး။ထြက္ေျပးေနတာလည္းမဟုတ္ဘူး။အစ္ကုိ႔မွာေၾကာက္တတ္တဲ့စိတ္တစ္စက္မွမရွိဘူး။ ဒါေပမယ့္ အစ္ကုိအခ်ိန္မက်ေသးလို႔ အခ်ိန္မတန္ေသးလို႔ ေစာင့္ေနတာ။အစ္ကုိလိုအပ္တဲ့အခ်က္အလက္ အစ္ကုိသိခ်င္တဲ့အခ်က္အလက္ေတြကုိ အစ္ကုိျပည့္စံုေအာင္ စုေဆာင္းေနတယ္။”လို႔ ေျပာျပထားပါတယ္။

ျပစ္မႈက်ဴးလြန္မက်ဴးလြန္ဆိုတာနဲ႔ပတ္သက္ျပီးေတာ့လည္း သီဟတင္စုိးက “အစ္ကုိတရားခံမဟုတ္ဘူး။အစ္ကုိ႔မွာဘာအျပစ္မွမရွိ္ဘူး။ အစ္ကုိိ႔ကုိအသားလြတ္၊ဒီလိုမျဖစ္ျဖစ္ေအာင္ခြင္ဆင္ျပီးလုပ္တာ။အဲ့ဒီေန႔ကေတာ့ အစ္ကုိက ညေနငါးနာရီေလာက္ကတည္းက အျပင္ထြက္သြားတယ္။ညဆယ္နာရီမွျပန္လာတယ္။အဲဒါကိုမနက္က်ေတာ့ သူမရွိေတာ့ဘူး။ သူေရာက္တဲ့ေန႕ကစျပီးသူျပန္ထြက္သြားတဲ့ေန႔အထိ သူနဲ႔အေမနဲ႔ေနတဲ့အခန္းထဲကုိ အစ္ကုိေျခတစ္လွမ္းေတာင္မက်ဴးခဲ့ဖူးပါဘူး။အစ္ကုိအရက္ေသာက္တယ္ဆိုတာလည္း လံုးဝမဟုတ္ဘူး။အစ္ကုိဟာ နွလံုးခြဲထားတဲ့သူတစ္ေယာက္ပါ။အစ္ကုိအရက္တစ္စက္မွေသာက္လို႔မရပါဘူး။ဆရာဝန္ကလညး္တားျမစ္ထားပါတယ္။” လို႔ ပရိသတ္ကုိရွင္းရွင္းလင္းလင္းရွင္းျပသြားခဲ့ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ျပီး ခံစားခဲ့ရတဲ့ စိတ္ဒုကၡေတြနဲ႔ ပရိသတ္ကုိေျပာခ်င္တဲ့စကားေတြကုိ သီဟတင္စိုးက “ငါ့မိသားစု၊ငါခ်စ္တဲ့ပရိသတ္၊ငါ့ကုိခ်စ္တဲ့ပရိသတ္ အရွက္ကြဲေအာင္လုပ္တာ။ငါ့ဘဝပ်က္ေအာင္လုပ္တာ၊အဲဒီအတြက္ ဒင္းတို႔ျပန္ျပီးေပးဆပ္ရမယ္။ဒင္းတို႔အားလံုးကုိငါေဖာ္ျပီးမွ ျဖစ္ခ်င္တာျဖစ္ပါေစ ငါရင္ဆိုင္မယ္္လို႔ငါဆံုးျဖတ္ျပီးျပီ။ ငါ့လိုမ်ိဳးပဲေနာက္ထပ္ဘယ္သူ႔မွမခံစားရဖို႔အတြက္ငါေသရင္ေသပါေစဒီကိစၥကိုငါအျပတ္တုိက္မယ္။ငါေၾကာက္လို႔ေရွာင္ေနတာမဟုတ္ဘူး။ အားလံုးကုိငါအသိေပးတယ္။ပရိသတ္ကိုလည္းငါအသိေပးတယ္။ယံုပါကြ်န္ေတာ့္ကုိ၊ကြ်န္ေတာ္ ေယာက္်ားပီသတဲ့ေယာက္်ားတစ္ေယာက္ပါ။ကြ်န္ေတာ္အခုအခ်ိန္မွာေရွာင္ေနရတာ သတၱိမရွိလို႔မဟုတ္ဘူး။ အဲဒီဥပေဒဆိုတဲ့အရာၾကီးနဲ႔ ကြ်န္ေတာ့္ကုိလံုးလည္ခ်ာလည္လိုက္ေအာင္လုပ္ျပီး ကြ်န္ေတာ့္မိသားစုကုိပါ အကုန္ရိုက္ခ်ိဳးပစ္မွာစိုးလို႔ ကြ်န္ေတာ္အျပင္မွာလုပ္နုိင္တဲ့ဟာေလးေတြလုပ္ေနတာပါ။အဲဒီအတြက္ဘာမွမစိုးရိမ္ပါနဲ႔။ဘာမွအထင္ေတြလည္းမလြဲပါနဲ႔။ကြ်န္ေတာ့္ ၈၈ တုန္းကသူငယ္ခ်င္းေတြလည္း ကြ်န္ေတာ့္စိတ္ဓာတ္ကုိအသိဆံုးပါ။ကြ်န္ေတာ္ ၈၈ ေက်ာင္းသားပါ။ ကြ်န္ေတာ္လုပ္စရာရွိတာေလးေတြလုပ္ေနပါတယ္။ျပီးရင္ကြ်န္ေတာ္ရင္ေကာ့ေခါင္းေမာ့ျပီးထြက္လာမွာပါ။ဘယ္ေတာ့မွေခါင္းငံု႔ျပီးမလာပါဘူး”လို႔ ေျဖၾကားသြားခဲ့ပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးထဲမွာလည္း သီဟတင္စုိးဘက္ကရပ္တည္ေနသူေတြရိွိလိမ့္မယ္လို႔ယံုၾကည္ပါတယ္။ ဒီအတြက္အမွန္တရားေပၚေပါက္ေအာင္ ဝုိင္းဝန္း share ေပးၾကေစလိုပါတယ္။ အသံဖိုင္ေလးကိုေတာ႔ ဒီမွာ နားေထာင္ၾကည္႔ပါေနာ္။

Can’t Wait To Say

Unicode

အနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင် အနုပညာအလုပ်တွေလုပ်ပြီး ပရိသတ်တွေနဲ့ လက်ပွန်းတတီးရင်းနှီးလာခဲ့တဲ့ သီဟတင်စိုးဟာ လွန်ခဲ့တဲ့အပတ်က အိမ်အကူအမျိုးသမီးရဲ့ အဆိုအရ မဖွယ်မရာပြုပါတယ်ဆိုပြီး တိုင်ချက်ဖွင့်ခံထားရတာပဲဖြစ်ပါတယ်။ ရဲဌာနက ချက်ချင်းပဲ သီဟတင်စိုးရဲ့အိမ်ကိုုလိုက်သွားခဲ့ပေမယ့် ဇနီးဖြစ်သူနဲ့ကတောက်ကဆဖြစ်သွားတယ်ဆိုတဲ့ သတင်းသာကြားရပြီး အခုအချိန်ထိ သီဟတင်စိုးကိုမြင်တွေ့ရခြင်းမရှိပါဘူး။ အခုကိစ္စနဲ့ပတ်သက်ပြီး ပစ္စယမီဒီယာက သီဟတင်စိုးနဲ့ဖုန်းအဆက်အသွယ်ရခဲ့ပါတယ်။ ဖုန်း record ထဲမှာ သီဟတင်စိုးက သူရင်ဖွင့်ချင်တာတွေနဲ့ ဖြေရှင်းချင်တာတွေပြောကြားထားခဲ့ပါတယ်။

အခုလက်ရှိ သီဟတင်စိုးက ရဲဌာနကိုလည်းရောက်မလာပဲ ပရိသတ်တွေရှေ့ကနေလည်းပျောက်နေတဲ့အကြောင်းကို “အစ်ကို့ပရိသတ်ကိုအစ်ကိုရှင်းပြမှာ.. ကိုယ်တိုင်ရင်ကော့ခေါင်းမော့ထွက်လာပြီးတော့ကိုရှင်းပြမှာ အခုအချိန်က အစ်ကိုပုန်းရှောင်နေတာလည်းမဟုတ်ဘူး။ထွက်ပြေးနေတာလည်းမဟုတ်ဘူး။အစ်ကို့မှာကြောက်တတ်တဲ့စိတ်တစ်စက်မှမရှိဘူး။ ဒါပေမယ့် အစ်ကိုအချိန်မကျသေးလို့ အချိန်မတန်သေးလို့ စောင့်နေတာ။အစ်ကိုလိုအပ်တဲ့အချက်အလက် အစ်ကိုသိချင်တဲ့အချက်အလက်တွေကို အစ်ကိုပြည့်စုံအောင် စုဆောင်းနေတယ်။”လို့ ပြောပြထားပါတယ်။

ပြစ်မှုကျူးလွန်မကျူးလွန်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း သီဟတင်စိုးက “အစ်ကိုတရားခံမဟုတ်ဘူး။အစ်ကို့မှာဘာအပြစ်မှမရှိ်ဘူး။ အစ်ကိုိ့ကိုအသားလွတ်၊ဒီလိုမဖြစ်ဖြစ်အောင်ခွင်ဆင်ပြီးလုပ်တာ။အဲ့ဒီနေ့ကတော့ အစ်ကိုက ညနေငါးနာရီလောက်ကတည်းက အပြင်ထွက်သွားတယ်။ညဆယ်နာရီမှပြန်လာတယ်။အဲဒါကိုမနက်ကျတော့ သူမရှိတော့ဘူး။ သူရောက်တဲ့နေ့ကစပြီးသူပြန်ထွက်သွားတဲ့နေ့အထိ သူနဲ့အမေနဲ့နေတဲ့အခန်းထဲကို အစ်ကိုခြေတစ်လှမ်းတောင်မကျူးခဲ့ဖူးပါဘူး။အစ်ကိုအရက်သောက်တယ်ဆိုတာလည်း လုံးဝမဟုတ်ဘူး။အစ်ကိုဟာ နှလုံးခွဲထားတဲ့သူတစ်ယောက်ပါ။အစ်ကိုအရက်တစ်စက်မှသောက်လို့မရပါဘူး။ဆရာဝန်ကလညး်တားမြစ်ထားပါတယ်။” လို့ ပရိသတ်ကိုရှင်းရှင်းလင်းလင်းရှင်းပြသွားခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ခံစားခဲ့ရတဲ့ စိတ်ဒုက္ခတွေနဲ့ ပရိသတ်ကိုပြောချင်တဲ့စကားတွေကို သီဟတင်စိုးက “ငါ့မိသားစု၊ငါချစ်တဲ့ပရိသတ်၊ငါ့ကိုချစ်တဲ့ပရိသတ် အရှက်ကွဲအောင်လုပ်တာ။ငါ့ဘဝပျက်အောင်လုပ်တာ၊အဲဒီအတွက် ဒင်းတို့ပြန်ပြီးပေးဆပ်ရမယ်။ဒင်းတို့အားလုံးကိုငါဖော်ပြီးမှ ဖြစ်ချင်တာဖြစ်ပါစေ ငါရင်ဆိုင်မယ််လို့ငါဆုံးဖြတ်ပြီးပြီ။ ငါ့လိုမျိုးပဲနောက်ထပ်ဘယ်သူ့မှမခံစားရဖို့အတွက်ငါသေရင်သေပါစေဒီကိစ္စကိုငါအပြတ်တိုက်မယ်။ငါကြောက်လို့ရှောင်နေတာမဟုတ်ဘူး။ အားလုံးကိုငါအသိပေးတယ်။ပရိသတ်ကိုလည်းငါအသိပေးတယ်။ယုံပါကျွန်တော့်ကို၊ကျွန်တော် ယောက်ျားပီသတဲ့ယောက်ျားတစ်ယောက်ပါ။ကျွန်တော်အခုအချိန်မှာရှောင်နေရတာ သတ္တိမရှိလို့မဟုတ်ဘူး။ အဲဒီဥပဒေဆိုတဲ့အရာကြီးနဲ့ ကျွန်တော့်ကိုလုံးလည်ချာလည်လိုက်အောင်လုပ်ပြီး ကျွန်တော့်မိသားစုကိုပါ အကုန်ရိုက်ချိုးပစ်မှာစိုးလို့ ကျွန်တော်အပြင်မှာလုပ်နိုင်တဲ့ဟာလေးတွေလုပ်နေတာပါ။အဲဒီအတွက်ဘာမှမစိုးရိမ်ပါနဲ့။ဘာမှအထင်တွေလည်းမလွဲပါနဲ့။ကျွန်တော့် ၈၈ တုန်းကသူငယ်ချင်းတွေလည်း ကျွန်တော့်စိတ်ဓာတ်ကိုအသိဆုံးပါ။ကျွန်တော် ၈၈ ကျောင်းသားပါ။ ကျွန်တော်လုပ်စရာရှိတာလေးတွေလုပ်နေပါတယ်။ပြီးရင်ကျွန်တော်ရင်ကော့ခေါင်းမော့ပြီးထွက်လာမှာပါ။ဘယ်တော့မှခေါင်းငုံ့ပြီးမလာပါဘူး”လို့ ဖြေကြားသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာလည်း သီဟတင်စိုးဘက်ကရပ်တည်နေသူတွေရှိိလိမ့်မယ်လို့ယုံကြည်ပါတယ်။ ဒီအတွက်အမှန်တရားပေါ်ပေါက်အောင် ဝိုင်းဝန်း share ပေးကြစေလိုပါတယ်။

Can’t Wait To Say

Leave a Reply