တည္ျငိမ္မွရေတာ႔မယ္လို႔ အရႊန္းေဖာက္လိုက္တဲ႔ အာဇာနည္

အဆိုေတာ္ေလာကမွာ R ၾကီးဆိုတဲ့ နာမည္ၾကားလိုက္ရင္ အသံပါဝါေကာင္းေကာင္းနဲ႕ ပရိသတ္ရင္ထဲအေရာက္ ခံစားမႈသီခ်င္းေကာင္းေတြဆုိႏိုင္တဲ့ အဆိုေတာ္ R-ဇာနည္ ကိုပဲေျပးျမင္ၾကပါတယ္။ တစ္ေခတ္တစ္ခါက အိမ္တိုင္း ဆိုင္တိုင္းမွာ R-ဇာနည္ရဲ႕သီခ်င္းေကာင္းေတြက ေနရာယူထားသလို၊ အသံၾကားျပီ ဆိုတာနဲ႕Rဇာနည္မွန္းကေလးကအစလူၾကီးအဆံုးခြဲျခားႏိုင္တဲ့၊ အဆိုေတာ္ေကာင္းတစ္ေယာက္လည္းျဖစ္ပါတယ္။

ပရိသတ္ေတြသိခ်င္ေနၾကမယ့္R-ဇာနည္ရဲ႕အေၾကာင္းေလးကို ေဖာက္သည္ခ်ေျပာျပေပးခ်င္ပါတယ္။ ဇနီးျဖစ္သူ ဝမ္း ၊ သားေလးေတြျဖစ္တဲ့ ဖစ္ဖစ္တုန္ ၊ ခ်စ္ခ်စ္တုန္တို႕နဲ႕ အတူ ေပ်ာ္ရႊင္ဖြယ္မိသားစုေလးပိုင္ဆိုင္ထားတဲ့ အေၾကာင္းကို R-ဇာနည္ကခုလိုေျပာပါတယ္။

“ ကၽြန္ေတာ္တို႕မိသားစု က အဆင္ေျပပါတယ္။ ကိုယ့္မိသားစုနဲ႕ကိုယ္ ဒီၾကားထဲ ကိုယ့္အလုပ္ေတြနဲ႕ ရႈပ္ယွက္ကို ခတ္ေနတာပါ။ သားၾကီး ရဲ႕ ပညာေရး ၊ သားငယ္ရဲ႕က်န္းမာေရး ၊လူမႈေရးေတြ ၊ စီးပြားေရးေတြနဲ႕ အခ်ိန္အျပည့္ပဲ ေပါ့ေနာ္။” လို႕ဆိုပါတယ္။

လွဴဒါန္းမႈေတြလုပ္ျဖစ္ေနတဲ့ အေၾကာင္းကိုလည္းခုလိုေျပာပါတယ္။ “ ဟုိတစ္ေလာက ဦးေက်ာ္သူတို႕ဆီနာေရးကူညီမႈ အသင္းအတြက္ ကားတစ္စီးရယ္မႏၱေလးအတြက္ကားတစ္စီးလွဴဒါန္းျဖစ္ပါတယ္။ ေတာ္ေတာ္ေဝးတဲ့ေနရာကမိဘမဲ့ေက်ာင္းမွာweloveRZarniအဖြဲ႕နဲ႕အလွဴလုပ္ျဖစ္တယ္။အဲ့ဒါကေတာ့၆လတစ္ၾကိမ္လုပ္ဖို႕ရွိတာေပါ့။ေလာေလာဆယ္ေတာ့သြားရင္းလာရင္းလွဴတာတန္းတာေလာက္ပဲရွိပါတယ္။”လို႕ဆိုပါတယ္။

ေတးစီးရီးအသစ္ “ကမၻာသား” ေရာင္းရေငြမ်ားမွ ဒုတိယအၾကိမ္ေျမာက္အလွဴကို ရန္ကုန္ ၊ ေရႊျပည္သာမွ မိဘမဲ့ကေလးမ်ားနဲ႕သီလရွင္ကေလးမ်ားေနထိုင္ရန္အတြက္ ေက်ာင္းေဆာက္လုပ္လွဴဒါန္းမႈေတြကိုလည္း၂၀၁၆တုန္းကျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

လတ္တေလာအႏုပညာလႈပ္ရွားမႈအေနနဲ႕သီခ်င္းေလးေတြ စုျပီး Mini-album လုပ္ဖုိ႕ရွိေနတာျဖစ္ျပီး အဆိုေတာ္Rဇာနည္တစ္ေယာက္ သာသနာ့ေဘာင္ဝင္ျပီးေနာက္ပိုင္း အရမ္းတည္ျငိမ္သြားသလိုကေလး အငယ္ေလးရလာတာေၾကာင့္လည္းမတည္ျငိမ္လို႔မရဘူးလို႔ သူကလို႕ဆိုပါတယ္။

Unicode

အဆိုတော်လောကမှာ R ကြီးဆိုတဲ့ နာမည်ကြားလိုက်ရင် အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်ရင်ထဲအရောက် ခံစားမှုသီချင်းကောင်းတွေဆိုနိုင်တဲ့ အဆိုတော် R-ဇာနည် ကိုပဲပြေးမြင်ကြပါတယ်။ တစ်ခေတ်တစ်ခါက အိမ်တိုင်း ဆိုင်တိုင်းမှာ R-ဇာနည်ရဲ့သီချင်းကောင်းတွေက နေရာယူထားသလို၊ အသံကြားပြီ ဆိုတာနဲ့Rဇာနည်မှန်းကလေးကအစလူကြီးအဆုံးခွဲခြားနိုင်တဲ့၊ အဆိုတော်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

ပရိသတ်တွေသိချင်နေကြမယ့်R-ဇာနည်ရဲ့အကြောင်းလေးကို ဖောက်သည်ချပြောပြပေးချင်ပါတယ်။ ဇနီးဖြစ်သူ ဝမ်း ၊ သားလေးတွေဖြစ်တဲ့ ဖစ်ဖစ်တုန် ၊ ချစ်ချစ်တုန်တို့နဲ့ အတူ ပျော်ရွှင်ဖွယ်မိသားစုလေးပိုင်ဆိုင်ထားတဲ့ အကြောင်းကို R-ဇာနည်ကခုလိုပြောပါတယ်။

“ ကျွန်တော်တို့မိသားစု က အဆင်ပြေပါတယ်။ ကိုယ့်မိသားစုနဲ့ကိုယ် ဒီကြားထဲ ကိုယ့်အလုပ်တွေနဲ့ ရှုပ်ယှက်ကို ခတ်နေတာပါ။ သားကြီး ရဲ့ ပညာရေး ၊ သားငယ်ရဲ့ကျန်းမာရေး ၊လူမှုရေးတွေ ၊ စီးပွားရေးတွေနဲ့ အချိန်အပြည့်ပဲ ပေါ့နော်။” လို့ဆိုပါတယ်။

လှူဒါန်းမှုတွေလုပ်ဖြစ်နေတဲ့ အကြောင်းကိုလည်းခုလိုပြောပါတယ်။ “ ဟိုတစ်လောက ဦးကျော်သူတို့ဆီနာရေးကူညီမှု အသင်းအတွက် ကားတစ်စီးရယ်မန္တလေးအတွက်ကားတစ်စီးလှူဒါန်းဖြစ်ပါတယ်။ တော်တော်ဝေးတဲ့နေရာကမိဘမဲ့ကျောင်းမှာweloveRZarniအဖွဲ့နဲ့အလှူလုပ်ဖြစ်တယ်။အဲ့ဒါကတော့၆လတစ်ကြိမ်လုပ်ဖို့ရှိတာပေါ့။လောလောဆယ်တော့သွားရင်းလာရင်းလှူတာတန်းတာလောက်ပဲရှိပါတယ်။”လို့ဆိုပါတယ်။

တေးစီးရီးအသစ် “ကမ္ဘာသား” ရောင်းရငွေများမှ ဒုတိယအကြိမ်မြောက်အလှူကို ရန်ကုန် ၊ ရွှေပြည်သာမှ မိဘမဲ့ကလေးများနဲ့သီလရှင်ကလေးများနေထိုင်ရန်အတွက် ကျောင်းဆောက်လုပ်လှူဒါန်းမှုတွေကိုလည်း၂၀၁၆တုန်းကပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့သီချင်းလေးတွေ စုပြီး Mini-album လုပ်ဖို့ရှိနေတာဖြစ်ပြီး အဆိုတော်Rဇာနည်တစ်ယောက် သာသနာ့ဘောင်ဝင်ပြီးနောက်ပိုင်း အရမ်းတည်ငြိမ်သွားသလိုကလေး အငယ်လေးရလာတာကြောင့်လည်းမတည်ငြိမ်လို့မရဘူးလို့ သူကလို့ဆိုပါတယ်။