ကမာၻ႔အႏၱရာယ္အရွိဆံုး ငါးမ်ား

ကမာၻေပၚမွာ အရသာရွိတဲ့ အစားအစာကို ျပပါဆိုလ်ွင္ ငါးေတြကလည္း မပါမျဖစ္ပါဘဲ။ ကြ်န္ေတာ္တို႔ ျမန္မာနိုင္ငံမွာလည္း ငါးေတြကို အမ်ားဆံုး စားေသာက္ေနၾကျပီး အရသာလည္းရွိသလို အင္အားလည္းျဖစ္ေစပါတယ္။ ငါးေတြရဲ့အသားက ႏူးညံသလို ေရမွာေနတဲ့ သတၱဝါျဖစ္တာေၾကာင့္ သင္တို႔အေနနဲ႔ သူတို႔အားလံုးကို အႏၱရာယ္မရွိဘူးလို႔ ထင္ေနရင္မွားသြားပါလိမ့္မယ္။ ေရေနသတၱဝါေတြအေၾကာင္းကိုေတာ့ ကြ်န္ေတာ္တို႔ ကမာၻၾကီးက သိထားတာ ၁၀ ရာခိုင္ႏႈန္းေတာင္ မျပည့္ပါဘူး။ ကမာၻေပၚမွာလည္း လက္ရွိေတြ႔ရွိထားတဲ့ ငါးမ်ိဳးစိတ္ကေတာ့ ၃၀၀၀၀ ေက်ာ္ဘဲရွိေသးတယ္လို႔ သိရပါတယ္။ ငါးေတြထဲမွာေတာ့ စားလို႔ရတဲ့ငါးရွိသလို၊ စားလို႔မရတဲ့ ငါးေတြကလည္း အမ်ားၾကီးပါ။ ျပီးေတာ့ ငါးေတြထဲမွာမွ အႏၱရာယ္ေပးတတ္တဲ့ ငါးရွိသလို အဆိပ္ျဖစ္တတ္တဲ့ ငါးေတြလည္း ရွိပါတယ္။ ဒီလိုငါးေတြကေတာ့ ကြ်န္ေတာ္တို႔လို လူသားေတြကို တိုက္ခိုက္တာေတြ ျပဳလုပ္နိုင္ျပီး သူတို႔ကို စားမိရင္လည္း အဆိပ္ျဖစ္ေစပါေသးတယ္။ ဒါေၾကာင့္ ေျပာခ်င္လြန္းလို႔ ေပ့ခ်္က ယခုတစ္ခါေဖာ္ျပေပးခ်င္တာကေတာ့ လူသားေတြအတြက္ေရာ ကမာၻေပၚမွာေရာ အႏၱရာယ္အရွိဆံုး ငါးမ်ိဳးစိတ္ ၅ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

Tiger Fish (က်ားငါး)

က်ားငါးကေတာ့ ျမင္ေတြ႔ရတဲ့အတိုင္းပါဘဲ။ ဒီငါးကိုျမင္လိုက္တာနဲ႔ အႏၱရာယ္ေပးနိုင္တဲ့ငါးဆိုတာ အားလံုးခန္႔မွန္းလို႔ရေလာက္ပါတယ္။ ယင္းငါးကို က်ားငါးလို႔ ေခၚရတဲ့အေၾကာင္းရင္းကေတာ့ ဒီငါးက သူ႔အတြက္ သားေကာင္လို႔ထင္တဲ့အရာမွန္သမွ်ကို က်ားတစ္ေကာင္လို ျပင္းျပင္းထန္ထန္ တိုက္ခိုက္နိုင္စြမ္းရွိလို့ပါဘဲ။ က်ားငါးေတြကေတာ့ အာဖရိကေရခ်ိဳကန္ေတြမွာ ေတြ႔ရေလ့ရွိပါတယ္။ က်ားငါးနွစ္ေကာင္ေလာက္တိုက္ခိုက္ခံရပါက ကုန္းေနတရိစၦာန္အၾကီးၾကီးတစ္ေကာင္ေတာင္ ေသနိုင္ပါတယ္။ က်ားငါးေတြပံုစံေတြကေတာ့ ျပားျပားနဲ႔ရွည္ၾကျပီး အရွည္ဆံုးကေတာ့ ၆ ေပေလာက္အထိရွိပါတယ္။ ဒီငါးရဲ့ အႏၱရာယ္အရွိဆံုး အပိုင္းကေတာ့ သူ႔ရဲ့သြားေတြျဖစ္ျပီး ဓါးေတြကဲ့သို႔ ခြ်န္ထက္ေနပါတယ္။

Puffer (ငါးပူတင္း)

ငါးပူတင္းေတြကေတာ့ ျမန္မာနိုင္ငံက လူေတြနဲ႔လည္း သိပ္မစိမ္းဘူးလို႔ ထင္ပါတယ္။ လူေတြ ေစ်းၾကီးၾကီးနဲ႔ ဝယ္စားေနၾကတဲ့ ငါးပူတင္းေတြကေတာ့ စားလို႔ေကာင္းေပမဲ့လည္း အင္မတန္ အဆိပ္ျပင္းၾကပါတယ္။ ငါးပူတင္းေတြကေတာ့ မ်ိဳးစိပ္ေပါင္း ၉၀ ေလာက္ရွိျပီး အၾကီးဆံုးမွာ ၃ ေပေလာက္အထိရွိပါတယ္။ ဒါေပမဲ့လည္း အဲ့ေလာက္ၾကီးမားတဲ့ ငါးပူတင္းကိုေတာ့ ေတြ႔ရတာရွားျပီး မ်ားေသာအားျဖင့္ ၁ ေပေအာက္ ဝန္းက်င္ အရြယ္အစားေတြကိုသာ ေတြ႔ရတာ မ်ားပါတယ္။ ငါးပူတင္းရဲ့ထူးျခားတဲ့အခ်က္ကေတာ့ ရန္သူနဲ႔ေတြ႔လ်ွင္သူတို႔ရဲ့ ခႏၶာကိုယ္ကို ပူစီေဖာင္းတစ္ခုအသြင္ ေဖာင္းလိုက္ျပီး သူတို႔ ခႏၶာကိုယ္မွာရွိတဲ့ ဆူးခြ်န္ေတြနဲ႔ တိုက္ခိုက္တတ္ပါတယ္။ ငါးပူတင္းကေတာ့ ေရခ်ိဳေရာ ေရငန္မွာပါေနနိုင္ပါတယ္။ ငါးပူတင္းေတြရဲ့ ကလီစာထဲမွာေတာ့ အလြန္အဆိပ္ျပင္းတဲ့ Neurotoxin လို႔ေခၚတဲ့အဆိပ္ေတြမ်ားစြားပါဝင္ပါတယ္။ ဒါေပမဲ့လည္း ဒီလို အဆိပ္ရွိတဲ့ငါးကိုေတာ့ လူေတြက တကယ္စပါယ္ရွယ္မီႏူးအျဖစ္ စားသံုးက်ပါတယ္။ ဒီငါးကိုစားသံုးျပီး ေသဆံုးမႈေတြ ခဏခဏျဖစ္ဖူးေသာ္လည္း ဂ်ပန္နိုင္ငံမွာဆိုရင္ေတာ့ ထိပ္တန္းအစားအစာတစ္ခု ျဖစ္ပါတယ္။

The Stronefish (ေက်ာက္တံုးငါး)

ရုတ္တရတ္ၾကည့္လိုက္ရင္ ေက်ာက္ဆံုးနဲ႔ တူတဲ့ ေက်ာက္တံုးငါးေတြကေတာ့ အႏၲရာယ္အေပးႏိုင္ဆုံး ငါးေတြထဲမွာ ထိပ္ဆုံးပိုင္းေနရာမွာ ပါဝင္ေနတဲ့ ငါးမ်ိဳးစိတ္တစ္ခုလည္း ျဖစ္ပါတယ္။ ေက်ာက္တံုးငါးေတြကိုေတာ့ အင္ဒိုနီးရွား – ပစိဖိတ္သမုဒၵရာ ရဲ႕ ေရတိမ္ပိုင္းေတြ၊ ေက်ာက္တုံးေတြ၊ သႏၲာေက်ာက္ေတြနဲ႔ ႐ႊံေတာေတြမွာ ကိုယ္ေယာင္ေဖ်ာက္ၿပီး ေနထိုင္ၾကပါတယ္။ ေက်ာက္တုံးငါးေတြက ၾကီးမားတဲ့ မ်က္လံုးနဲ႔ ခႏၶာကိုယ္ရွိျပီး ပင္လယ္ၾကမ္းျပင္မွာ မလႈပ္ရွားဘဲ ေနထိုင္တတ္ၾကပါတယ္။ ေက်ာက္တုံးငါးရဲ႕ အႏၲရာယ္ေပးႏိုင္တဲ့ ထူးျခားတဲ့အစြမ္းကေတာ့ အလြယ္တကူမျမင္ရဘဲ သူ႔အေပၚတက္နင္းမိရင္ အဆိပ္ေတြကို ေက်ာဘက္ဆူးေတာင္မွ ထိုးသြင္းႏိုင္ပါတယ္။ ေက်ာက္တံုးငါးေတြရဲ့ ဆူးေတာင္နဲ႔ အထိုးခံရၿပီဆိုရင္ေတာ့ ေသေစနိုင္ေလာက္တဲ့အထိ ျပင္းထန္တဲ့ ေဝဒနာကို ျဖစ္လာေစပါတယ္။

Electric Eel (လွ်ပ္စစ္ငါးရွဥ္႕)

လ်ွပ္စစ္ငါးရွဥ္ဆိုတဲ့ နာမည္ၾကားတာနဲ႔ ဒီငါးဟာ ဘယ္ေလာက္ အႏၱရာယ္ေပးနိုင္လည္းဆိုတာကို ေတြးမိေလာက္မွာပါ။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ ေတာင္အေမရိေရခ်ိဳေဒသေတြမွာ ေနထိုင္ၾကပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ေတြကေတာ့ ရွည္ေမ်ာေမ်ာ ခႏၶာကိုယ္ရွိျပီး အရွည္ဆံုးကေတာ့ ၉ ေပအထိရွိနိုင္ပါတယ္။ သူ႔ရဲ႕ အၿမီးပိုင္းဟာ ခႏၶာကိုယ္အလ်ားရဲ႕ ၄ ပုံတစ္ပုံေလာက္ရွိၿပီး ေအာက္ပိုင္းမွာေတာ့ ေရယက္ေလးေတြရွိပါတယ္။ လွ်ပ္စစ္ငါးရွဥ့္လို႔သာ အလြယ္ေခၚၾကေပမဲ့လည္း ယင္းငါးကေတာ့ငါးရွဥ့္ မ်ိဳးႏြယ္မဟုတ္ဘဲ အသားစားငါးငယ္တို႔နဲ႔မ်ိဳးတူတဲ့ characin ငါးမ်ိဳးျဖစ္ပါတယ္။ ဒါေပမဲ့လည္း ယင္းငါးပံုစံကေတာ့ ငါးရွဥ္႔နဲ႔ေတာ္ေတာ္ေလးကို တူပါတယ္။ ဒီလွ်ပ္စစ္ငါးရွဥ့္ေတြဟာ အေမဇုံသစ္ေတာမွာရွိတဲ့ ေရလႊမ္းသစ္ေတာမွာေတာ့ ေၾကာက္စရာအေကာင္းဆုံး သားရဲတစ္ေကာင္ပါပဲ။ လွ်ပ္စစ္ငါးရွဥ့္ေတြဟာ ေႏွးေႏွးေလးပဲသြားတတ္ျပီး အသက္႐ူဖို႔ ေရမ်က္ႏွာျပင္ေပၚကို ခဏခဏ တက္လာေလ့ရွိပါတယ္။ သူရဲ႕ ပါးစပ္ဟာ ေသြးေၾကာအမ်ားအျပားနဲ႔ ဖြဲ႕စည္းထားၿပီး သူ႔ရဲ႕ပါးစပ္ကို အဆုပ္အျဖစ္အသံုးခ်နိုင္ပါတယ္။ ဒါေၾကာင့္အစာစားေတာ့မယ္ဆိုရင္ ရန္သူကို လွ်ပ္စစ္နဲ႔ေလွ်ာ့ရိုက္ျပီး ေသသြားမွသာစားသံုးပါတယ္။ လွ်ပ္စစ္ငါးရွဥ့္ရဲ့ ထူးျခားခ်က္ကေတာ့ အၿမီးမွာ လွ်ပ္စစ္ထုတ္လုပ္တဲ့အဂၤါေတြပါဝင္ၿပီး ၃၀၀ ဗို႔ကေန ၆၅၀ ဗို႔ အထိထုတ္လုပ္ႏိုင္ကာ ဒီပမာဏဟာ လူတစ္ေယာက္ကို ေသေစေလာက္တဲ့အထိ ျပင္းအားရွိပါတယ္။

Vandellia Cirrhosa

ယင္းငါးေတြကေတာ့ ငါးခူမ်ိဳးႏြယ္ေတြျဖစ္ျပီး အေၾကးခြံမရွိၾကပါဘူး။ သူတို႔ကေတာ့ အေမဇံုျမစ္တေလ်ာက္လံုးမွာ က်က္စားေနထိုင္ပါတယ္။ ယင္းငါးခူကေတာ့ အလြန္ေသးငယ္တာေၾကာင့္ ကပ္ပါးငါးလို႔ေတာင္ ေခၚၾကပါတယ္။ သူ႔အရြယ္အစားကေတာ့ ၁ လက္မေလာက္ေတာင္မရွိပါဘူး။ သူကေတာ့ အေကာင္ေသးသေလာက္ေတာ္ေတာ္ကို အႏၱရာယ္မ်ားတဲ့ ငါးပါ။ ယင္းငါးေတြက ေသြးကိုေသာက္ေလ့ရွိၿပီး တျခားငါးေတြရဲ႕ ပါးဟပ္ေတြမွာ ေနထိုင္ၾကပါတယ္။ ဒီငါးရဲ႕ အႏၱရာယ္အရွိဆံုးအရာကေတာ့ ေရထဲဆင္းေနတဲ့ တိရစာၦန္ေတြနဲ႔၊ လူေတြရဲ႕ ဆီးလမ္းေၾကာင္းထဲကို ဝင္ေရာက္ႏိုင္တာျပီး သူ႔ရဲ႕ဆူးေတာင္ကို ခႏၶာကိုယ္အတြင္းပိုင္းမွာ ေထာင္လိုက္တဲ့အခ်ိန္မွာ ခႏၶာကိုယ္အတြင္းပိုင္းမွာ ေရာင္ယမ္းျခင္း၊ အတြင္းပိုင္းေသြးယိုစိမ့္မႈ ျဖစ္ျခင္းတို႔ ျဖစ္ေပၚေစျပီး ေနာက္ဆံုးေသေလာက္တဲ့အထိ ျပင္းထန္ပါတယ္။

unicode

ကမ္ဘာပေါ်မှာ အရသာရှိတဲ့ အစားအစာကို ပြပါဆိုလျှင် ငါးတွေကလည်း မပါမဖြစ်ပါဘဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ငါးတွေကို အများဆုံး စားသောက်နေကြပြီး အရသာလည်းရှိသလို အင်အားလည်းဖြစ်စေပါတယ်။ ငါးတွေရဲ့အသားက နူးညံသလို ရေမှာနေတဲ့ သတ္တဝါဖြစ်တာကြောင့် သင်တို့အနေနဲ့ သူတို့အားလုံးကို အန္တရာယ်မရှိဘူးလို့ ထင်နေရင်မှားသွားပါလိမ့်မယ်။ ရေနေသတ္တဝါတွေအကြောင်းကိုတော့ ကျွန်တော်တို့ ကမ္ဘာကြီးက သိထားတာ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ ကမ္ဘာပေါ်မှာလည်း လက်ရှိတွေ့ရှိထားတဲ့ ငါးမျိုးစိတ်ကတော့ ၃၀၀၀၀ ကျော်ဘဲရှိသေးတယ်လို့ သိရပါတယ်။ ငါးတွေထဲမှာတော့ စားလို့ရတဲ့ငါးရှိသလို၊ စားလို့မရတဲ့ ငါးတွေကလည်း အများကြီးပါ။ ပြီးတော့ ငါးတွေထဲမှာမှ အန္တရာယ်ပေးတတ်တဲ့ ငါးရှိသလို အဆိပ်ဖြစ်တတ်တဲ့ ငါးတွေလည်း ရှိပါတယ်။ ဒီလိုငါးတွေကတော့ ကျွန်တော်တို့လို လူသားတွေကို တိုက်ခိုက်တာတွေ ပြုလုပ်နိုင်ပြီး သူတို့ကို စားမိရင်လည်း အဆိပ်ဖြစ်စေပါသေးတယ်။ ဒါကြောင့် ပြောချင်လွန်းလို့ ပေ့ချ်က ယခုတစ်ခါဖော်ပြပေးချင်တာကတော့ လူသားတွေအတွက်ရော ကမ္ဘာပေါ်မှာရော အန္တရာယ်အရှိဆုံး ငါးမျိုးစိတ် ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။

Tiger Fish (ကျားငါး)

ကျားငါးကတော့ မြင်တွေ့ရတဲ့အတိုင်းပါဘဲ။ ဒီငါးကိုမြင်လိုက်တာနဲ့ အန္တရာယ်ပေးနိုင်တဲ့ငါးဆိုတာ အားလုံးခန့်မှန်းလို့ရလောက်ပါတယ်။ ယင်းငါးကို ကျားငါးလို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ ဒီငါးက သူ့အတွက် သားကောင်လို့ထင်တဲ့အရာမှန်သမျှကို ကျားတစ်ကောင်လို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်စွမ်းရှိလို့ပါဘဲ။ ကျားငါးတွေကတော့ အာဖရိကရေချိုကန်တွေမှာ တွေ့ရလေ့ရှိပါတယ်။ ကျားငါးနှစ်ကောင်လောက်တိုက်ခိုက်ခံရပါက ကုန်းနေတရိစ္ဆာန်အကြီးကြီးတစ်ကောင်တောင် သေနိုင်ပါတယ်။ ကျားငါးတွေပုံစံတွေကတော့ ပြားပြားနဲ့ရှည်ကြပြီး အရှည်ဆုံးကတော့ ၆ ပေလောက်အထိရှိပါတယ်။ ဒီငါးရဲ့ အန္တရာယ်အရှိဆုံး အပိုင်းကတော့ သူ့ရဲ့သွားတွေဖြစ်ပြီး ဓါးတွေကဲ့သို့ ချွန်ထက်နေပါတယ်။

Puffer (ငါးပူတင်း)

ငါးပူတင်းတွေကတော့ မြန်မာနိုင်ငံက လူတွေနဲ့လည်း သိပ်မစိမ်းဘူးလို့ ထင်ပါတယ်။ လူတွေ စျေးကြီးကြီးနဲ့ ဝယ်စားနေကြတဲ့ ငါးပူတင်းတွေကတော့ စားလို့ကောင်းပေမဲ့လည်း အင်မတန် အဆိပ်ပြင်းကြပါတယ်။ ငါးပူတင်းတွေကတော့ မျိုးစိပ်ပေါင်း ၉၀ လောက်ရှိပြီး အကြီးဆုံးမှာ ၃ ပေလောက်အထိရှိပါတယ်။ ဒါပေမဲ့လည်း အဲ့လောက်ကြီးမားတဲ့ ငါးပူတင်းကိုတော့ တွေ့ရတာရှားပြီး များသောအားဖြင့် ၁ ပေအောက် ဝန်းကျင် အရွယ်အစားတွေကိုသာ တွေ့ရတာ များပါတယ်။ ငါးပူတင်းရဲ့ထူးခြားတဲ့အချက်ကတော့ ရန်သူနဲ့တွေ့လျှင်သူတို့ရဲ့ ခန္ဓာကိုယ်ကို ပူစီဖောင်းတစ်ခုအသွင် ဖောင်းလိုက်ပြီး သူတို့ ခန္ဓာကိုယ်မှာရှိတဲ့ ဆူးချွန်တွေနဲ့ တိုက်ခိုက်တတ်ပါတယ်။ ငါးပူတင်းကတော့ ရေချိုရော ရေငန်မှာပါနေနိုင်ပါတယ်။ ငါးပူတင်းတွေရဲ့ ကလီစာထဲမှာတော့ အလွန်အဆိပ်ပြင်းတဲ့ Neurotoxin လို့ခေါ်တဲ့အဆိပ်တွေများစွားပါဝင်ပါတယ်။ ဒါပေမဲ့လည်း ဒီလို အဆိပ်ရှိတဲ့ငါးကိုတော့ လူတွေက တကယ်စပါယ်ရှယ်မီနူးအဖြစ် စားသုံးကျပါတယ်။ ဒီငါးကိုစားသုံးပြီး သေဆုံးမှုတွေ ခဏခဏဖြစ်ဖူးသော်လည်း ဂျပန်နိုင်ငံမှာဆိုရင်တော့ ထိပ်တန်းအစားအစာတစ်ခု ဖြစ်ပါတယ်။

The Stronefish (ကျောက်တုံးငါး)

ရုတ်တရတ်ကြည့်လိုက်ရင် ကျောက်ဆုံးနဲ့ တူတဲ့ ကျောက်တုံးငါးတွေကတော့ အန္တရာယ်အပေးနိုင်ဆုံး ငါးတွေထဲမှာ ထိပ်ဆုံးပိုင်းနေရာမှာ ပါဝင်နေတဲ့ ငါးမျိုးစိတ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျောက်တုံးငါးတွေကိုတော့ အင်ဒိုနီးရှား – ပစိဖိတ်သမုဒ္ဒရာ ရဲ့ ရေတိမ်ပိုင်းတွေ၊ ကျောက်တုံးတွေ၊ သန္တာကျောက်တွေနဲ့ ရွှံတောတွေမှာ ကိုယ်ယောင်ဖျောက်ပြီး နေထိုင်ကြပါတယ်။ ကျောက်တုံးငါးတွေက ကြီးမားတဲ့ မျက်လုံးနဲ့ ခန္ဓာကိုယ်ရှိပြီး ပင်လယ်ကြမ်းပြင်မှာ မလှုပ်ရှားဘဲ နေထိုင်တတ်ကြပါတယ်။ ကျောက်တုံးငါးရဲ့ အန္တရာယ်ပေးနိုင်တဲ့ ထူးခြားတဲ့အစွမ်းကတော့ အလွယ်တကူမမြင်ရဘဲ သူ့အပေါ်တက်နင်းမိရင် အဆိပ်တွေကို ကျောဘက်ဆူးတောင်မှ ထိုးသွင်းနိုင်ပါတယ်။ ကျောက်တုံးငါးတွေရဲ့ ဆူးတောင်နဲ့ အထိုးခံရပြီဆိုရင်တော့ သေစေနိုင်လောက်တဲ့အထိ ပြင်းထန်တဲ့ ဝေဒနာကို ဖြစ်လာစေပါတယ်။

Electric Eel (လျှပ်စစ်ငါးရှဉ့်)

လျှပ်စစ်ငါးရှဉ်ဆိုတဲ့ နာမည်ကြားတာနဲ့ ဒီငါးဟာ ဘယ်လောက် အန္တရာယ်ပေးနိုင်လည်းဆိုတာကို တွေးမိလောက်မှာပါ။ လျှပ်စစ်ငါးရှဥ့်တွေဟာ တောင်အမေရိရေချိုဒေသတွေမှာ နေထိုင်ကြပါတယ်။ လျှပ်စစ်ငါးရှဥ့်တွေကတော့ ရှည်မျောမျော ခန္ဓာကိုယ်ရှိပြီး အရှည်ဆုံးကတော့ ၉ ပေအထိရှိနိုင်ပါတယ်။ သူ့ရဲ့ အမြီးပိုင်းဟာ ခန္ဓာကိုယ်အလျားရဲ့ ၄ ပုံတစ်ပုံလောက်ရှိပြီး အောက်ပိုင်းမှာတော့ ရေယက်လေးတွေရှိပါတယ်။ လျှပ်စစ်ငါးရှဥ့်လို့သာ အလွယ်ခေါ်ကြပေမဲ့လည်း ယင်းငါးကတော့ငါးရှဥ့် မျိုးနွယ်မဟုတ်ဘဲ အသားစားငါးငယ်တို့နဲ့မျိုးတူတဲ့ characin ငါးမျိုးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယင်းငါးပုံစံကတော့ ငါးရှဉ့်နဲ့တော်တော်လေးကို တူပါတယ်။ ဒီလျှပ်စစ်ငါးရှဥ့်တွေဟာ အမေဇုံသစ်တောမှာရှိတဲ့ ရေလွှမ်းသစ်တောမှာတော့ ကြောက်စရာအကောင်းဆုံး သားရဲတစ်ကောင်ပါပဲ။ လျှပ်စစ်ငါးရှဥ့်တွေဟာ နှေးနှေးလေးပဲသွားတတ်ပြီး အသက်ရူဖို့ ရေမျက်နှာပြင်ပေါ်ကို ခဏခဏ တက်လာလေ့ရှိပါတယ်။ သူရဲ့ ပါးစပ်ဟာ သွေးကြောအများအပြားနဲ့ ဖွဲ့စည်းထားပြီး သူ့ရဲ့ပါးစပ်ကို အဆုပ်အဖြစ်အသုံးချနိုင်ပါတယ်။ ဒါကြောင့်အစာစားတော့မယ်ဆိုရင် ရန်သူကို လျှပ်စစ်နဲ့လျှော့ရိုက်ပြီး သေသွားမှသာစားသုံးပါတယ်။ လျှပ်စစ်ငါးရှဥ့်ရဲ့ ထူးခြားချက်ကတော့ အမြီးမှာ လျှပ်စစ်ထုတ်လုပ်တဲ့အင်္ဂါတွေပါဝင်ပြီး ၃၀၀ ဗို့ကနေ ၆၅၀ ဗို့ အထိထုတ်လုပ်နိုင်ကာ ဒီပမာဏဟာ လူတစ်ယောက်ကို သေစေလောက်တဲ့အထိ ပြင်းအားရှိပါတယ်။

Vandellia Cirrhosa

ယင်းငါးတွေကတော့ ငါးခူမျိုးနွယ်တွေဖြစ်ပြီး အကြေးခွံမရှိကြပါဘူး။ သူတို့ကတော့ အမေဇုံမြစ်တလျောက်လုံးမှာ ကျက်စားနေထိုင်ပါတယ်။ ယင်းငါးခူကတော့ အလွန်သေးငယ်တာကြောင့် ကပ်ပါးငါးလို့တောင် ခေါ်ကြပါတယ်။ သူ့အရွယ်အစားကတော့ ၁ လက်မလောက်တောင်မရှိပါဘူး။ သူကတော့ အကောင်သေးသလောက်တော်တော်ကို အန္တရာယ်များတဲ့ ငါးပါ။ ယင်းငါးတွေက သွေးကိုသောက်လေ့ရှိပြီး တခြားငါးတွေရဲ့ ပါးဟပ်တွေမှာ နေထိုင်ကြပါတယ်။ ဒီငါးရဲ့ အန္တရာယ်အရှိဆုံးအရာကတော့ ရေထဲဆင်းနေတဲ့ တိရစ္ဆာန်တွေနဲ့၊ လူတွေရဲ့ ဆီးလမ်းကြောင်းထဲကို ဝင်ရောက်နိုင်တာပြီး သူ့ရဲ့ဆူးတောင်ကို ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထောင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရောင်ယမ်းခြင်း၊ အတွင်းပိုင်းသွေးယိုစိမ့်မှု ဖြစ်ခြင်းတို့ ဖြစ်ပေါ်စေပြီး နောက်ဆုံးသေလောက်တဲ့အထိ ပြင်းထန်ပါတယ်။

Leave a Reply