သီဟတင်စိုး၏အမှုအားလီဆယ်တိုင်ကြားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့အတည်ပြု
အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့ပါသည်။အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက်မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိမ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၄င်းမှ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော(၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ဒေါ်—-၏ နေအိမ်တွင် အိမ် အကူအဖြစ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လစာ(၁)သိန်းခွဲရရှိကြောင်း၊ အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုမှဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် ဈေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောက်ျားမရှိသဖြင့်အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန်အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တ အကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊
၎င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ပဉ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိတိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာအဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးဈေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ၎င်းအား သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့် ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှစေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။
မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အားစစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အားသားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၄င်းမှ ဈေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ဇနီး ဇင်မာဦး အား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့်သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိ ရပါသည်။အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်းမသင်းသင်းထက်အောင်မှ တရားလိုပြု လုပ်၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ)ညိုညို(ခ)ဇင်မာမြင့်မှ တရားလိုပြုလုပ်၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရပါ သည်။
Can’t Wait To Say
Unicode
လွန်ခဲ့တဲ့တစ်ပတ်လောက်မှာထွက်ပေါ်လာခဲ့တဲ့ သရုပ်ဆောင်သီဟတင်စိုးက သူ့နေအိမ်မှ အိ်မ်အကူအမျိုးသမီးဒေါ်ဇင်မာမြင့်ကို မဖွယ်မရာပြုပါတယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခြင်းရဲ့ အဖြစ်မှန်ကပေါ်ပေါက်လို့လာခဲ့ပါပြီ။ ဒီတိုင်ကြားမှုဖြစ်ဖြစ်ချင်း ရဲတပ်ဖွဲ့က သီဟတင်စိုးရဲ့ နေအိမ်ကိုသွားရောက်ခဲ့ပေမယ့် သီဟတင်စိုးကိုမတွေ့ခဲ့တဲ့အပြင် နောက်ရက်အတန်ကြာသည်အထိ ရဲစခန်းကိုရောက်လာခြင်းမရှိတဲ့အဖြစ်ကို သီဟတင်စိုးက ပစ္စယမီဒီယာနဲ့ဖုန်းအဆက်အသွယ်ရရှိခဲ့ရာမှာ အိမ်အကူရဲ့အခန်းထဲကို သူ ခြေတစ်လှမ်းတောင်မကျူးဖူးကြောင်းနဲ့နှလုံးခွဲထားတာဖြစ်လို့အရက်လည်းမသောက်ကြောင်း၊ သူ့မှာအပြစ်မရှိကြောင်း၊ခုလိုလူထွက်မလာဘူးဆိုတာကလည်း ကြောက်လို့ရှောင်နေတာမဟုတ်ပဲ အချိန်မကျသေးလို့ထွက်မလာသေးတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး 18.7.2018 နေ့လည် တစ်နာရီငါးဆယ့်ငါးမိနစ်မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်သွားပြီဖြစ်ကြောင်းလူထုကိုအသိပေးအကြောင်းကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သီဟတင်စိုးရဲ့အမှုနဲ့ပတ်သက်ပြီး Official Facebook Page ကနေတစ်ဆင့်
“ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးအပေါ် အိမ်အကူဖြစ်သူ ဒေါ်ခင်မာမြင့်ကမုဒိမ်းမှုဖြင့် အရေးယူ ပေးရန် တိုင်တန်းသည့် အမှုနှင့်စပ်လျဉ်း၍ အမှုမှန် ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ မှုခင်းဖော်ထုတ်ရေးရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ရာ တိုင်တန်းသည့် အမှုမှာ မှန်ကန်မှု မရှိကြောင်း သိရှိရပါသည်။ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ ပြည်ထောင်စုရိပ်မွန်အိမ်ရာရှိ ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အသက်(၇၅)နှစ်အရွယ်ရှိဒေါ်ဇင်မာဦး၏ မိခင်ဖြစ်သူအား ပြုစုရန် အိမ်အကူဖြစ်သူခင်မာမြင့်(၄၀)နှစ်အား အခင်းမဖြစ်မီ (၈)ရက်ခန့်က ခေါ်ယူထားရှိခဲ့ရာ၁၃-၇-၂၀၁၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဒေါ်ဇင်မာဦးမှ အပြင်သို့သွားရောက်နေစဉ် သီဟတင်စိုးမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီးခင်မာမြင့်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းချက်အရသုဝဏ္ဏ နယ်မြေရဲစခန်း(ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။
အမှုမှန်ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ််၍ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲတပ်ဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်း စုံစမ်းဆောင်ရွက်ခဲ့ပါသည်။အထူးအမှုစစ်အဖွဲ့မှ တရားလို ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အား သက်သေများနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ) ဇင်မာမြင့်မှာ လွန်ခဲ့သော (၄)နှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်ပြီးနောက်မိသားစုစားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူလုပ်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ပြီး ဒေါ်ညိုမှ အိ်မ်အကူလုပ်၍ အိမ်ရှင်ယောက်ျားများအား မိန်းမမူယာမာယာဖြင့် မြူဆွယ်၍ မုဒိမ်းမှုဖြစ်အောင် ပြုလုပ်ရန်နှင့် အမှုဖြစ်ပါက ငွေကြေးညှိနှိုင်းသည့် ကိစ္စကို ၄င်းမှ တာဝန် ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုပြီး လုပ်ကြံဖန်တီး၍ ရရှိသောငွေကြေးကို ခွဲဝေသုံးစွဲမည်ဟု သင်ကြားပေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်စစ်ဆေးခဲ့ရာ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်သည် လွန်ခဲ့သော(၄)နှစ်ခန့်က ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ဒေါ်—-၏ နေအိမ်တွင် အိမ် အကူအဖြစ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လစာ(၁)သိန်းခွဲရရှိကြောင်း၊ အိမ်ရှင်၏ ခင်ပွန်းမှာ ဗိုလ်မှူး (ငြိမ်း) ဖြစ်ကြောင်း၊ အိမ်အကူလုပ်ရင်း အိမ်ရှင်အမျိုးသားအား မြူဆွယ်ရန် အဆင်မပြေသဖြင့် တစ်နှစ်ခန့်နေပြီး အလုပ်မှ ထွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညိုမှဆက်သွယ်ပေးမှုဖြင့် ပုဇွန်တောင်မြို့နယ် စျေးအနီးရှိ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာ အဆိုပါအိမ်တွင် မြူဆွယ်လုပ်ကြံဖန်တီးရန် ယောက်ျားမရှိသဖြင့်အဆင်မပြေ၍ အလုပ်မှ ထွက်ခဲ့ကြောင်း၊ တတိယအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဗဟန်းမြို့နယ်နေ ရုပ်ရှင်သရုပ်ဆောင် နေဆန်း၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ကြောင်း၊ကိုနေဆန်းတို့ လင်မယားမှာ ခရီးထွက်နေကြသဖြင့် နေအိမ်တွင်ကလေးများနှင့် ကိုနေဆန်း၏ မိခင်သာကျန်ရှိခြင်းကြောင့် မြူဆွယ်ရန်အဆင်မပြေ၍ အလုပ်မှထွက်ခဲ့ကြောင်း၊ စတုတ္တ အကြိမ် အိမ်အကူလုပ်ငန်းကိုလည်း ဒေါ်ညို၏ အဆက်အသွယ်ဖြင့် ဒဂုံအရှေ့မြို့နယ်၊ (၉)ရပ်ကွက်ရှိ နေအိမ်တွင်လုပ်ကိုင်ခဲ့ကြောင်း၊
၄င်းအိမ်တွင်လည်း ရောဂါသည်အဖွားအိုတစ်ဦးသာ နေထိုင်ခဲ့ခြင်းကြောင့် မြူဆွယ်ရန် အဆင်မပြေ သဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ပဥ္စမအကြိမ်အိမ်အကူလုပ်ငန်းကို တာမွေမြို့နယ်ရှိတိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးတစ်ဦး၏ နေအိမ်တွင် လုပ်ကိုင်ခဲ့ရာအဆင်မပြေသဖြင့် အလုပ်မှထွက်ခဲ့ကြောင်း၊ ဆဋ္ဌမအကြိမ် အိမ်အကူလုပ်ငန်းကို ဒေါ်ညို၏ ဆက်သွယ်ပေးမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးစျေးအနီးရှိ တရုတ်လူမျိုးတစ်ဦး၏နေအိမ်တွင် အိမ်အကူလုပ်ခဲ့ရာ အိမ်ရှင်မိသားစုမှာ ရန်ကုန်သွားနေစဉ် ၄င်းနေအိမ်တွင် အလုပ်လုပ်သည့် ကုလားဆိုသူမှ၄င်းအား သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ရာ မအောင်မြင်သဖြင့် ဒေါ်ညိုအား ပြောပြခဲ့ရာ ဒေါ်ညိုမှ သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုပြောဆိုရန် သင်ပေးပြီး တရုတ်မိသားစုထံမှ လျော်ကြေးငွေတောင်းခံခဲ့သော်လည်း အဆင်မပြေသဖြင့် ပဲခူးအမှတ် (၃)ရဲစခန်းတွင် သားမယားအဖြစ်ပြုကျင့်ခံရသည်ဟု မမှန်မကန်လီဆယ်တိုင်ကြားရန် ဒေါ်ညိုမှစေခိုင်းခြင်းကြောင့် တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။
ရုပ်ရှင်သရုပ်ဆောင် သီဟတင်စိုးနေအိမ်တွင် အိမ်အကူလုပ်ရန် ဒေါ်ညို၏ဆက်သွယ်ပေးမှုကြောင့် ၅-၇-၂၀၁၈ ရက်နေ့တွင် ရောက်ရှိခဲ့ပြီးအသက်(၇၅)နှစ်အရွယ်ရှိ ဒေါ်ဇင်မာဦး၏ မိခင်အား ပြုစုပေးရန် ခေါ်ယူထားခြင်းဖြစ်ရာ ဒေါ်ဇင်မာဦးမရှိခိုက် သီဟတင်စိုးမှ ၄င်းအား သားမယားပြုကျင့်ခဲ့ကြောင်း လိမ်ညာ ပြောဆိုရန် ဒေါ်ညို သင်ပြသည့်အတိုင်းလိမ်ညာပြောဆို ကြံစည်၍အမှုရေးဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မခင်မာမြင့်အား အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို(၆၅)နှစ်အားစစ်ဆေးခဲ့ရာ သီဟတင်စိုးမှ ခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်အားသားမယားပြုကျင့်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၄င်းမှ စျေးစကားပြောမည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး၊ သီဟတင်စိုး၏ဇနီး ဇင်မာဦး အား နစ်နာမှုအတွက် ငွေကျပ်သိန်း(၁၀၀)ပေးပါကကျေနပ်မည်ဖြစ်ကြောင်း တောင်းဆိုမှုအပေါ် လိုက်နာခြင်းမရှိသဖြင့်သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်းသိရှိ ရပါသည်။အလားတူ ဖြစ်စဉ်မျိုး သာကေတနယ်မြေရဲစခန်းတွင်လည်းမသင်းသင်းထက်အောင်မှ တရားလိုပြု လုပ််၍ ဆရာဝန်တစ်ဦးအားအမှုရေးဖွင့်တိုင်တန်းခဲ့ဖူးကြောင်း၊ ပဲခူးမြို့မရဲစခန်းတွင်လည်း ခင်မာညို(ခ)ညိုညို(ခ)ဇင်မာမြင့်မှ တရားလိုပြုလုပ််၍ အမျိုးသားတစ်ဦးအား မုဒိမ်းမှုဖြင့် ရေးဖွင့်တိုင်တန်းခဲ့ကြောင်း သိရပါ သည်။
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သရုပ်ဆောင် သီဟတင်စိုးအပေါ်မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းချက်မှာ မှန်ကန်မှုမရှိဘဲ တရားလိုခင်မာမြင့်(ခ)ညိုညို(ခ)ဇင်မာမြင့်နှင့် ဒေါ်ညိုတို့ပူးပေါင်း၍ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ဖော်ထုတ်ရရှိသဖြင့် ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။” လို့ ရေးသားတင်ပြထားခဲ့ပြီး အမှှုနဲ့ပတ်သက်ပြီး ပြည်သူကိုရှင်းလင်းထားခဲ့တာဖြစ်ပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရေ.. ပရိသတ်ချစ်တဲ့သိီဟတင်စိုးရဲ့အမှုကတော့ အမှုမှန်ပေါ်ပေါက်သွားပြီမို့ ပရိသတ်ကြီးလည်းဝမ်းသာနေကြမယ်ထင်ပါတယ်။ဒီအမှုဟာ ရေရှည်မှာအမှန်တရားဘက်ကသာ နိုင်စမြဲပဲဆိုတာ သက်သေပြလိုက်ခြင်းပါပဲ။
Can’t Wait To Say