ချစ်သူ အသစ်ကလေးနဲ့ ပျော်ရွှင်နေတဲ့ ကိုကိုထွန်းထွန်း

ကိုကိုထွန်းထွန်းလို့ သူ့ရဲ့ ချစ်ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ ထွန်းထွန်းကတော့ ချစ်သူအသစ်ကလေးနဲ့ ပျော်ရွှင်နေပုံရပါတယ်။ အရင်က ခပ်ချေချေ မင်းသမီးလေးနဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အချစ်ရေး နဲ့ ပတ်သက်ပြီး နည်းနည်း တိတ်ဆိတ်နေခဲ့သူပါ။ အခုတော့ ချစ်စရာ ကောင်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ အချစ်ရေးကတော့ အေးဆေးဆေးဆေးဖြစ်နေပုံရပါတယ်။

သူနဲ့ သူ့ကောင်မလေးရဲ့ ဓာတ်ပုံတွေကိုတော့ ကိုကိုထွန်းထွန်းက သူ့ရဲ့ Instagram အကောင့်မှာ တင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ မကြာခင်ကပဲ သူတင်ထားတဲ့ ဓာတ်ပုံ တစ်ပုံမှာတော့ ၁၅၀ ဆိုပြီး ရေးထားခဲ့တာမို့ ချစ်သူနဲ့ ချစ်သက်တမ်းကတော့ ရက်ပေါင်း ၁၅၀ ကျော်ရှိနေပြီလို့ ထင်ပါတယ်။

အမှတ်တရနေ့လေးတွေမှာ ချစ်စရာ caption လေးတွေနဲ့ ဓာတ်ပုံလေးတွေ တင်ထားတဲ့ ကိုကိုထွန်းထွန်းနဲ့ သူ့ရဲ့ ချစ်သူတို့ရဲ့ ပုံရိပ်လေးတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ထွန်းထွန်းက လက်ရှိမှာတော့ ရုပ်ရှင်ကားတွေ အဆက်မပြတ် ရိုက်ကူးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။

#Zin