ယနေ့တိုင် ပုရိသတွေရဲ့အချစ်ကို စိုးမိုးထားဆဲ ၂၀ရာစုရဲ့ အလှပဂေးများ

အလှအပသတ်မှတ်ချက်၊ဖော်ပြချက်တွေဟာ သူ့အချိန်နဲ့သူ ပြောင်းလဲလျက်နေပါတယ်။ဒါပေမယ့် ဆယ်စုနှစ်တစ်ခုတိုင်အောင် အားလုံးကိုချစ်ခင်စုံမက်စေနိုင်စွမ်းရှိတဲ့အလှတရားများနဲ့ လေးစားအားကျစရာကောင်းတဲ့အမျိုးသမီးများလည်း ရှိပါတယ်။ဒီလို အာရုံဖယ်ခွာလို့မရနိုင်တဲ့ သူတို့ရဲ့အလှတရားလျို့ဝှက်ချက်က ဘာလဲဆိုတာမသိပေမယ့် တန်ဖိုးဖြတ်မရတဲ့အလှတရားကိုယ်စီပိုင်ဆိုင်တဲ့ အမျိုးသမီးတွေကို အမှတ်ရတဲ့အနေနဲ့ စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။

1.Ursula Andress

ပထမဆုံး’Bond Girl’အဖြစ် မှတ်မိနေဆဲဖြစ်တဲ့ ဆွီဒင်မင်းသမီးကတော့ Dr. Noကားထဲက ပင်လယ်ထဲကနေ ရေကူးဝတ်စုံအဖြူရောင်နဲ့ဘွားကနဲပေါ်လာတဲ့ အခိုက်အတန့်လေးနဲ့ သတိထားခံခဲ့ရတာဖြစ်ပြီး ပြောစမှတ်တွင်ရလောက်အောင်ကို ကျော်ကြားစေခဲ့ပါတယ်။

2.Jane Birkin

အင်္ဂလိပ်-ပြင်သစ် အဆိုတော်၊မင်းသမီး၊မော်ဒယ်၊တေးရေးတစ်ယောက်ဖြစ်တဲ့ သူမကတော့ သဘာဝဆန်ခြင်းရဲ့အရည်အသွေးကို ကောင်းစွာဖော်ကျူးးးနိုင်သူဖြစ်ပါတယ်။

3.Catherine Deneuve

ဒီပြင်သစ်မင်းသမီးကတော့ 60’sနဲ့70’sကာလတွေမှာ အားလုံးကိုဆွဲဆောင်နိုင်စွမ်းရှိခဲ့သူဖြစ်ပြီး အောင်မြင်တဲ့မော်ဒယ်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။သူမဟာ ChanelNo.5ရဲ့ပင်မဖြစ်လာပြီး L’Oreal Paris,MAC,Louis Vuittonခရီးဆောင်အိတ် အစရှိတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ အလုပ်တွဲလုပ်ခဲ့ပါတယ်။

4.Rita Hayworth

အမေရိကန်မင်းသမီးနဲ့အကသမားဖြစ်တဲ့ Hayworthကတော့ ထိပ်တန်းစတားတစ်ယောက်အဖြစ်အောင်မြင်နေချိန်1940အတွင်း ပိုမိုရေပန်းစားအောင် စွမ်းဆောင်နိုင်စွမ်းရှိခဲ့ပါတယ်။ဤသို့ သူမတူတဲ့ ထူးခြားတဲ့အလှတရားနဲ့အောင်မြင်သူဖြစ်လင့်ကစား သူမရဲ့အိမ်ထောင်ရေးပိုင်းမှာတော့ သူမမအောင်မြင်ခဲ့ပါဘူး။သူမဟာ လက်ထပ်ပြီး 5ကြိမ်တိုင်တိုင်ကွာရှင်းမှုပြုခဲ့သူဖြစ်ပါတယ်။

5.Judy Garland

သူမကတော့ 17နှစ်အရွယ် သူမပါဝင်တဲ့The Wizard of Ozကားထဲက Dorothyအခန်းနဲ့ စတင်နာမည်ကြီးလညသူဖြစ်ပါတယ်။သူမရဲ့ကြီးမားတဲ့မျက်လုံးတွေဟာ အထိတ်တလံ့အံ့သြနေတဲ့ ကလေးငယ်တစ်ယောက်အလားပါပဲ။

6.Sophia Loren

ကမ္ဘာတဝှမ်းနာမည်ကြီးတဲ့ အီတာလျံအလှပဂေးကတော့ သူမရဲ့အလှအပနည်းလေးတွေကို မကြာမကြာမျှဝေပေးတတ်သူပါ။”အလှတရားဆိုတာ ရုပ်ပိုင်းဆိုင်ရာအလှဆိုတာထက် သင့်အတွင်းကဘယ်လိုဘယ်ပုံခံစားနေရတာကို မျက်လုံးကတစ်ဆင့်တိုက်ရိုက်ဘာသာပြန်ဖော်ပြနေခြင်းသာဖြစ်တယ်”လို့လည်း သူမကဆိုခဲ့ပါသေးတယ်။

7.Pearl Bailey

အရည်အချင်းရှိပြီးလှပတဲ့ အမေရိကန်သရုပ်ဆောင်အဆိုတော်ကတော့ 15နှစ်အရွယ်ကတည်းက စင်မြင့်တွေပေါ်မှာ အမိုက်စားဖျော်ဖြေဖြေနေခဲ့ပြီဖြစ်ပါတယ်။သူမရွေးချယ်ခဲ့တဲ့လမ်းကြောင်းမှာပဲ ဆုတွေလည်းဆွတ်ခူးခဲ့သလို စာအုပ်ပေါင်းများစွာလည်း ရေးသားခဲ့ပါတယ်။

8.Britt Ekland

ရှားပါးတဲ့အလှတရားနဲ့ ဆွီဒင်အဆိုတော်မင်းသမီးကတော့ 1970ကာလတွေမှာ ပုရိသတွေရဲ့အာရုံတွေကိုများစွာဖမ်းစားနိုင်ခဲ့သလို ကမ္ဘာတဝှမ်းဓာတ်ပုံရိုက်ကူးမှုအများဆုံးမင်းသမီးစာရင်းထဲမှာလည်း ပါဝင်ခဲ့ပါတယ်။သူမရဲ့ခင်ပွန်းဖြစ်တဲ့ Peter Sellersတောင် သူမရဲ့ဓာတ်ပုံကိုစာစောင်တွေမှာမြင်ခဲ့ပြီးနောက် သူမကိုချစ်ရေးဆိုခဲ့တာဖြစ်ပါတယ်။

9.Marilyn Monroe

မွန်ရိုးနဲ့ပတ်သက်ပြီးကတော့ သူ့အကြောင်းတွေအသေးစိတ်ဖော်ပြနေဖို့မလိုအပ်သလို သူ့အကြောင်းမသိသူဆိုတာလည်းရှားပါတယ်။1950sကာလတွေရဲ့ အကျော်အမော်ဖြစ်ခဲ့တဲ့သူမဟာ ရာသီချိန်တွေဘယ်လိုဘယ်ပုံပာအလီလီပြောင်းလဲ ရာစုနှစ်တွေဘလိုပြောင်းပြောင်း အလှဆုံးအမျိုးသမီးစာရင်းထဲမှာ နေရာယူထားဆဲဖြစ်သလို သူမရဲ့တမူကွဲထွက်နေတဲ့စတိုင်ကလည်း ယနေ့တိုင်ကမ္ဘာတဝှမ်းကအမျိုးသမီးတွေ အတုခိုးနေရဆဲဖြစ်ပါတယ်။