သင့်နောက်ကထပ်ချပ်မခွာလိုက်နေတဲ့ နည်းပညာရဲ့ခြေလှမ်းများ

နေ့စဉ်ဘဝမှာ ဘာရှိရင်ကောင်းမယ်၊ဘာရှိရင်တော့ ငါကသက်သာမှာပဲဆိုပြီး အကြိမ်ကြိမ်တွေးခဲ့တဲ့အရာတွေ မဖြစ်နိုင်ဘူးထင်ပြီးသင့်စိတ်ကူးထဲမှာပဲရှိခဲ့တဲ့အရာတွေဟာ သင့်မျက်စိရှေ့မှာပဲဖြစ်လာနေပြီဖြစ်ပါတယ်။ဆန်းသစ်တီထွင်မှုတိုင်းကို လိုက်ပြီးစမ်းသပ်သုံးစွဲမှုမလုပ်ရသေးခင်မှာပဲ နည်းပညာက အံ့သြစရာကောင်းလောက်အောင်ကို စေ့စပ်စွာချပြလာတဲ့နောက်မှာတော့……။ ။

1.Spotmini

ခွေးအစစ်မမွေးနိုင်သူတွေအတွက် ခြေ4ချောင်းပါဝင်တဲ့စက်ရုပ်ဖြစ်ပါတယ်။သင်နဲ့အတူလမ်းလျှောက်ပေးနိုင်တယ်၊လှေကားအတက်အဆင်းလုပ်နိုင်တယ်၊အရာဝတ္ထုတွေကို ကောက်နိုင်၊ထိန်းနိုင်တဲ့အပြင် တိရစ္ဆာန်တစ်ကောင်မဟုတ်တာကြောင့် အသေးစိတ်လိုက်ဂရုစိုက်နေစရာလည်းမလိုပါဘူး။သေချာတာက ထူးဆန်းတဲ့ပုံပန်းသဏ္ဍာန်ကြောင့် သင့်အိမ်ကကလေးတွေလည်း သဘောကျမှာပါ။

2.Bakblade

ဘသူ့အကူအညီမှယူစရာမလိုပဲ သင့်နောက်ကျောကအမွှေးတွေကို အလွယ်တကူရိတ်နိုင်မယ့် ကိရိယာလေးပါ။အထူးသဖြင့် နောက်ကျောကထူထဲနေတဲ့အမွှေးအမျှင်တွေကိုရိတ်လိုတဲ့ အမျိုးသားတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး သင့်ကိုနာကျင်စေခြင်းမရှိပါဘူး။

3.Sgnl

Sgnlဆိုတာကတော့ သင့်ရဲ့လက်ညှိုးလေးနဲ့ပဲ ဖုန်းအဝင်အထွက်ပြုလုပ်နိုင်မယ့် ဖိုင်ကြိုးဖြစ်ပါတယ်။နာရီတွေနဲ့ချိတ်ဆက်တပ်ဆင်ထားနိုင်ပြီး တိုက်ရိုက်အသုံးပြုနိုင်ဖို့ ဖုန်းနဲ့bluetoothချိတ်ထားရုံပါပဲ။

4.Muzo

နေ့စဉ်ဘဝမှာ သင့်ပတ်ဝန်းကျင်ကဆူညံသံတွေကြောင့် သင်အနှောင့်အယှက်ဖြစ်နေလား?သင့်ရဲ့အနီးအနားကအသံတွေကြောင့် အလုပ်မှာအာရုံစိုက်မရဖြစ်နေတာလား?လူမှုပတ်ဝန်းကျင်အများသွားလာတဲ့နေရာတွေဖြစ်လို့ ကိုယ့်စိတ်အလိုအတိုင်းဖြစ်ဖို့တော့ မလွယ်ဘူးလို့ သင်ထင်နေမှာပေါ့။မပူပါနဲ့ သင့်တစ်ကိုယ်စာတိတ်ဆိတ်ငြိမ်သက်မှုကို ဖန်တီးပေးနိုင်မယ့် Muzoဆိုတဲ့ကိရိယာလေးရှိပါတယ်။

5.Nora

ဒီတစ်ခါအရမ်းဟောက်တတ်တဲ့သူတွေကို အညင်သာဆုံးနည်းနဲ့ဟောက်သံတွေကိုရပ်စေမယ့် Noraဆိုတဲ့ကိရိယာလေးပါ။ပုံပါအတိုင်း ကိရိယာပါဝင်ပစ္စည်းတွေကို စနစ်တကျတပ်ဆင်ထားရှိခြင်းအားဖြင့် သင်စဟောက်လာတာနဲ့တပြိုင်နက် အဆိုပါကိရိယာဟာ သင့်ကိုမနိုးစေပဲ သင့်ရဲ့ခေါင်းကို ညင်သာစွာရွေ့စေမှာဖြစ်ပါတယ်။ဒီလိုအနေအထားပြောင်းပေးခြင်းအားဖြင့် သင့်ရဲ့ဆူညံနေတဲ့တခေါခေါဟောက်သံရပ်သွားမှာဖြစ်ပြီး သင့်အိပ်ဖော်လည်း ဆူညံခြင်းမရှိနှစ်ခြိုက်စွာ အိပ်စက်နိုင်ပြီပေါ့။

6.Scribble

ဒီpenလေးကတော့ နေ့စဉ်ပတ်ဝန်းကျင်ကအရာတွေရဲ့အရောင်တွေကို စက္ကန့်ပိုင်းအတွင်း ဖမ်းယူနိုင်တဲ့penဖြစ်ပါတယ်။ထို့အပြင် နည်းပညာမြင့်မားတဲ့မှင်ကိုထည့်အသုံးပြုထားတာကြောင့် ပြယ်သွားခြင်း၊ဝါးသွားခြင်းမရှိပါဘူး။စက္ကူ၊အဝတ်စ၊နံရံ၊သင်အလိုရှိရာမျက်နှာပြင်မှာ စိတ်ကြိုက်ရေးဆွဲနိုင်ပါတယ်။

7.JUNO

ဒီမှန်လေးကတော့ မိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ အသုံးဝင်တဲ့မှန်တစ်ချပ်လို့တောင် ပြောလို့ရပါတယ်။ဒီJUNOဆိုတဲ့မှန်ချပ်ကို အခြေခံအားဖြင့် အလင်းရောင်ဖန်ပေးခြင်း၊မိတ်ကပ်လိမ်းခြယ်နိုင်တဲ့မှန်ချပ်၊ဆယ်လ်ဖီဆွဲနိုင်ဖို့ကူညီပေးနိုင်တဲ့အပြင် မိတ်ကပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်တဲ့ဗန်းအဖြစ်ပါ သုံးလို့ရပါသေးတယ်။

8.ili

ဒီကိရိယာလေးနဲ့သာဆိုရင်တော့ ဘာသာစကားနဲ့ပတ်သက်တဲ့အခက်အခဲမှန်သမျှကို တာ့တာပြနိုင်မှာဖြစ်ပြီး ဝိုင်ဖိုင်မလိုအပ်ပဲ အသုံးများတဲ့ဝါကျတွေကိုဆို စက္က္တန့်ပိုင်းအတွင်းပြန်ပေးနိုင်တာကြောင့် ကမ္ဘာပတ်ပြီးခရီးသွားတတ်သူတွေအတွက် အလွယ်တကူသယ်ဆောင်သွားဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။

9.The Noonee Chairless Chair

ဒီကိရိယာလေးကို သင့်အောက်မှာနေရာချထားလိုက်ရုံနဲ့ သင်ထိုင်လိုတဲအခါမျိုးမှာ လိုအပ်တဲ့အနေအထားရောက်အောင် ဒူးကိုကွေးလိုက်ရုံပါပဲ။

10.Zungle

ဒီZungleဆိုတဲ့ နေကာမျက်မှန်လေးကတော့ သင့်မျက်လုံးတွေကို နေရောင်ဒဏ်ကကာကွယ်ပေးရုံမဟုတ်ပဲ သီချင်းတွေကိုနားထောင်နိုင်တဲ့အပြင် သင့်ရဲ့နားတွေကိုအသုံးပြုစရာမလိုပဲ ဖုန်းခေါ်ဆိုမှုတွေကိုဖြေကြားနိုင်မှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*