သင့်ဘဝရဲ့ သက်စောင့်ဆေးအဖြစ် နေ့စဉ်စားသုံးသင့်တဲ့ ငါးကြီးဆီနှင့် အကျိုးကျေးဇူးများ

ငယ်ငယ်ထဲက သူငယ်တန်းမှာ သင်ခဲ့ရတဲ့ စာလို ငါးကြီးဆီစားပါဆိုတဲ့ စကားရဲက အဓိပ္ပာယ်ဟာ လေးနက်ပါတယ်။လူ့အတွက် အသုံးဝင်ဆုံးဟာ ငါးကြီးဆီလို့ရင် မမှားပဲ သက်ရှည်ကျန်းမာတဲ့ ဘဝကို ရရှိပိုင်ဆိုင်စေပါတယ်။ငါးကြီးဆီ နေ့စဉ် စားခြင်းရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Improve your heart health

omega-3 fatty acids ဟာ ငါးကြီးဆီမှာ အဓိကပါဝင်တဲ့အတွက် နှလုံးကိ အကောင်းဆုံး ထောက်ပံ့ကူညီပြီး ကျန်းမာေ၇းကောင်းမွန်စေပါတယ်။သာမာန်မဟုတ်တဲ့ နှလုံးခုန်နှုန်းကို တားဆီးပေးပြီး ရုတ်တရက် နှလုံးဖောက်တာမျိုး နှလုံးရပ်တာမျိုး မဖြစ်စေပါဘူး။

2. Boost your memory

ငါးကြီးဆီဟာ ဦးနှောက်နဲ့ အာရုံကြောအတွက် မရှိမဖြစ် အစားအစားဖြစ်ပါတယ်။အိုမီဂါ 3 ဟာ ဦးနှောက် လုပ်ဆောင်မှုကို ဖွံ့ဖြိုးတိုးတက်စေပြီး မကြာခဏ သတိမေ့တာနဲ့ အဖြား အာရုံကြောငယ်များ ကျန်းမာသန်စွမ်းလာအောင် ပြုလုပ်ပေးပါတယ်။အသက်ငယ်ပြီး သတိမေ့လွန်းတဲ့ ရောဂါကို ဖြစ်စေပါတယ်။

3. Reduce your weight

ငါးကြီးဆီ ပုံမှန်စားပေးခြင်းဟာ မလိုအပ်တဲ့ အဆီကို လျှော့ချပေးပြီး အဝလွန်မှုကို တားဆီးပေးပါတယ်။အစာကို ကြေညက်စေသလို အစာအိမ်ရောဂါအတွက်လဲ ကောင်းမွန်တဲ့ အစာလို ဆေးလို ဖြစ်ပါတယ်။

4. Brighten your mood

ဦးနှောက်က Serotonin ထုတ်ပေးမှုဟာ တနေ့တာလန်းဆန်းတက်ကြွမှုအတွက်ဖြစ်ပြီး အဲဒါသာ လုံလောက်တဲ့ ပမာဏမရရှိရင် လူဟာ အမြဲလို ခေါင်းကိုက်ခြင်းနဲ့ လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်စေမှာဖြစ်ပါတယ်။ဒီလို ဦးနှောက်က အရည်ထုတ်လွှတ်မှုကို ကောင်းမွန်ဖို့ ငါးကြီးဆီဟာ အဓိက ဖြည့်တင်းဓာတ်စာဖြစ်ပါတယ်။ငါးကြီးဆီဟာ သင့်ရဲ့ လုပ်ဆောင်ချက်နဲ့ လှုပ်ရှားမှုတွေကို တိုးတက်လာစေမှာဖြစ်ပါတယ်။

5. Reduce the impact of air pollution

လေထုညစ်ညမ်းမှုဟာ ခနဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ဒါပေမယ့် ငါးကြီးဆိဟာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကို 30 ကနေ 50 % ထိ လျှော့ချနိုင်မှာဖြစ်ပါတယ်။အဆုတ်တွင်းက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ လေကိုလဲ ဖယ်ရှားပေးနိုင်ပါတယ်။

6. Protect your vision

မျက်သားခြောက်သွေ့မှုနဲ့ အမြင်အာရုံမှုံဝါးမှုတွေအတွက် ငါးကြီးဆီကို စားပေးသင့်ပါတယ်။ငါးကြီးဆီဟာ မျက်ရည်ရွှန်းစိုအောင် အထောက်အပံ့ပေးပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။

7. Contribute to your skin’s beauty


အသားအရေခြောက်သွေ့မှုဟာ အမျိုးသမီးတွေရဲ့ အဓိကပြဿနာပါပဲ။ဓမ္မတာကြောင့် အဖြစ်များတြ့ အသားရေ ညိုမဲ မွဲခြောက်မှုကို အကောင်းဆုံး ရေဓာတ်ပြန်လည်ဖြည့်ပေးနိုင်တာက ငါးကြီးဆီဖြစ်ပါတယ်။

8. Help to treat depression

ငါးကြီးဆီကို စားခြင်းအားဖြင့် စိတ်ဖိဆီးမှုကို လျှော့ချနိုင်ပါတယ်။တချို့သော စိတ်ကန်းမာရေးဆေးခန်းတွေက နုတဲ့ စိတ်ရောဂါအတွက် ငါးကြီးဆီကို ဆေးအဖြစ်ပေးကြပါတယ်။

9. Strengthen your immune system

ထူးဆန်းတဲ့ ရောဂါတချို့ မဖြစ်ပွားဖို့ ခန္ဓာကိုယ်က B Cell တချို့ အားကောင်းဖို့လိုပြီး သွေးဖြူဥသင့်တင့်မျှတဖို့အတွက် ငါးကြီးဆီဟာ အကောင်းမွန်ဆုံး ချိန်ညှီပေးတာဖြစ်ပါတယ်။

10. Support your body during pregnancy

ကိုယ်ဝန်ဆေယင်မိခင်တွေအတွက် နေ့စဉ်မရှိမဖြစ် မှီဝဲသင့်တာက ငါးကြီးဆီဖြစ်ပါတယ်။မိခင်ရော ကလေးအတွက် ကျန်းမာသန်စွမ်းမှုအပြင် ကလေးရဲ့ ဥာဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*