မိန်းမချောတွေ J ၀င်ရလောက်အောင် လှလွန်းတဲ့ လေဒီဘွိုင်းများ

သင်ဟာ ထိုအလှပဂေးတွေကို သူတို့ရဲ့ အလှမယ်ဘွဲ့ထူးဂုဏ်ထူးများကြောင့်လည်းကောင်း အောင်မြင်သော မော်ဒယ်လ်များအဖြစ်လည်းကောင်း၊ လူမှုကွန်ရက် မီဒီယာများမှတဆင့်လည်းကောင်း သိနိုင်ပါတယ်။ သူတို့တတွေဟာ လိင်အဂါင်္ပြောင်းလဲထားသူတွေဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရေပန်းစားနေကြသူများလည်း ဖြစ်ပါတယ်

၁၀။ Chalisa Rose Yuemchai

Chalisa Rose Yuemchai ကတော့ အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၀၇သန်းရရှိခဲ့သော Lost in Thailand တရုတ်ဟာသကားတွင် အရံသရုပ်ဆောင်အဖြစ်ပါဝင်ပြီးနောက် ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။ Rose ဟာ မန်ဒရင်း တရုတ်ဘာသာစကားကို ကောင်းကောင်း ပြောဆိုနိုင်ခြင်းကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။ ထိုနောက်မှာတော့ သူမမှာ  တရုတ်လူမျိုး ပရိသတ်များ ခိုင်မာစွာ ရရှိခဲ့ပါတယ်။

၉။ Patta Nadia Wiruntanaki

Nadia ဟာ ၂၀၁၅ခုနှစ်တွင် Miss Mimosa Queen Thailand သရဖူကို ရရှိခဲ့ပါတယ်။  ပတ္တရားမှာ ကျင်းပတဲ့ ပြည်တွင်း လိင်ပြောင်းအလှမယ်ပြိုင်ပွဲမှာ အနိုင်ရပြီးနောက်မှာတော့ လူသိများလာခဲ့ပါတယ်။ ထိုအချိန်မှစ၍ သူမဟာ မော်ဒယ် အကအလှမယ် တယောက်အနေနဲ့ အနုပညာလမ်းကြောင်းမှာ ဆက်လျှောက်နေခဲ့ပါတယ်။

၈။ Pemika Pynk Ditsayamethanont

လူမှုကွန်ရက်စာမျက်နှာတွင် follower တစ်သိန်းနဲ့ Pynk ကတော့ တောင်ကိုးရီးယားက ခွဲစိတ်ပြုပြင်သောဆေးရုံတခုတွင် ပင်တိုင်မော်ဒယ်ဖြစ်လာပြီးနောက်မှာ ကျော်ကြားထင်ရှားလာခဲ့ပါတယ်။ သူမဆရာဝန်ရဲ့ကျေးဇူးကြောင့် အခုတော့ Pynk ဟာ ဂျပန်အန်နီမေးထဲက မိန်းကလေးတစ်ယောက်နဲ့ပင် တူနေပါတယ်။

၇။ Monthana Jeen Chuthatus

အသက်၂၀အရွယ် Jeen ဟာ ဒီနှစ်အစောပိုင်းက ထိုင်းနိုင်ငံ Chachoengsao ပြည်နယ်ရှိ စစ်မှုထမ်းစခန်းကို ရောက်ရှိပြီးနောက်မှာတော့ ပြည်တွင်းသတင်းစာများတွင် ခေါင်းကြီးပိုင်းအနေနဲ့ ဖော်ပြခံခဲ့ရပါတယ်။ ထင်ရှားစွာပဲ သူမရဲ့ပုံပန်းသဏ္ဌာန်ဟာ စစ်မှုထမ်းစစ်သားတယောက်ပုံ ပေါက်မနေခဲ့ပါဘူး။ Jeen ဟာ စစ်သားများအပါအဝင် လူများစွာ စုစည်းပြီး သူမကို ဓာတ်ပုံရိုက်ခြင်း အွန်လိုင်းပေါ်တင်ခြင်းတို့ကြောင့် ညတွင်းချင်း ကျော်ကြားခဲ့ပါတယ်။

၆။ Woranum Frame Nalatworasakul

အသက်၂၂အရွယ် Frame ကတော့ စစ်မှုထမ်းပြီးနောက်မှာတော့ လူမှုကွန်ယက်တွင် နာမည်ကြီးလာခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့ မျက်နာထားလေးဟာ သူမကို စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရစေပြီး ထိုင်းတီဗွီများတွင် သူမနဲ့ အမေးအဖြေ ကဏ္ဍ အများအပြား ထုတ်လွှင့်ခဲ့ပါတယ်။ အရည်အချင်းရှိတဲ့ Frameဟာ Crazy Love ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ ထုတ်လုပ်ခဲ့ပါသေးတယ်။

၅။ Rinrada Yoshi Thurapan

Yoshi ကတော့ လူမှုကွန်ရက်မှာ သူမရဲ့ ဘာဘီရုပ်နဲ့တူတဲ့ မျက်နှာကြောင့် လူသိများပါတယ်။ အင်တာနက်ပေါ်မှာသာမက ကမ္ဘာကျော် ထိုင်းကမ်းထရီးအဆိုတော် Baitoey Rsiam ရဲ့ သီချင်းခွေတွင်လည်း သရုပ်ဆောင်ခဲ့ပါတယ်။ Yoshi ဟာ ရုပ်ရှင်ဇာတ်ကားအချို့တွင်လည်း ပါဝင်ခဲ့ပြီး အင်စတာဂရမ်တွင် ဖော်လိုဝါး တစ်သန်းနီးပါးရှိခဲ့ပါတယ်။

၎။ Nathachat Hana Chanchiew

Hana ကတော့ The Face Thailand season 3 မော်ဒယ်လ်ပြိုင်ပွဲအတွက် အစမ်းသရုပ်ဆောင် အမူအရာပြတဲ့အချိန်ကစလို့ ပရိသတ်အကြိုက်ဆုံးသူ ဖြစ်လာခဲ့ပါတယ်။ လူထုထဲမှာ ထင်ပေါ်နေသော Hana ဟာ ရွေးချယ်ခံခဲ့ရပေမယ့် ပြိုင်ပွဲအလယ်လောက်မှာ ထွက်ခွာခဲ့သောကြောင့် သူမရဲ့ အားပေးပရိသတ်တွေကို စိတ်ရှုပ်ခဲ့ရပါတယ်။

ဒါပေမဲ့ သူမဟာ ဒီပြိုင်ပွဲမဝင်ခင်ကပင် အောင်မြင်တဲ့မော်ဒယ်လ်လမ်းကြောင်းကို ရောက်ရှိနေခဲ့ပြီးဖြစ်ပါတယ်။

၃။ Chananchida Blossom Rungpetcharat

The Face Thailand season3 ရဲ့ နောက်ထပ်ပြိုင်ပွဲဝင်တယောက် ဖြစ်တဲ့ Blossom ကတော့ နောက်ဆုံးစကာတင်၃ယောက်ထဲ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီမတိုင်ခင်ပွဲတွေမှာတော့ Miss Tiffany’s Universe 2013 သရဖူ၊ ထိုင်းနိုင်ငံရဲ့ အိနြေ္ဒသိက္ခာရှိ လိင်ပြောင်းအလှမယ် ပထမဆု စသည်တို့ဖြင့် ပရိသတ်ရဲ့ အသည်းကျော်ဖြစ်လာခဲ့ပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားကျေနပ်စေခဲ့သူဖြစ်ပါတယ်။

၂။ Jiratchaya Mo Sirimongkolnawin

ထိုင်းနိုင်ငံကို ဂုဏ်တက်စေခဲ့သူ နောက်ထပ် လိင်ပြောင်းအလှမယ် Mo ကတော့ မနှစ်က Miss Tiffany’s Universe သရဖူကို ရရှိခဲ့ပြီး Miss International Queen သရဖူ နဲ့ ထိုင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံတကာ လိင်ပြောင်းအလှမယ် ပြိုင်ပွဲတွင်လည်း သရဖူများ ရရှိခဲ့ပါတယ်။သူမရဲ့သရဖူဘွဲ့များမရခင် Moဟာ လူသိများကျော်ကြားသော ထိုင်းသီချင်းဆို ပြိုင်ပွဲတွင် သူမရဲ့ မိန်းကလေးသွင်ပြင် ပုံပန်းသဏ္ဌာန်နဲ့ ယောင်္ကျားလေးအသံဖြင့် သီချင်းသီဆိုကာ ပရိသတ်ကို အံ့အားသင့်စေပြီး ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

၁။ Treechada Poyd Petcharat

နှစ်တွေကြာပြီးတဲ့နောက်မှာတောင် Poydကို ထိုင်းနိုင်ငံရဲ့ အလှဆုံးသော လိင်ပြောင်းအမျိုးသမီးအဖြစ် သရဖူပေးရပါဦးမယ်။ သူမဟာ ထိုင်းဟု သိစေပြီး နိုင်ငံအတွင်း လူငယ် လိင်ပြောင်းသူတွေရဲ့ စံထားရတဲ့ ပထမဆုံးသော လိင်အဂါင်္ပြောင်း အမျိုးသမီးဖြစ်ပါတယ်။ Poyd ဟာဒေသတွင်းမှာ သရုပ်ဆောင်မင်းသမီးတယောက်အနေနဲ့ ရပ်တည်နေပြီး TC Candler ဆိုတဲ့ US ရုပ်ရှင်မဂ္ဂဇင်းရဲ့ ကမ္ဘာ့ အလှဆုံးမျက်နှာပိုင်ရှင် စာရင်းတွင်လည်း နာမည် ဖော်ပြခြင်းခံခဲ့ရပါတယ်။