ရင်သွေးတွေကို တခမ်းတနား ပိုးမွေးသလို မွေးထားဖို့ ငွေကို ပုံအောသုံးကြတဲ့ ကမ္ဘာ့ အကျော်အမော်တွေ

1 ဂျေဇီး နဲ့ ဘီယွန်းဆေး

Blue Ivy လေးဟာ ဂျေဇီး နဲ့ ဘီယွန်ဆေး တို့ရဲ့ သားဦး သမီးလေးပါ။ ကိုယ့်ဘဝရဲ့ ပထမဦးဆုံး ရင်သွေးလေး ဆိုတော့ အကောင်းတကာ့အကောင်းဆုံးတွေမှ သမီးလေးအတွက် အရူးအမူး ဖြည့်ဆည်းပေးကြတာပါ။ သမီးလေးအတွက် စိန်ကွပ်ထားတဲ့ ကလေးလက်တွန်းလှည်း၊ ဒေါ်လာ ခြောက်သိန်းတန် Rocking Horse နဲ့ ကလေးကစားခန်းတခုလုံးက ဒေါ်လာ ၁.၃ သန်းတန်ပါတယ်။ သူမရဲ့ ပထမဦးဆုံးသော မွေးနေ့လေးမှာ စိန်တွေစီထားတဲ့ ဒေါ်လာ ရှစ်သောင်းတန် ဘာဘီရုပ် ကလေး လက်ဆောင်ပေးခဲ့ကြပါတယ်။

2 တွမ်ခရုတို့ စုံတွဲ

တဦးတည်းသော ကလေး Suri Cruise ကို တွမ်ခရုတို့ ဇနီးမောင်နှံက ပိုးမွေးသလို မွေးပြီး ဖူးဖူးမှုတ်ထားကြတာပါ။ အရုပ်တွေ၊ အဝတ်အဆင်တွေ၊ လက်ဝတ်ရတနာတွေ ကတော့ ကလေးအတွက် အပြည့်အဖြိုးပါပဲ။ Suri လေးအတွက် ဒေါ်လာ ၂၄၀၀၀ တန် ကလေးကစားအိမ်ကလေးကို ဂိုဒေါင်တွေ၊ ရေမီးလျှပ်စစ်တွေ အပြည့်နဲ့ ကလေးအတွက် ကိုယ်ပိုင်ကမ္ဘာငယ်လေး ဖြစ်အောင် ဖန်ဆင်းပေးထားကြပါတယ်။ ကားပါကင်လေးမှာ ထိုးဖို့အတွက်လည်း ဒေါ်လာ တသောာင်းတန် မာစီဒီး ကားအသေးစားလေးလည်း ဝယ်ပေးထားပါတယ်။ ကလေးငယ်လေးဆိုပေမယ့် ဒေါက်ဖိနပ်တွေ၊ သားမွေးအကျီတွေ စသဖြင့် ဒီဇိုင်နာမိတ် အဝတ်အစားတွေ ဝတ်ရတာပါ။ တွမ် က သမီးလေးကို လက်ဝတ်ရတနာတွေ ခမ်းခမ်းနားနား ဆင်ပေးရတာလည်း အတော်ပီတိဖြစ်တဲ့သူပါ။

3 ဆာအယ်လ်တန်ဂျွန်တို့ လိင်တူစုံတွဲ

2010 မှာ ဆာအယ်လ်တန်ဂျွန် နဲ့ သူရဲ့လိင်တူချစ်သူ David Furnish တို့ဟာ Zachary ဆိုတဲ့ သားတယောက်ထွန်းကားခဲ့ပါတယ်။ ကမ္ဘာကျော်ဆယ်လီဘရစ်တီမိဘတွေရဲ့ ထုံးစံအတိုင်း သာမန်လူတွေ လက်လှမ်းမမီနိုင်တဲ့ ကစားစရာ၊ ကလေးအသုံးအဆောင်တွေ ဈေးကြီးပေး ပုံအောသုံးပြီး ကလေးရဲ့ပျော်ရွှင်မှုကို တည်ဆောက်ကြပါတယ်။ သူတို့သားလေးကို ခန်းလုံးပြည့် ကစားစရာအရုပ်တွေ ဝယ်ဖြည့်ပေးထားပြီး ဒေါ်လာ ၂သန်း တန်ကြေးလောက်ရှိပါတယ်။ အကောင်းတကာ့ အကောင်းဆုံး ဆီဦးထောပတ်တွေမှ ဖြည့်ဆည်းပေးကြတာပါ။ Hamleys Rocking Horse ဆိုတဲ့ အရုပ်ဆိုရင် ဒေါ်လာ 2513 ပေးရပြီး Zachary လေး လက်ဆောင်ရတဲ့ ပစ္စည်းတွေဟာ စိန်တွေမြုပ်ထားတဲ့လက်ဆောင်မျိုးအထိပါဝင်ပြီး တန်ဖိုးစုစူပေါင်း ဒေါ်လာ ၁၅၀၀၀ လောက်ရှိပါတယ်။

4 ခရစ္စတီးနားအဂွယ်လ်ရာ

Christina Aguilera မှာ ပထမအိမ်ထောင်နဲ့ ရထားတဲ့ Max ဆိုတဲ့ သားလေးတယောက်ရှိပြီး ဒုတိယအိမ်ထောင်နဲ့ မွေးထားတဲ့ Summer Rain ဆိုတဲ့ သမီးလေးတယောက်ရှိပါတယ်။ သားလေး Max အတွက်ဆိုရင် ဒေါ်လာ ၃၅၀၀၀ တန် ကစားဖို့အခန်းလေး ဖန်တီးပေးထားပြီး ကလေးဟာ မင်းသားလေးတယောက်လိုကို လွတ်လပ်စွာ ကစားခွင့်ရတာပါ။ တန်ဖိုးကြီးကစားစရာတွေ တခန်းလုံးအပြည့်အမောက်ဆိုတော့ ဘယ်လိုမှ မငြီးငွေ့ရအောင်ကို ပျော်ရတဲ့ Max ပါ။ သမီးလေးအတွက် ကလေးငယ်ကစားခန်း ၂ခန်း ပြုလုပ် ထားပေးပြီး တခန်းက အိမ်မှာကစားဖို့ ဖြစ်ပြီး နောက်တခန်းကတော့ The Voice ရိုက်ကွင်းမှာ ကလေးကစားဖို့ပါ။ အိမ်မှာဆိုရင် ပန်းရောင်အဆင်ကလေးစရာတွေချည်း စိတ်ကြိုက်ဖန်တီးပေးထားပြီး ကလေးအတွက် ပရိဘောဂတွေကိုလည်း အကုန်ပန်းရောင်တွေ ဆင်မြန်းထားတာပါ။ ကစားခန်း ၂ခန်း စလုံးမှာ Teddy Bear အရုပ်တွေ၊ Rocking Horse အရုပ်တွေ ဟာလည်း အောတိုက်ပြည့်နေတာပါ။

5 မာရီယာကာရေး

မာရီယာကာရေးမှာ Monroe နဲ့ Moroccan Cannon ဆိုတဲ့ အမြွာရင်သွေးလေး ၂ဦး ပိုင်ဆိုင်ထားပါတယ်။ ဒေါ်လာထောင်ချီတန် အဝတ်အဆင်တွေ၊ အရုပ်တွေနဲ့ ကလေးကစားခန်းကို ပိုင်ဆိုင်ထားကြမယ်ဆိုတာတော့ ပြောစရာကို မလိုလောက်အောင်ပါပဲ။ ဂရမ်မီဆုရင် ကမ္ဘာကျော်အဆိုတော် အမေဖြစ်သူဆိုတော့ သူတို့လေးတွေမှာ ရွှေဘုံရွှေနန်း စည်းစိမ်အပြည့် နဲ့ ဘဝကို ကိုယ်စီပိုင်ဆိုင်ထားကြရပါတယ်။ Bose stereo system သုံးထားတဲ့ ဒေါ်လာ ၂သိန်းခွဲ တန် ဂီတစနစ်လည်း ကလေးတွေအတွက် ပါဝင်ပါသေးတယ်။ Monroe လေးက တခါသားမှာ ခရစ္စမတ် လက်ဆောင်ဆိုပြီး မိခင်ဆီက စိန်တွေ တောင်းဆိုခဲ့ပါသေးတယ်။ Morrocan လေးကတော့ iPhone နဲ့ iPad စသဖြင့် နောက်ဆုံးပေါ် အမိုက်စားDevice တွေချည်း ထည်လဲကိုင်ရတာပါ။

6 အဘီရှက်ဘာချန်း နဲ့ အက်ရှ်ဝါရိုင်း

ဘောလိဝုဒ်စတား စုံတွဲ အဘီရှက်ဘာချန်း နဲ့ အက်ရှဝါရိုင်းတို့မှာ Aaradhya Bachchan ဆိုတဲ့ သမီးလေးတယောက်ရှိပါတယ်။ သမီးလေး တနှစ်သားမှာ ဒေါ်လာ 38790 တန်ဖိုးရှိတဲ့ မီနီကူးပါးကားလေးတစီး မိဘတွေက မွေးနေ့လက်ဆောင် ပေးခဲ့ကြပ်ါတယ်။ ဒူဘိုင်းမှာရှိတဲ့ ဒေါ်လာ သန်း ၅၄၀ တန် အိမ်ကြီးကလည်း ဒီသမီးလေးအတွက်ပါပဲ။ သူတို့စုံတွဲဟာ လေးနှစ်ပြည့်မွေးနေ့မှာ Audi A8 ကားကို လက်ဆောင်ပေးခဲ့ပြန်ပြီး သူမရဲ့Van တစီး အပါအဝင် ကား၂စီးတန်ကြေးက သန်း၂၅၀ လောက်ရှိပါတယ်။ ကလေးလေးဟာ လက်ရှိ အသက်၆နှစ်သမီးသာ ရှိပေမယ့် ကားသုံးစီးပိုင်ဆိုင်နေပါပြီ။ အသက် ၁၈ သာ ပြည့်လာမယ့် နေ့ကျရင်တော့ ဘာလက်ဆောင်တွေထပ် ရဦးမလဲ တွေးစရာပါပဲ။

7 ဂွမ်စတပ်ဖနီ

2017 ခရစ္စမတ် မှာ ဂွမ်စတပ်ဖနီဟာ သူ့သားလေး Apollo အတွက် အထူးလက်ဆောင်တွေနဲ့ အတော်ကုန်ကျခံခဲ့ပါတယ်။ Apollo လေး လက်ဆောင်တွေနဲ့ အရမ်းပျော်နေတဲ့ Video လေးကိုလည်း Instagram မှာတင်ခဲ့ပါသေးတယ်။ အဲ့ဒီထဲက လက်ဆောင်တခုကတော့ ကလေးကစားစရာအရုပ် စစ်သုံးဂျစ်ကားလေးပါ။ သူမရဲ့ သားကြီး Kingston ကလည်း ခရစ္စမတ်လက်ဆောင်အတွက် Santa List ထဲမှာ ဂူချီတံဆိပ်ပစ္စည်းတွေကို တောင်းဆိုခဲ့ပါသေးတယ်။ သူက ၁၁ နှစ်သားအရွယ် သာရှိသေးပြီး ဂွမ်က သူ့သား ဒါတွေ ဘယ်လိုသိသလဲတောင် အံသြရကြောင်း People မဂ္ဂဇင်း ကို ပြောခဲ့ပါသေးတယ်။ အတော်နာမည်ကြီးတဲ့အပြင် ဈေးတွေလည်း သိပ်မြောက်တဲ့ ဂူချီ ကို Kingston တယောက် လက်ဆောင်ရခဲ့ပါတယ်။

8 Salma Hyek

Salma Hyek ရဲ့ သမီးလေး က အဖေဖြစ်သူ ရဲ့ ဒေါ်လာဘီလျံချီ ချမ်းသာတဲ့ စည်းစိမ်ဥစ္စာကြွယ်ဝမှုနဲ့ အတော်ကို ဇိမ်ကျကျနေရပါတယ်။ အသက်ရှစ်နှစ်သမီးလေးဟာ ဒေါ်လာထောင်ချီတန် ကစားစရာတွေပိုင်ဆိုင်ထားတဲ့ အပြင် မိဘတွေက LA မှာ ဒေါ်လာ ၁၂သန်းတန် အိမ်ခြံတခု သမီးလေးအတွက် ဆိုပြီး ရည်စူးဝယ်ယူခဲ့ပါသေးတယ်။ Salma က ” အခွင့်ထူးခံနေထိုင်နိုင်မှုရဲ့ စည်းစိမ်သာယာခံစားမှုဆိုတာ ခံစားဖူးတဲ့သူမှပဲ နားလည်နိုင်မှာပါ။ ဒီအတွက် ကျွန်မ အပြစ်မခံစားရပါဘူး ” လို့ ဆိုပါတယ်။ သူမသမီးလေးကို သူမနေစေလိုတဲ့ စည်းစိမ်းချမ်းသာတွေနဲ့ တင့်တောင့်တင့်တယ် ထားသွားမှာဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဘီလျံနာဆိုတော့လည်း Valentina လေး အနားမှာရှိနေတဲ့ ဘဝနေထိုင်မှုက ဘာအပူအပင်များ ရှိဦးမှာလဲ။

9 ဘရက်ပစ် နဲ့ ဂျိုလီ

ဘရက်ပစ် နဲ့ ဂျိုလီ ဆိုတာ လူတွေ သိပ်အားကျဖြစ်ကြတဲ့ ဟောလိဝုဒ်မီဂါစတား တွေပါ။ ဆိုတော့လည်း ဝင်ငွေတွေ ပုံအောတိုက်နေတဲ့ သူတို့ဘဝမှာ ကလေးတွေအတွက် လိုအပ်သမျှ စိတ်ကြိုက်ကို ဖန်တီးပေးဖြစ်ကြတော့တာပဲ။ သူတို့သမီးလေး Shilo က စကိတ်ကို တချိန်လုံး စီးနေတော့ သမီးလေးအတွက်ဆိုပြီး အိမ်နောက်ဘက်မှာ စကိတ်ကွင်းအကြီးကြီး ဆောက်ပေးလိုက်ပြီး မွေးနေ့ လက်ဆောင်ပေးခဲ့ပါတယ်။ အပြင်မှာတောင် သိပ်မတွေ့ဖူးကြမယ့် အဆင်မြင့်တည်ဆောက်ထားတဲ့ စကိတ်ကွင်းဆိုတော့ တည်ဆောက်မှုစရိတ်က အတော်ကို မြင့်ပါလိမ့်မယ်။ တခြားကလေး ငါးယောက်အတွက်လည်း သူတို့က ဘယ်ပျက်ကွက်ပါ့်မလဲ။ Zahara အတွက် ဒေါ်လာ ၂သောင်းတန် မွေးနေ့ပါတီကိုလည်း ကျင်းပပေးဖြစ်ခဲ့တာပေါ့။ လက်ဆောင်တွေကလည်း ဒစ္စနေးမင်းသမီးရုပ်တုတွေ၊ စိန်သရဖူတွေ စသဖြင့်ပေါ့လေ။

10 ဒေါ်နယ်ထရန့်

သမ္မတကြီး တယောက်ရဲ့ သားအဖြစ်ဆိုတော့ ဘယ်သူကများ မလိုချင်မယ့် ဘဝလဲ။ ဘယ်လောက်များ ဇိမ်ကျကျနဲ့ မိုက်လိုက်လေမလဲ။ Barron Trump ဟာ ထရန့်က သူ့အတွက် လက်ဆောင်ပေးထားတဲ့ Car Collection လေးပိုင်ဆိုင်ထားပါတယ်။ ပါတဲ့ကားတွေကတော့ Limo’s,Mercedes, Ferrari အစုံအလင်ပ်ါပဲ။ ကိုယ်ပိုင်တံဆိပ် ကိုယ်ပိုင်နာမည် ကိုယ်ပိုင်နံပါတ်ပြားနဲ့ပါ။ အလားတူပါပဲ။ ဒီလို လေယာဉ်တွေလည်း ပိုင်ဆိုင်ထားပါသေးတယ်။