သင့် အကြားအာရုံကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်း ၅ ချက်

အသက်ကြီးရင် နားကို ထိခိုက်ပြီး လူတိုင်းနီးပါး နားလေးဖို့အရေးကြုံလာတတ်ပါတယ်။ဒါကို လူတွေ အမှုမဲ့အမှတ်မဲ့ နေခဲ့ကြတာဖြစ်ပါတယ်။တချို့ဆို 40 ကျော်လောက်မှာစပြီး နားက အကြားအာရုံချွတ်ယွင်းလာပါတယ်။ဆူညံလွန်းတဲ့ နေရာမှာ အလုပ်လုပ်သူတွေကတော့ ဒီအခြေအနေကို စောစီးစွာ ရင်ဆိုင်ရတတ်ပါတယ်။နားကို ချွတ်ယွင်းစေနိုင်တဲ့အကြောင်းတွေကို ရှာဖွေတင်ပြပေးလိုက်ပါတယ်။

1. Your Occupation

သင့်ရဲ့ အလုပ်အခြေအနေပေါ်မှာမူတည်ပါတယ်။စက်ကြီးမောင်းတာ ယန္တရားတွေ တနေကုန် မောင်းနှင်လည်ပတ်နေတဲ့ဆီတွေမှာ အလုပ်လုပ်သူဟာ အကြားအာရုံချွတ်ယွင်းဖို့ ပိုဖြစ်နိုင်ပါတယ်။နားစည်ဟာ အမြဲအရိုက်ခတ်ခံရပြီး အာရုံကြောတွေကို ထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။နားကာကို သုံးကြတာဖြစ်ပြီး အမေရိကန်မှာဆို လူတော်တော်များများဟာ ဒီဒဏ်ကြောင့် နားလေးမှု ကြုံနေရတာဖြစ်ပါတယ်။

2. Music

တချို့ကြည့်လိုက်ရင် နားထဲမှာ နားကြပ်လေး အမြဲရှိတတ်ပါတယ်။တချို့ဆို အသံကြီးဖွင့်ကာ နားထောင်တတ်ပါတယ်။ဒါဟာ သင့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပေမယ့် လှိုင်းတွေဟာ သင့်နားကို အကြီးအကျယ်ရိုက်နှက်ရင်း သင့်အကြားအာရုံဟာ တဖြေးဖြေးချွတ်ယွင်းလာမှာဖြစ်ပါတယ်။မယုံရင် သီချင်းကို အသံဂိတ်ဆုံးထားပြီး တနေ့ဆယ်ပုဒ်နှုန်းနဲ့ ရက် 100 တိတိ ပုံမှန် နားကြပ်နဲ့နားထောင်ပါ။နားမကန်းပါဘူး။နားတော့ လေးသွားမှာဖြစ်ပါတယ်။

3. Smoking

ဆေးလိပ်သောက်ခြင်းက နားလေးတယ်စေနိုင်တယ်ပြောရင် ဟာသလို့ထင်ပါတယ်။တကယ့်ကို နားလေးစေနိုင်ပါတယ်။ဆေးလိပ်ဟာ သွေးဖိအားကိုတက်စေပြီး နားမှာရှိတဲ့ ဆံခြည်မျှင်သွေးကြောလေးတွေကို ပေါက်စေနိုင်သလို အချို့သော သွေးကြောတွေကိုလည်း ကျဉ်းမြောင်းသွားစေပါတယ်။ဒါကြောင့် ဆေးလိပ်သောက်သုံးဟာ အသက်ရလာရင် နာလေးဖို့ ဖြစ်လာနိုင်ပါတယ်။

4. Medicines

ဆေးဝါးတွေရဲ့ ဒဏ်ခံရရင်လဲ နားလေးဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ပဋိဇီဝဆေး၊ကင်ဆာဆေးနဲ့ ဆေးရည်တွေအပြင် အင်ဆူလင်တို့ အက်ဆပရင်တို့ ဆေးဝါးတွေဟာ နှလုံးကို ညှစ်လိုက်ပြီး သွေးကြောတွေကို ယောင်ယမ်းပေါက်ပြဲစေရာကစပြီး အကြားအာရုံကို ထိခိုက်သွားစေနိုင်ပါတယ်။

5. Car or bike

စက်ဘီးတွေ ကားတွေကြောင့် သင်ဟာ အကြားအာရုံကိုထိခိုက်နိုင်ပြီး အသက်ရရင် နားလေးတတ်ပါတယ်။ကားတွေရဲ့ စက်သံတွေကို နေ့စဉ်ကြားနေရသူဟာ အိမ်မှာနေသူတွေထက် နားလေးဖို့ ရာခိုင်နှုန်းပိုများတတ်ပါတယ်။နှစ်ရှည်ကားမောင်းသူ ခရီးသွားနေရသူတွေဟာ နားလေးသွားတတ်ပါတယ်။