ရှာလကာရည်ရဲ့ အသုံးဝင်ဆုံး လျှို့ဝှက်နည်းလမ်းများ

#1.

ရှာလကာရည်ဟာ သင့်အိမ်နားမှာ ခြံနားမှာရှိတဲ့ နွယ်ပင် မြက်ပင်အမျိုးအစားတွေကို သေစေပါတယ်။သင်က သေစေချင်တဲ့အပင်ဆို အမြစ်ကို လောင်းလိုက်ရုံနဲ့ သေသွားနိုင်ပါတယ်။

#2.

ဆံပင်အတွက် ထုတ်ကုန်တွေမှာ ရှာလကာရည်ကို ထည့်သင်းပြီး ထုတ်လုပ်မှုရှိပါတယ်။ရှာလကာရည်ဟာ ဆံသားကို ချောမွေ့စေခြင်းနဲက နက်မှောင် သန်စွမ်းစေပါတယ်။ရှာလကာရည်တခွက်ဆို ရေနှစ်ဆရောကာ ဆံပင်ကို ပေါင်းပေးထထားရမှာဖြစ်ပါတယ်။

#3.

ရှာလကာရည်ကို တဖန်ခွက်လောက် ဆေးလိပ်သောက်သူဘေးနားချထားလိုက်ပါ။သူတို့ရဲ့ ဆေးလိပ်ငွေ့တွေဟာ အိမ်ထဲမှာ ပျံ့နှံ့နေတော့မှာမဟုတ်ပါဘူး။

#4.

တချို့က လက်သည်းခြေသည်းတွေ အရောင်ညစ်လို့ စိတ်ညစ်တတ်ကြပါတယ်။ဒါပေမယ့် ဒါကို ရှာလကာရည်က အလွယ်တကူဖြေရှင်းနိုင်ပါတယ်။လက်သည်းခြေသည်းကို 15 မိနစ်လောက် စိမ်ပေးလိုက်ရင် ဂျီးတွေလည်း ထွက်သွားမှာဖြစ်သလို ခြေသည်းလက်သည်းတွေ တောက်ပြီး ပြောင်သွားမှာဖြစ်ပါတယ်။ညှပ်ရင်လည်း ပျော့ပြောင်းနေမှာဖြစ်ပါတယ်။

#5.

တခါတလေ ရေချိုးခန်းတွေ ရေကန်တွေ အရောင်ညစ်နေတတ်ပါတယ်။ဒါပေမယ့် အခုဆို ကြွေပြားသန့်ဆေးကို သုံးကြပါတယ်။ရှာလကာရည်ကလည်း အထူးအသုံးဝင်တဲ့ ဂျေးချွတ်ဆေးပါပဲ။

#6

ကော်ဇောတွေ ကတ္တီပါ ဆိုဖာတွေနဲ့ ကားကူရှင်စွပ်တွေ တစုံတခုစွန်းထင်းသွားတဲ့အခါ ဖျက်ရခက်ပါတယ်။ဒါပေမယ့် ရှာလကာရည်သာ ရှိမယ်ဆို မခက်ပါဘူး။ပေသွားတဲ့ ကော်ဇောအစွန်းကွက်နေရာကို ဆပ်ပြာမှုန့်ထားပြီး ရှာလကာရည်လောင်းချလိုက်ပါ။မိနစ်ပိုင်းထားပြီးရင် ပေကျံနေတဲ့ အရာတွေကို အရောင်ကျွတ်စေပါတယ်။

#7.

များသောအားဖြင့် အင်္ကျီအဖြူတွေမှာ ဂျိုင်းနေရာ ချွေးကွက်တာ ချိုင်းလိမ်းတောင့် စွန်းထင်းတာဆို ဖျက်ရခက်တတ်ပါတယ်။အဖြူတွေမှာဆို ပိုဆိုးတတ်ပါတယ်။ဒါကို ဆပ်ပြာမှုန့်နဲ့ ရှာလကာရည်ရောစိမ်ပါ။15 မိနစ်လောက်ထားပြီး ဘရက်ရှ်နဲ့ တိုက်လိုက်မယ်ဆိုရင် အကုန်ကျွတ်ပြီး ပြန်လည် ဖြူဝင်းလာပါလိမ့်မယ်။

#8.

မျက်နှညမှာ အမဲစက်နဲ့ ဝက်ခြံတွေက အမျိုးသမီးတွေကို ပို့လို့ အလှပျက်စေပါတယ်။ဒါပေမယ့် ဒါဟာ ပြဿနာမဟုတ်ပါဘူး။ပန်းသီးရှာလကာက အကောင်းဆု့းကုစားနိုင်ပါတယ်။သခွားသီးတို့ ခရမ်းချဉ်သီးတို့ မကပ်ခင်အချိန်မှာ ပန်းသီးရှာလကာနဲ့ ပွတ်ပြီး ကပ်ပေးမယ်ဆိုရင် အကုန်လုံးပျောက်ကင်းပြီး ဖြူစင်ဝင်းပနေမှာဖြစ်ပါတယ်။

#9.

မျက်နှာမှာ မိတ်ကပ်ထူထူလိမ်းပြီး ဖျက်ချိန်ကျရင် စိတ်ညစ်ရပါတယ်။ဒါပေမယ့် ဖျက်ဖို့လိုအပ်တာကတော့ ရေ 2 ခွက်နဲ့ ရှာလကာတစ်ဇွန်းသာ လိုပြီး ဒီပေါင်းစပ်ရည်ကို ပွတ်တိုက်ပေးပါ မျက်လုံးထဲမဝင်အောင်တော့ ဂရိုစုက်ရမှာဖြစ်ပြီး ချွေးပေါက်တွေ ပြန်ပွင့်စေပြီး မျက်နှာက သွေးကြောတွေကို လည်ပတ်မှုကောင်းစေပါတယ်။

#10.

တခါတလေ အမဲစက်လေးတွေ အသားပိုလေးတွေ ဝက်ခြံငယ်လေးတွေ ဖြစ်လာတဲ့အခါ ရှာလကာရည်တဇွန်းလောက်နဲ့ သံလွင်ဆီကို သုံးပြီး အဆိုပါ နေရာလေးကို နေ့စဉ်ပွတ်တိုက်ပေးပါက ပျောက်ကင်းနိုင်ပါတယ်။

#11.

ဗောက်များသူတွေအနေနဲ့လည်း ရေထဲမှာ ရှာလကာရည်ရောပြီး ခေါင်းကို လောင်းချိုးပေးမယ်ဆိုရင် ဦးရေပြားကို ကျန်းမာစေမှာဖြစ်ပြီး 15 မိနစ်လောက်ကြာမှ ခေါင်းလျှော်ချပေးပါ။

#12.

အနာဖြစ်လာရင် ချော်လဲရင် ထိခိုက်မိတဲ့ ပွန်းရှဒဏ်ရာဖြစ်လာရင် အရက်ပြန် အလွယ်တကူရှာမရလို့ စိတ်မပျက်ပါနဲ့။ရှာလကာရည်လောင်းချပေးလိုက်ရင် ချက်ချင်းအနာကျက်သွားမှာဖြစ်ပြီး အနာဖေးလေးတွေတက်လာမှာဖြစ်ပါတယ်။

#13.

ခြင်ကိုက်ရင် ကုတ်လိုက်တဲ့အခါ အသားလန်သွားတတ်ပါတယ်။ဒါဟာ သင့်ရဲ့ သွေးနဲ့ ခြင်ရဲ့ တံတွေးတို့မတည့်လို့ဖြစ်ပြီး ဒီအဖုကို ရှာလကာရည်ပွတ်လိုက်ရင် ယားနာမှုမရှိတော့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*