သင်နားမလည်ပဲ ချိုးဖောက်မိနေတဲ့အခြေခံကျင့်ဝတ် ၆ခုက ဘာများဖြစ်မလဲ?

ဒီကမ္ဘာကြီးမှာ ကိုယ်တွေလျစ်လျူရှုထားနိုင်တဲ့အခြေခံကျင့်ဝတ်စည်းမျဉ်းတွေအများကြီးရှိပါတယ်။ဒါပေမဲ့ ဒီကျင့်ဝတ်စည်းမျဉ်း ၆ခုကတော့ လျစ်လျူရှုထားလို့မရနိုင်ပါဘူး။ဒီစည်းမျဉ်း ၆ခုကလည်း ရှိလို့ရှိနေမှန်းတောင်လူတွေသိပ်ပြီးသတိမထားမိကြသလို အလွယ်တကူလည်းချိုးဖောက်နေမိတတ်ပါတယ်။ဘယ်လိုအခြေခံစည်းမျဉ်းကျင့်ဝတ်တွေကို သတိမထားမိ၊နားမလည်ပဲချိုးဖောက်နေတတ်တာလဲဆိုရင်…

၁။အမျိုးသမီးတွေကိုဓာတ်လှေကားထဲအရင်ဝင်ခိုင်းတာ…

အမျိုးသမီးတွေကိုဓာတ်လှေကားထဲအရင်ဝင်ခိုင်းတာက သင့်ကိုယ်သင်လူကြီးလူကောင်းဆန်တယ်လို့ထင်ပါလိမ့်မယ်။တကယ်တော့မှားယွင်းနေပါတယ်။ဓာတ်လှေကားဆိုတာ အခန့်မသင့်ရင် အန္တရာယ်များတတ်ပါတယ်။အဲ့ဒါကြောင့် အမျိုးသားတွေကပထမဆုံးအနေနဲ့ ဓာတ်လှေကားထဲကိုအရင်ဝင်သင့်ပါတယ်။ပြီးတော့ဓာတ်လှေကားပေါက်နဲ့နီးတဲ့သူက အမျိုးသား
ဖြစ်စေ အမျိုးသမီးဖြစ်စေ ဓာတ်လှေကားရပ်တဲ့အခါ အရင်ထွက်သင့်ပါတယ်။

၂။ဘုရားသခင်ကောင်းချီးပေးပါစေပြောတာ…

တကယ်လို့သင်က သူငယ်ချင်းတွေ၊မိသားစုတွေနဲ့အတူရှိနေတဲ့အခါ တစ်ယောက်ယောက်နှာချေရင် အဲ့ဒီလိုပြောတာကောင်းပါတယ်။ဒါပေမဲ့ တခြားအခြေအနေတွေမှာတော့ သင်က သတိမထားမိလိုက်သလို ဟန်ဆောင်သင့်ပါတယ်။တစ်ခါတစ်လေ တစ်ရှူးဖြစ်စေ၊လက်ကိုင်ပုဝါဖြစ်စေ ပေးနိုင်ပြီး ဒီထက်ပိုပြီးဘာမှမပြောတာအကောင်းဆုံးပါ။

၃။ချောင်းဆိုးတဲ့အခါညာဘက်လက်နဲ့ပါးစပ်ကိုဖုံးအုပ်တာ…

ညာဘက်လက်ဟာ တစ်ယောက်ယောက်နဲ့တွေ့ဆုံတဲ့အခါ လက်ဆွဲနှုတ်ဆက်ဖို့အများဆုံးသုံးကြတာမဟုတ်လား?အဲ့ဒါကြောင့်တစ်ယောက်ယောက်နဲ့လက်ဆွဲနှုတ်ဆက်ရတော့မယ်ဆိုရင် နှာချေချောင်းဆိုးတဲ့အခါ ညာဘက်လက်မှာဘတ်တီးရီးယားတွေမကူးစက်ရအောင် ဘယ်ဘက်လက်နဲ့ပါးစပ်ကိုဖုံးအုပ်သင့်ပါတယ်။

၎။ဆားမပါပဲငရုတ်သီးမှုန့်ချည်းမယူပါနဲ့…

ဆားနဲ့ငရုတ်သီးမှုန့်က အမြဲတမ်းရောမွှေရပါတယ်။တစ်ခုတည်းသုံးလို့မရပဲ နှစ်ခုလုံးရောစပ်ပြီးမှသုံးလို့ရနိုင်တာမို့ ငရုတ်သီးမှုန့်တောင်းမယ်ဆိုရင် ဆားတောင်းဖို့လည်းမမေ့ပါနဲ့။ဆားတောင်းတဲ့အခါ ငရုတ်သီးမှုန့်လည်းတောင်းဖို့မမေ့ပါနဲ့။

၅။သကြားကို လက်ယာရစ်လှည့်ပြီးမမွှေပါနဲ့…

ကော်ဖီထဲသကြားထည့်ပြီးတဲ့အခါဇွန်းနဲ့လက်ယာရစ်လှည့်ပြီးစက်ဝိုင်းပုံစံမမွှေသင့်ပါဘူး။ပုံထဲမှာပြထားတဲ့အတိုင်း အပေါ်အောက်မွှေပေးမယ်ဆိုရင်သကြားကမြန်မြန်ပျော်စေမှာပါတဲ့။

၆။သတို့သမီးကိုဂုဏ်ပြုစကားပြောတဲ့အခါ…

ဒီအချက်ကတော့ အားလုံးသိကြမယ်မထင်ပါဘူး။အခြေခံကျင့်ဝတ်စည်းမျိုးအရ အမျိုးသားကသာ လက်ထပ်ပွဲအတွက်ဂုဏ်ပြုခံရနိုင်ပါတယ်။သတို့သမီးကိုတော့ ဂုဏ်ပြုစကားပြောသင့်တာမျိုးမဟုတ်ပဲ သူမပျော်ရွှင်ဖို့ကိုသာဆုတောင်းပေးရမှာပါ။ဘာလို့လဲဆိုရင်သတို့သားက သတို့သမီးကိုပိုင်ဆိုင်ပြီးနောက်ဆုံးလက်ထပ်ခဲ့တာပါ။အဲ့ဒါကြောင့် သတို့သားကသာ ဂုဏ်ပြုဝမ်းမြောက်စကားနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။