လူ့သမိုင်းတစ်လျှောက် ထူးခြားဆန်းပြားစွာ တွေ့ရှိရတဲ့ အချက်အလက်များ

#1.

6 လက်မလောက်ရှည်တဲ့ တုပ်ပြားကောင်တွေဟာ အိန္ဒိယမှာ လူတွေရဲ့ ကိုယ်ထဲ တွေ့ရှိလာရပါတယ်။သူတို့ကို ဆွဲထုတ်လို့ ပျက်ကျန်ခဲ့ရင်လည်း အသက်ရှင်နိုင်သလို ဒွိလိင်ပါရှိတာဖြစ်ပါတယ်။ကျန်းမာရေးအတွက် ဆိုးရွားတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဝက်သားမှာ အများဆုံးတွေ့ရှိတာဖြစ်ပါတယ်။

#2.

ဗိုက်ကင်းတွေဟာ မီးမွှေးတာလွယ်ကူဖို့ ထင်းချောင်းတွေပေါ် အပေါ့စွန်လေ့ရှိပါတယ်။ရေစိုတဲ့ ထင်းတွေ မီးတောက်ဖို့ ခက်ပေမယ့် ဆီးက ဆိုဒီယမ်နိုက်ထရိတ်ဓာတ်ဟာ မီးတောက်ကို ဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးတာဖြစ်ပါတယ်။

#3.

လန်ဒန်က သုတေသီတွေရဲ့ အဆိုအရ ဖုန်း 10 ဆယ်လုံးမှာ 6 လုံးလောက်က ကြောက်မက်ဖွယ်ဘက်တီးရီးယားတွေရှိနေတယ်လို့ဆိုပါတယ်။သူတို့ဟာ အိမ်သာ 10 ကြိမ်သွားရင် 10 ခေါက်လုံးယူသွားတာအတွက်ဖြစ်ပါတယ်။

#4.

သင့်တအိမ်လုံးမှာ ဘက်တီးရီးယားအပေါက်ဖွားဆုံးနေရာဟာ ပန်းကန်ဆေးတဲ့ အစိမ်းဖတ်တို့ စတီးခွေတို့ဖြစ်ပါတယ်။

#5.

တနေရာကနေ တနေရာကို ရောဂါပို့ဆောင်ပေးရတာကို မြတ်နိုးတဲ့သတ္တဝါတွေကတော့ ယင်ကောင်တွေပါပဲ။ဒီကောင်တွေဟာ အစာတွေပေါ်တက်ပြီး သူ့တံတွေးတွေ အင်ဇိုင်းတွေ မျိုးမအောင်တဲ့ ဥတွေပါ ထားခဲ့တာဖြစ်ပြီး နောက်တနေရာ ပျံသန်းပါတယ်။သူတို့အတွက် မဆုံးတော့တဲ့အလုပ်ပါပဲ။ဒီလို တနေ့ကို ကြိမ်ဖန်များစွာလုပ်နေတတ်ပါတယ်။

#6.

ရှေးခေတ် အီဂျစ်ဘုရင်တပါးကတော့ နန်းတော်ထဲ ယင်ကောင်တွေ သောင်းကျန်းလို့ သူတို့ကို ရှင်းမယ့်နည်းလမ်းရှာခဲ့ပါတယ်။ယင်ကောင်တွေကို အကောင်းဆုံးဆွဲဆောင်နိုင်တာ ပျားရည်ဖြစ်မှန်းသိပြီး ပျားရည်တွေ ကြမ်းပေါ်သွန်ကာ လာသမျှ ယင်ကောင် ရိုက်သတ်ပါတော့တယ်။

#7.

လင်းတတွေဟာ အသားစားသတ္တဝါတွေဖြစ်ပါတယ်။သူတို့ဟာ အပူပိုင်းမှာ ပိုရှင်သန်ကြပါတယ်။အပူပိုင်းမှာ ငတ်မွတ်တဲ့သတ္တဝါတွေတွေ့ရင် သူတို့စားသောက်ကြပါတယ်။ငှက်ထဲတော့ သူတို့ဟာ ဝမ်းရေးခက်ကြပါတယ်။သတ္တဝါတစ်ကောင်သေဖို့ စောင့်ရတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။

#8.

ဒီငါးဟာ ငါးရှဥ့်မျိုးနွယ်ဝင်ဖြစ်ပြီး သူ့မှာ မျက်လုံးမပါပါဘူး။မျက်လုံးမပါသလို သွားလဲမပါပါဘူး။ဒါပေမယ့် စားမယ့်စားတော့လဲ လျှပ်စစ်ငါးရှဉ့်သေတွေကို စားတာဖြစ်ပါတယ်။ရံဖန်ရံခါတော့ တခါးငါးအသေတွေကို လိုက်စမ်းရတာဖြစ်ပါတယ်။

#9.

ရေမြင်းတွေလောက် ရွံ့လူးနေတာ ရေမြင်းတွေပါပဲ။ပူလွန်တာတကြောင်းနဲ့ အဲ့ထဲမှာ အပေါ့အလေးစွန့်ကြတာတကြောင်းပါပဲ။ဒါ့ကြောင့် သူတို့လူးတဲ့ ရွံ့တွေက နံပါတယ်။သူတို့ဟာ လူတွေရောက်လာရင် အန္တရာယ်ပြုတတ်ပါတယ်။

#10.

ဖရန်ကင်စတိန်းကို ဖန်တီးသူကတော့ Mary Shelley ဖြစ်ပြီး သူမရဲ့ အဆိုပါဝတ္တုဟာ ခင်ပွန်းသည် နှလုံးရပ်သွားရာကနေ နှလုံးကို ပြန်နိုးနိုင်ရင် လူသားသစ်ပြန်ဖန်တီးနိုင်မယ်ဆိုတဲ့ အယူအဆနဲ့ ရေးခဲ့တာဖြစ်ပါတယ်။သူကိုယ်တိုင်လည်း ခင်ပွန်းရဲ့ နှလုံးကို နှစ်ပေါင်းများစွာကြာ သိမ်းထားခဲ့တာဖြစ်ပါတယ်။

#11.

ရိုမန်တွေ လက်ထပ်တုန်းက သွားပွတ်တံတွေ မရှိပါဘူး။အဆင်ပြေသလို တမာချောင်းတွေ တုတ်ချောင်းတွေနဲ့ ပွတ်တိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သွားတိုက်ဆေးတော့ ရှိပါတယ်။ဒီသွားတိုက်ဆေးကတော့ ကြွက်ဦးနှောက်တွေ ဖြစ်ပါတယ်။ထူးထူးဆန်းဆန်း အသုံးပြုခဲ့တာဖြစ်ပါတယ်။

#12.

ရိုမန်တွေဟာ ဒါတင်ပဲမဟုတ်ပါဘူး။ပါးလုပ်ကျင်းတာကိုတော့ ပေါ်တူဂီဘုန်းတော်ကြီးတွေရဲ့ ဆီးကို အသုံးပြုတာဖြစ်ပါတယ်။ဒါဟာ ရယ်စရာမဟုတ်ပဲ သူတို့တကယ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

#13.

နောက်တနည်း ပါးလုပ်ကျင်းတဲ့ အရည်ကိုတော့ လိပ်တွေရဲ့ သွေးကို အသုံးပြုတာဖြစ်ပါတယ်။ဒါတွေဟာ ရောဂါပိုးကို သေစေနိုင်ပြီး သွားတွေကို ဖြူဖွေးစေတယ်လို့ ဆိုပါတယ်။

#14.

ကော်ဖီတွေ အနည်ထိုင်တာအနည်းငယ်ကြာရင် 40 ရာခိုင်းနှုန်းသော coliform ဆိုတဲ့ ဘက်တီးရီးယားတွေပေါက်ဖွားတတ်ပါတယ်။တခါတလေ နှပ်ဖော်ထားတဲ့ ကော်ဖီမှုန့်တွေကို ရေနွေးနဲ့ ကျင်းပြီး ထပ်မသောက်သင့်ပါဘူး။

#15.

တချို့ကတော့ အင်းဆက်တွေကို စားသုံးမှုကို တားမြစ်ကြပါတယ်။ တကယ်တော့ အင်းဆက်တွေမှာ ဂေါ်ဖီပန်း၊ပြောင်းဖူး အာလူးတို့ထက် ဗီတာမင်ပိုများတာဖြစ်ပါတယ်။ ဒါကြောင့် အင်းဆက်တွေ စားနေကြတာ ဘာပြဿနာမှ မရှိတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*