သင့်ခန္ဓာကိုယ်ထဲကထွက်တဲ့ အနံ့ဆိုး ၇ခုကပြောပြနေတဲ့ သင့်ရဲ့ ကျန်းမာရေး

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကနေ အနံ့ဆိုးတွေထွက်ပေါ်တာက တခြားသူတွေအတွက်လည်း နေရထိုင်ရတာမသက်သာစေပါဘူး။အထူးသဖြင့်အနီးကပ်ယှဉ်တွဲပြီးရပ်နေတာမျိုး၊ဘေးနားကဖြတ်သွားတာမျိုးမှာ သင့်ခန္ဓာကိုယ်ထဲက အနံ့ဆိုးကိုတော်တော်လေးသည်းခံရမှာပါ။အများအားဖြင့်ခန္ဓာကိုယ်ထဲကနေ ချွေးနံ့ထွက်ပါတယ်။ချွေးနံ့ကဘတ်တီးရီးယားတွေပေါက်ဖွားရာကနေထွက်ပေါ်လာတာပါ။ဘတ်တီးယားတွေများပြားတဲ့အခါမှာတော့ပုံမှန်ခံသာရုံချွေးနံ့ထက် ဆိုးတဲ့အနံ့ပြင်း၊အနံ့ဆိုးထွက်လာစေပါတယ်။သူများကိုမထိခိုက်ခင်မှာ ဒီအနံ့က သင့်ရဲ့ ကျန်းမာရေးကိုထိခိုက်နိုင်စေတာ သတိထားဖို့လိုပါတယ်။သင့်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အနံ့ပြင်း၊အနံ့ဆိုးတွေက ဆီးချို၊အသည်း၊မှားယွင်းတဲ့ကိုယ်အလေးချိန်ချမှုတွေကြောင့်လည်းထွက်လာတာဖြစ်နိုင်ပါတယ်။

၁။ခန္ဓာကိုယ်က အညစ်အကြေးနံ့ထွက်နေရင်…

ဒီလိုအညစ်အကြေးနံ့ထွက်တာက သင့်ရဲ့ အစာအိမ်အူလမ်းကြောင်းပိတ်နေတာကြောင့်ဖြစ်နိုင်ပါတယ်။ဒါက သင့်ရဲ့ အူမှာ တစ်ခုခုပိတ်ဆို့နေတဲ့အတွက်ဖြစ်ပေါ်လာတဲ့အန္တရာယ်များတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။အများအားဖြင့် အူလမ်းကြောင်းမှာပိတ်ဆို့နေတဲ့အခါ အညစ်အကြေးနံ့ထွက်လာစေပါတယ်။သင်ဘာပဲစားစား အနံ့ဆိုးတွေကိုပိုသာဆိုးလာစေပါတယ်။အဲ့ဒါအပြင် အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါပြဿနာတော်တော်များများဟာ ချွေးနံ့ဆိုးထွက်လာစေပါတယ်။တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေက အညစ်အကြေးထွက်ပေမဲ့လည်း ချိုင်းချွေးနံ့ကတော့အများဆုံးထွက်ပါတယ်။

၂။ဆိုးဆိုးဝါးဝါးအနံ့ထွက်နေရင်…

သင့်ခန္ဓာကိုယ်ကနေ အနံ့ခံလို့မရလောက်အောင်ဆိုးဆိုးဝါးဝါးအနံ့ထွက်နေရင် ဆရာဝန်ဆီသွားပြသင့်ပါပြီ။ဒါက သင့်ရဲ့ အသည်းမှာပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။အသည်းလှုပ်ရှားမှုနှေးကွေးနေတဲ့အခါ ထူးခြားတဲ့အနံ့တစ်မျိုးကိုထွက်ပေါ်စေပါတယ်။အဲ့ဒီအနံ့က ခန္ဓာကိုယ်ရဲ့ အနံ့ဆိုးကိုသက်ရောက်စေပြီး ဆိုးဆိုးဝါးဝါးပြင်းထန်တဲ့အနံ့မျိုးထွက်လာစေပါတယ်။အသည်းပျက်စီးနေတဲ့အခါမှာလည်း အစာအိမ်ပြဿနာတွေ၊အော့အန်ပျို့တက်တာတွေလက္ခဏာပြတတ်ပါတယ်။

၃။ခန္ဓာကိုယ်က ငါးပုပ်နံ့ထွက်နေရင်…

သင့်ခန္ဓာကိုယ်က ထူးထူးဆန်းဆန်းငါးပုပ်နံ့ထွက်နေရင်သင်ဟာ Fish Odor Syndrome ဆိုတဲ့အခြေအနေကိုခံစားနေရတာပါ။ဒီရောဂါခံစားနေရသူဟာ ဆီးသွားတဲ့အခါ၊ချွေးထွက်တဲ့အခါ၊ခံတွင်းနံ့ထွက်တဲ့အခါမှာ ငါးနံ့ဖြစ်ပေါ်စေပါတယ်။ဒီလိုအခြေအနေဟာ ရှားပါးတဲ့ရောဂါတစ်မျိုးလိုဖြစ်နေပြီး ပရိုတင်းဓာတ်များလွန်းတဲ့အခါမျိုးမှာ၊ဘတ်တီးရီးယားတွေရှိနေတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာစေပါတယ်။

၎။သင့်ခန္ဓာကိုယ်ကထွက်တဲ့အနံ့ကချိုနေရင်…

ခန္ဓာကိုယ်ကထွက်တဲ့အနံ့ကချိုချိုမွှေးမွှေးလေးဖြစ်နေရင် ဒါကဆီးချိုလက္ခဏာတစ်ခုပါ။သင့်ရဲ့ သွေးစီးကြောင်းထဲမှာketones လို့ခေါ်တဲ့အက်ဆီတုံးဓာတ်ပါဝင်တဲ့အော်ဂဲနစ်ဓာတ်ပေါင်းကမြင့်တက်လာပြီး အခုလို ခန္ဓာကိုယ်က သစ်သီးနံ့လိုမွှေးပျံ့လာတာပဲဖြစ်ပါတယ်။တကယ်လို့သင်ဆီးသွားတဲ့အခါမှာလည်း အဲ့ဒီလိုအနံ့မျိုးရနေတယ်ဆိုရင် ဒါက Maple Syrup urine ရောဂါမျိုးဖြစ်တာလည်းဖြစ်နိုင်ပါတယ်။ဇီဝဖြစ်စဉ်ကစဥ့်ကလျားဖြစ်ကာ ခန္ဓာကိုယ်ကအမိုင်နိုအက်စစ်(အသားဓာတ်)ကိုမဖြိုဖျက်နိုင်တော့တဲ့အထိဖြစ်စေပါတယ်။

၅။သင့်ခန္ဓာကိုယ်က ကြက်ဥပုပ်နံ့ထွက်နေရင်…

သင့်ခန္ဓာကိုယ်က ကြက်ဥပုပ်နံ့ထွက်နေတာဟာ အသားစားတာများလွန်းလို့ပါ။အသားက အစာခြေဖျက်စနစ်အတွက်ကြီးမားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။နေ့တိုင်းလူတွေက အသားတွေအများကြီးစားတဲ့အခါမှာ ကြက်ဥပုပ်နံ့လို အနံ့ဆိုးထွက်လာတာပဲဖြစ်ပါတယ်။အသားထဲမှာပါဝင်တဲ့အမိုင်နိုအက်စစ်ဓာတ်မြင့်မားတာကြောင့် အခုလို အနံ့ဆိုးထွက်စေတာပါ။အထူးသဖြင့် အနီရောင်အသားတွေစားတဲ့အခါမှာပိုပြီးဖြစ်စေပါတယ်။ဒီအရာကတော့စိုးရိမ်စရာမလိုပါဘူး။ဒါပေမဲ့ ဒီလိုအနံ့ဆိုးမထွက်အောင်အစာကိုကောင်းကောင်းခြေဖျက်နိုင်ဖို့လိုအပ်ပါတယ်။

၆။သင့်ခန္ဓာကိုယ်ကအရက်နံ့ထွက်နေရင်…

သင့်ခန္ဓာကိုယ်ကဘာလို့အရက်နံ့ထွက်ရတာလဲဆိုရင် အရက်သောက်တဲ့အခါမှာ ခန္ဓာကိုယ်က အရက်ကို အဆိပ်အဖြစ်မှတ်ထားပြီးအက်ဆီးတစ်အက်စစ်အဖြစ်ပြောင်းလဲပြီးချေဖျက်ဖို့ကြိုးစားပါတယ်။ဒီနည်းလမ်းနဲ့အရက် ၉၉၀ရာခိုင်နှုန်းကိုဇီဝဖြစ်စဉ်လည်ပတ်စေပြီး အညစ်အကြေးစွန့်တဲ့အခါမှာတော့ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။အက်စစ်ဓာတ်ဟာ ဆီးနဲ့အတူပါသွားသလို ချွေးထွက်တဲ့အခါမှာလည်းအရက်နံ့ထွက်စေပါတယ်။အဲ့ဒါကြောင့် ပါတီပွဲတွေမှာအရက်သောက်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်ကအရက်နံ့ကိုထွက်ပေါ်စေတာပဲဖြစ်ပါတယ်။

၇။ခန္ဓာကိုယ်ကချွေးတွေအများကြီးထွက်နေလို့ချွေးနံ့နံ့နေရင်…

သင့်ခန္ဓာကိုယ်ကနေ ယပ်ခပ်လို့မနိုင်လောက်အောင်ချွေးတွေအရမ်းထွက်နေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ဆေးပညာအခြေခံအားဖြင့်ပြောရမယ်ဆိုရင် ချွေးတွေကလိုအပ်တာထက်ပိုလျှံနေတဲ့အတွက် Hyperhidrosis ဆိုတဲ့
အခြေအနေမျိုးဖြစ်နိုင်ပါတယ်။စမ်းသပ်ကြည့်တာကအကောင်းဆုံးပါ။အာရုံကြောရောဂါ၊ဟော်မုန်းဓာတ်ပြောင်းလဲမှု၊ကူးစက်ရောဂါနဲ့တခြားရောဂါတွေကြောင့်လည်း ချွေးထွက်လွန်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ကျန်းမာတဲ့လူတွေမှာ အများဆုံးဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါတယ်။အပူနဲ့စိတ်ခံစားချက်ကြောင့်ချွေးထွက်လွန်တာလည်းဖြစ်စေသလို တစ်ချို့လူတွေကတော့ဒီလိုအခြေအနေကို ပုံမှန်အပူချိန်၊စိတ်ဖိစီးမှုမများပဲနဲ့ လမ်းလျှောက်တာများသွားရင်သာ ဖြစ်လေ့ရှိပါတယ်။ချွေးထွက်အများဆုံးကတော့ချိုင်း၊ပေါင်နဲ့ ခြေဖ၀ါးတွေပဲဖြစ်ပါတယ်။