သင်လုံးဝမြင်ဖူးဦးမှာမဟုတ်တဲ့ ကမ္ဘာ့အကြီးဆုံးအိမ်မွေးတိရစ္ဆာန်များ

၁။ခွေးကြီး Giant George

ခွေးလေးတောင်မဟုတ်ပါဘူး။အရပ် ၄၃လက်မမြင့်တဲ့ကြီးမားတဲ့ခွေးကြီးဟာ အရီဇိုးနားပြည်နယ်၊Tucson မြို့မှာရှိပါတယ်။အသက်ရှင်နေတဲ့ခွေးတွေအားလုံးထဲမှာအရပ်အမြင့်ဆုံးစံချိန်နဲ့ ၂၀၁၀၊ဖေဖော်ဝါရီ ၁၅ရက်နေ့ထိ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးအဖြစ်စံချိန်နှစ်ခုတောင်ချိုးခဲ့ပါတယ်။ခွေးလေးရဲ့ နာမည်က George ဖြစ်ပြီး The Oprah Winfrey Show & Live with Regis & Kellyမှာမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒါအပြင် George မှာပရိသတ်တွေလည်းရှိပါသေးတယ်။သခင်ဖြစ်သူက George ရဲ့ နေ့စဉ်လှုပ်ရှားပုံတွေကိုသူ့ရဲ့ဝက်ဘ်ဆိုက်မှာရော၊ယူကျူ့ဘ်မှာပါ နေ့တိုင်းအသစ်အသစ်တွေတင်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒါအပြင် “Giant George: Life with the World’s Biggest Dog,” ဆိုတဲ့စာအုပ်နဲ့တွစ်စ်တာအကော့င်တောင်ရှိပါသေးတယ်။ကံမကောင်းစွာနဲ့ပဲ George ဟာ ၂၀၁၃၊အောက်တိုဘာ ၁၇ရက်နေ့မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

၂။ကြောင်ကြီး Ulric

အင်္ဂလန်နိုင်ငံမှာရှိတဲ့ Ulric ဆိုတဲ့ကြောင်ကြီးဟာ ကိုယ်အလေးချိန် ပေါင် ၃၀တောင်ရှိနေပြီးရှိသင့်တာထက် ၂ဆလောက်ကြီးမားနေပါတယ်။ဒီအ၀လွန်နေတဲ့ကြောင်ကြီးဟာ Norwegian Forest ကြာင်အမျိုးအစားဖြစ်ပါတယ်။သူဟာ အသက် ၁၅လအရွယ်တုန်းက၁၇ပေါင်သာရှိပေမဲ့ အစားအသောက်ကိုအရမ်းခုံမင်တဲ့ကြောင်ကြီးဖြစ်ပါတယ်။သူစားတာမ၀ရင် အမဖြစ်တဲ့ Ulla ရဲ့ ခွက်ထဲကတောင်ယူစားပါတယ်တဲ့။အဲ့ဒါကြောင့်ပေါင် ၃၀နီးပါးဖြစ်လာပြီး သခင်ဖြစ်သူ Jan Mitchell ဟာ သူ့ကိုတိရစ္ဆာန်ကိုယ်ရေစစ်ပြိုင်ပွဲကိုထည့်သွင်းပေးခဲ့တယ်လို့သိရပါတယ်။Jan Mitchell ဟာ ကြောင်ကြီးကိုကန့်သတ်ချုပ်ချယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာ နေမကောင်းတဲ့တိရစ္ဆာန်တွေဆေးကုပေးနေတဲ့အဖွဲ့အစည်းကိုပို့ခဲ့ရပါတယ်။ကြောင်ကြီး Ulric ဟာ ဒီနှစ်ရဲ့ အ၀လွန်တိရစ္ဆာန် ၂၁ကောင်ထဲမှာတစ်ကောင်အပါအ၀င်ဖြစ်ခဲ့ပြီး ၆လနီးပါးကိုယ်အလေးချိန်ချခွင့်ရခဲ့ပါတယ်။အစားအစာနဲ့လေ့ကျင့်ခန်းကိုလည်းတွဲဖက်လေ့ကျင့်ရတယ်လို့လည်းသိရပါတယ်။

၃။ငါးကြီး Goldie

အင်္ဂလန်နိုင်ငံ၊Kent ပြည်နယ် Folkestone မြို့မှာရှိတဲ့ရွှေငါးကြီးက ကမ္ဘာ့အကြီးဆုံးငါးလို့တောင်သတ်မှတ်ခံခဲ့ရပါတယ်။၁၅လက်မရှည်လျားပြီး ၅လက်မအကျယ်ရှိပါတယ်။၂၀၀၈တုန်းက အလေးချိန်ချိန်ကြည့်တုန်းက ၂ပေါင်ကျော်ရှိခဲ့တယ်လို့သိရပါတယ်။ငါးကြီးရဲ့ ပိုင်ရှင်က စ၀ယ်တုန်းက တစ်လက်မသာရှိပြီး ၉၉ဆင့်တောင်ပေးခဲ့ရတာပါ။၁၅နှစ်ကြာပြီးတဲ့နောက်အခုလိုစံချိန်ချိုးနိုင်တဲအထိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီငါးကြီးတစ်ကောင်ထဲ အကြီးကြီးရှိတာမဟုတ်ပါဘူး။၂၀၁၀၊ဇူလိုင်မှာတော့၁၆လက်မရှည်လျားပြီး ၅ပေါင်ရှိတဲ့ငါးကြီးကို အင်္ဂလန်နိုင်ငံ၊ကမ်ဘာလေမြို့က ရေကန်ထဲမှာ အသက် ၁၆နှစ်အရွယ် Nick Richardsဆိုသူကဖမ်းမိခဲ့ပါတယ်။ဒါပေမဲ့ ကမ္ဘာ့အရှည်ဆုံးရွှေငါးကတော့ Joris Gijsbers ဆိုသူပိုင်ဆိုင်တာဖြစ်ပြီး ၁၈.၇လက်မတောင်အရှည်ရှိတယ်လို့သိရပါတယ်။၂၀၀၃ခုနှစ်၊မတ်လ ၂၄ရက်တုန်းကငါးကြီးကိုတိုင်းတာခဲ့တာပဲဖြစ်ပါတယ်။

၎။ယုန်ကြီး Ralph

လေးနှစ်သားအရွယ် Ralph ဆိုတဲ့ယုန်ကြီးကတော့ ကိုယ်အလေးချိန် ၅၅ပေါင်ရှိပြီး အင်္ဂလန်နိုင်ငံမှာနေထိုင်တာပါ။ဒီနှစ်အတွက်ဂရင်းနစ်စံချိန်တင်အကြီးဆုံးယုန်အဖြစ်စာရင်းဝင်ခဲ့သလို ၂၀၁၀တုန်းကလည်း အကြီးဆုံးယုန်ကြီးအဖြစ်စံချိန်တင်ခဲ့ပါတယ်။ဒီယုန်ကြီးကိုကျွေးရတဲ့စရိတ်က တစ်ပတ်ကို ဒေါ်လာ ၇၅ကျပ်ရှိခဲ့ပြီး နေ့တိုင်းလိုလို ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီ၊သခွားသီးတစ်ဝက်၊မုန်လာဥနီတစ်လုံး၊ပြောင်းဖူး၊ပေါင်မုန့်ညိုနှစ်ချပ်၊ပန်းသီး ၂လုံး၊ရေမုန်ညှင်းအိတ်တစ်ဝက်နဲ့မုန့်ချပ်များစွာကျွေးရတယ်လို့သိရပါတယ်။တော်တော်လေးကိုစားနိုင်တဲ့ယုန်ကြီးပါ။သူ့ရဲ့အမေကလည်းလွန်ခဲ့တဲ့ ၅နှစ်မသေဆုံးခင်အချိန်က အကြီးဆုံးယုန်အဖြစ်စံချိန်တင်ခဲ့
တာဖြစ်ပါတယ်။အမေယုန်ကြီးက နှလုံးရှော့ခ်ဖြစ်ပြီးသေဆုံးခဲ့တာပါ။

၅။ခွေးကြီး Zeus

ခွေးကြီး Zeus ဟာ ၄၄လက်မရှည်လျားပြီး သူဟာ ၂၀၁၃တုန်းက ကမ္ဘာ့အရပ်အရှည်ဆုံးခွေးအဖြစ် ဂရင်းနစ်စံချိန်တင်စာအုပ်မှာပါဝင်ခဲ့ပါတယ်။Zeusက ခွေးကြီး George ထက် ၁လက်မပိုရှည်ပြီးစံချိန်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

၆။လိပ်ကြီး Sammy

ဆန်ဖရန်စစ္စကိုမှာရှိတဲ့ လိပ်ကြီး Sammy ကလည်းကိုယ်အလေးချိန် ၁၁၅ပေါင်နဲ့ ကမ္ဘာ့အကြီးဆုံးလိပ်ကြီးအဖြစ်အားလုံးကသတ်မှတ်ခဲ့ကြပါတယ်။အဲ့ဒါအပြင် သူ့ရဲ့ ပိုင်ရှင်က နေရှင်နယ်ဘောလုံးအသင်းက ကစားသမားတစ်ယောက်ဖြစ်တဲ့Colin Rand Kaepernick ပဲဖြစ်ပါတယ်။လိပ်ကြီး Sammy ကို လွန်ခဲ့တဲ့ ၁၅နှစ်က လက်တစ်ကိုင်စာအရွယ်လေးနဲ့ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီးနောက်ပိုင်းမှာ ၁၁၅ပေါင်ထိကြီးမားလာခဲ့တာဖြစ်ပါတယ်။လတ်ဆတ်တဲ့သုံးရွက်ဆိုင်အပင်လေးတွေ၊ပန်းသီးတွေ၊အစိမ်းရောင်သစ်ရွက်တွေစားတယ်လို့သိရပါတယ်။

၇။ခွေးကြီး Zorba
လန်ဒန်မြို့က အိမ်စောင့်ခွေးကြီးမျိုးဖြစ်တဲ့ Zorba ဟာ ကိုယ်အလေးချိန် ၃၄၃ပေါင်နဲ့ကမ္ဘာ့အကြီးဆုံးခွေးအဖြစ်အမြဲတမ်းစံချိန်ချိုးခဲ့ပါတယ်။သူ့ရဲ့နှာခေါင်းကနေ အမြီးအထိ ၈ပေ ၃လက်မရှိပြီး ပုခုံးက ၃၇လက်မကျယ်ပါတယ်။တိုင်းတာတုန်းက အသက် ၈နှစ်သာရှိခဲ့ပြီး၁၉၈၉ခုနှစ်၊နိုဝင်ဘာကတိုင်းတာခဲ့တာပါ။ဒီခွေးကြီးသာ ဒီနေ့အထိအသက်ရှင်နေမယ်ဆိုရင် ကမ္ဘာ့အကြီးဆုံးခွေးကြီးအဖြစ်စံချိန်ချိုးနေဦးမှာသေချာပါတယ်။၂၀၀၁ခုနှစ်ကတော့ နယူးဂျာစီကအိမ်စောင့်ခွေးကြီး Moose ဟာ ပေါင်ချိန် ၂၈၆ပေါင်နဲ့Live with Regis & Kelly အစီအစဉ်မှာပါဝင်လာခဲ့ပါတယ်။နောက်ပိုင်းထပ်ချိန်ကြည့်တဲ့အခါမှာ ၂၉၁ပေါင်ရှိခဲ့ပြီး ကမ္ဘာ့အကြီး
ဆုံးခွေးအဖြစ်စံချိန်တင်ခဲ့ါတယ်။စိတ်မကောင်းစရာကတော့ခွေးကြီးဟာ အသက် ၁၀နှစ်အရွယ်မှာသေဆုံးသွားခဲ့ပါတယ်။

၈။ကြွက်ကြီး Gary

သာမန်အားဖြင့်တောင်အမေရိကနိုင်ငံမှာသာတွေ့နိုင်တဲ့ ချစ်စရာကြွက်ကြီးကို တက်စ်ဆက်ပြည်နယ်က စုံတွဲတစ်တွဲကမွေးစားခဲ့ပါတယ်တဲ့။ ဒီကြွက်ကြီးကိုArkansas ပည်နယ်ကမွေးမြူရေးသမားတစ်ယောက်ဆီကရခဲ့တာပါ။ကြွက်ကြီး Garyဟာ မွေးစားတဲ့ပိုင်ရှင်မိသားစုတွေကြားမှာပျော်ရွှင်ပြီး ပိုင်ရှင်တွေနဲ့အတူတူရေတောင်ကူးပါသေးတယ်တဲ့။ကြွက်ကြီးကရေဆော့ရတာပျော်လို့ မြေပြင်ပေါ်မှာတောင်ရေကူးကန်လေးလုပ်ပေးခဲ့တယ်လို့သိရပါတယ်။ကြွက်ကြီးက သူ့ရဲ့ အိပ်ရာမှာပဲ အိပ်ပြီးပိုင်ရှင်မိသားစုမွေးမြူထားတဲ့ မြင်းတွေ၊ယုန်တွေ၊လိပ်တွေ၊ခွေးတွေ၊ကြောင်တွေနဲ့လည်းချစ်ချစ်ခင်ခင်နေပါတယ်တဲ့။ကြွက်ကြီး
ရဲ့ ကိုယ်အလေးချိန်က ၁၁၂ပေါင်ရှိတယ်လို့သိရပါတယ်။တစ်ကောင်လောက်မမွေးချင်ကြဘူးလား?

၉။ဝက်ဝံကြီး Bandit

ဝက်ဝံအနွယ်အမျိုးဖြစ်တဲ့ရက်ကွန်းဝံကြီး Bandit ဟာ ကမ္ဘာ့အ၀ဆုံးဝက်ဝံကြီးအဖြစ် ဂရင်းနစ်စံချိန်တင်ထားခဲ့ပါတယ်။Banditဟာ မွေးဖွားစဉ်က လူတွေလိုပဲသွိုင်းရွိုက်ပြဿနာရှိခဲ့တာကြောင့်ကိုယ်အလေးချိန်မထိန်းနိုင်တာပါ။သူ့ကို Pennsylvania ပြည်နယ်၊ Palmerton မြို့မှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ကခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝက်ဝံကြီးဟာ ၂၀၀၄ခုနှစ်ကသေဆုံးခဲ့တယ်လို့သိရပါတယ်။မသေဆုံးခင်ကသူ့ရဲ့ ကိုယ်အလေးချိန်ဟာ ၇၅ပေါင်ရှိပါတယ်တဲ့။

၁၀။ကြောင်ကြီး Stewie

Nevada မြို့မှာနေထိုင်တဲ့ ကြောင်ကြီး Stewie ဟာ ၄၈.၅ လက်မတောင်ရှည်လျားပါတယ်တဲ့။ကမ္ဘာ့အရှည်ဆုံးကြောင်အဖြစ်ရော၊ကမ္ဘာ့အရှည်ဆုံးကြောင်အမြီးအဖြစ်ပါစံချိန် ၂ခုချိုးခဲ့တယ်လို့သိရပါတယ်။ဒီကြောင်ကြီးဟာ သူ့ရဲ့အိမ်အနီးက ဒေသခံစင်တာတစ်ခုမှာရှိတဲ့ကြောင်တွေဆီကိုလည်းသွားလည်လေ့ရှိပါတယ်။စိတ်မကောင်းစွာနဲ့ပဲကြောင်ကြီး Stewie ဟာ ၂၀၁၃ခုနှစ်၊ဖေဖော်ဝါရီလမှာကင်ဆာရောဂါနဲ့သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။