သမားရိုးကျ မဟုတ်တဲ့ စေ့စပ်လက်စွပ် ၁၀မျိုး

စေ့စပ်လက်စွပ်ရွေးချယ်သောအခါ လူအများစုဟာ စိန်လက်စွပ် တမျိုးကိုပဲ ရွေးချယ်တတ်ကြပါတယ်။ စေ့စပ်လက်စွပ်ဆိုတိုင်း စိန်ဖြစ်ရမှာတော့ မဟုတ်ပါဘူး။ လူအများစုဟာ စေ့စပ်လက်စွပ်အတွက် သမားရိုးကျမဟုတ်သော အစားထိုးရွေးချယ်မှုတွေ ပြုလုပ်လာသည့်နဲ့အမျှ ဒီလိုယေဘုယျ အမြင်တွေဟာ တဖြည်းဖြည်း ပြောင်းလဲလာပါပြီ။

၁။ အနက်ရောင်စိန်

ဒါဟာ သာမန်ရိုးရာတခုက ခွဲထွက်ဖို့ နည်းကောင်းတနည်းဖြစ်ပါတယ်။ အကြည်ရောင်စိန်တွေဟာ စေ့စပ်လက်စွပ်အတွက် အဓိကရွေးချယ်စရာဖြစ်ခဲ့ပေမယ့် အနက်ရောင်စိန်ဆိုရင်ကော မကောင်းဖူးလား။ အနက်ရောင်စိန်တွေဟာ အခုခေတ်မှာ ခေတ်စားနေပြီး အနက်ရောင်စစ်စစ်အတုံးမှ မီးခိုးရောင်ထိ အဆင့်ဆင့် ရှိပါတယ်။ ဒီခမ်းနားထည်ဝါတဲ့ ကျောက်မျက်ရတနာတွေဟာ သူမတူထူးကဲစွာ ခိုင်ခံ့ပြီး ပြိုင်ဘက်ကင်း လှပါတယ်။

၂။ Moissanite

သင်ကြိုက်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ Moissanite တွေဟာ စေ့စပ်လက်စွပ် ကမ္ဘာထဲမှာတော့ အပြင်းအထန် ဝင်ရောက်နေရာယူနေပါတယ်။ Moissanite တွေဟာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် ကမ္ဘာမြေပေါ်သို့ ဥက္ကာခဲတွေမှတဆင့် ရောက်ရှိလာသော တောက်ပြောင် ခိုင်ခံ့သည့် ပစ္စည်းလည်း ဖြစ်ပါတယ်။ ဒီဝတ္ထု ပစ္စည်းဟာ ဓာတ်ပြုရသည့်အတွက် သဘာဝ Moissanite ရယ်လို့ ရှားပါးလှပါတယ်။ယနေ့ခေတ်မှာတော့ Moissaniteကို စိန်အစားထိုး ရွေးချယ်စရာတခုအနေဖြင့် ရွေးတတ်ကြပါတယ်။ စိန်နဲ့တူသော Moissanite ဒါမှမဟုတ် အရောင်ပါတဲ့ဟာကို ရွေးလို့ရပါတယ်။ ခိုင်ခံ့မှုနဲ့ အဝတ်ခံမှုတို့ကြောင့် ဒီအာကာသစိန်တွေဟာ အလုပ်များပြီး လှုပ်လှုပ်ရှားရှားနေရတဲ့ ဘဝနေထိုင်မှုတွေအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။

၃။နီလာနဲ့ ပတ္တမြား

နီလာတွေကလည်း အကောင်းဆုံးရွေးချယ်မှုတခုဖြစ်ပြီး လှပသော အပြာရောင်အဆင်း ရှိကြပါတယ်။ ဒါပေမဲ့ နီလာကို အဖြူနဲ့ အနက်အပါအဝင် တခြားလှပသောအရောင်တွေ ရနိုင်တယ်ဆိုတာ လူအတော်များများမသိကြပါဘူး။ အနီရောင်နီလာတော့ မရှိပါဘူး ဒါဟာဘာလို့လဲဆိုတော့ ပတ္တမြားလို့ ခေါ်လို့ပဲဖြစ်ပါတယ်။ နီလာရော ပတ္တမြားဟာ ခိုင်ခံ့ပြီး တန်းဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေ ဖြစ်ပါတယ်။ သစ္စာရှိမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့နှင့် ဆက်စပ်နေပြီး နီလာနဲ့ ပတ္တမြားဟာ တန်ဖိုးကြီးမားပြီး ထူးကဲထင်ရှားကြပါတယ်။

၎။ သစ်သား

သစ်သားဖြင့်ပြုလုပ်ထားသော စေ့စပ်လက်စွပ်တွေကတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိနေပါတယ်။
ရိုးရှင်းတဲ့ သစ်သားပြားလေးတခုနဲ့ ကျောက်မျက်ရတနာ တမျိုးမျိုး ပေါင်းစပ်ထားတဲ့ သစ်သား လက်စွပ် ပုံစံမျိုးဟာ အမာအပျော့ ညီမျှတဲ့ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။ သစ်သားမှာ သူရဲ့ သဘာဝ ပုံစံရှိသောကြောင့် နက်ရှိုင်းမှု ပင်ကိုဟ်အရည်အသွေးနဲ့ အတူ လက်စွပ်တကွင်းစီဟာ သူမတူထူးခြားပါတယ်။ ကြာရှည်ခံဖို့အတွက် ပြုပြင်ထိန်းသိမ်းမှု အချို့ လိုအပ်ပေမယ့် ဒီရွေးချယ်မှုရဲ့ အလှတရားကြောင့် ရွေးချယ်ရတာ တန်ပါတယ်။

၅။ Makume Gane

Makume ဆိုတာ ဘာပါလိမ့်။ Makume ဆိုတာကတော့ ဂျပန်မှာ စတင်ခဲ့သော ရှေးဟောင်း သတ္တုထည် လုပ်ငန်းနည်းပညာ တမျိုးဖြစ်ပါတယ်။ ၄င်းကို ဆွဲဆောင်မှုရှိတဲ့ လက်ထပ်လက်စွပ်များ ပြုလုပ်ရာမှာ သုံးပြီး ကျောက်မျက်ရတနာ တမျိုးမျိုးနဲ့ ပေါင်းစပ်၍ စေ့စပ်လက်စွပ်အနေနဲ့ လည်း သုံးပါတယ်။ ၄င်းသတ္တုထည်ကို တမူထူးခြားစေတာကတော့ လှပသောအတွန့်အလိမ်တွေနဲ့ သတ္တုအလွှာတွေကို အရစ်အစင်း ပုံစံများ ဖန်တီးနိုင်ခြင်းကြောင့် လည်းဖြစ်ပါတယ်။ ဒီအထည်ကတော့ ရိုးရှင်းစွာ ဆွဲဆောင်နိုင်တဲ့ အနုပညာအထည်လည်း ဖြစ်ပါတယ်။

၆။ ချစ်သူကြိုးထုံးလက်စွပ်

တခြားအလှတန်ဆာတွေမပါပဲ အဓိပ္ပါယ်ရှိသော အမျိုးအစားမျိုးလိုချင်ရင်တော့ ချစ်သူကြိုးထုံးလက်စွပ်ကို ရွေးပါ။ ကြိုးထုံးရဲ့ အဓိပ္ပါယ်က ခင်မင်မှု ချစ်ခြင်းမေတ္တာ သစ္စာရှိမှု နဲ့ ကတိစောင့်ထိန်းမှု တို့ကို ကိုယ်စားပြုပါတယ်။ လှပစွာတွန့်လိမ်ထားသော တန်ဖိုးရှိ သတ္တုတမျိုမျိုးနဲ့ ကြိုးထုံးလက်စွပ်လေးကတော့ လူတိုင်းရဲ့ အိပ်မက်ပါပဲ။ ကြိုးထုံးလက်စွပ်ဟာ ပုံစံအမျိုးမျိုးရှိပါတယ်။ တချို့ ချစ်သူ့ကြိုးထုံးလက်စွပ်တွေဟာ အရောင်လက်စေဖို့ ကျောက်မျက်ရတနာ မံထားပါတယ်။ ကျောက်မျက်ရတနာ တမျိုးမျိုးနဲ့ ပေါင်းစပ်ထားသော ချစ်သူ့ကြိုးထုံးလက်စွပ်ကိုလည်း ရွေးချယ်နိုင်ပါတယ်။

၇။Tanzanite

ရှားပါးပြီးဈေးကြီးတဲ့ အရာကို ရွေးရင် မကောင်းဘူးလား။ ကိုယ်တတ်နိုင်လောက်တဲ့ ဈေးနူန်းနဲ့ ရှားပါးပြီး တမူထူးခြားတဲ့ ရတနာကို လိုချင်ရင်တော့ Tanzanite ဟာ အဆင်ပြေဆုံးပါပဲ။ ဒီကျောက်မျက်ရတနာကိုတော့ Kilimanjaro တောင်ခြေ ဖြစ်တဲ့ ကမ္ဘာရဲ့ တခုတည်းသော နေရာမှာပဲတွေ့နိုင်ပါတယ်။ ၄င်းဟာ ကမ္ဘာပေါ်မှာ အရှားပါးဆုံး ကျောက်ဖြစ်ပြီး သဘာဝတွေ့ရှိမှုတွေဟာလည်း လျင်မြန်စွာ လျော့နည်းလာပါတယ်။ ၄င်းကို စိန်တွေထက် နည်းပါးစွာ ရောင်းချပါတယ်။ Tanzanite ကျောက်အရင်းအမြစ် အသစ်တွေကို ရှာတွေ့ဖို့ မလွယ်တော့ပါဘူး။ လက်ရှိ Tanzanite ကျောက်တွေဟာ နှစ်အနည်းငယ်အတွင်းမှာ ကုန်ခမ်းသွားနိုင်ချေရှိပါတယ်။ ဒါကြောင့် Tanzanite ကို မျိုးဆက်တစ်ဆက်ကျောက်မျက် ဟုခေါ်ကြခြင်းဖြစ်ပါတယ်။

၈။ A Claddagh Ring

ဒီလက်စွပ်တွေကတော့ အိုင်ယာလန်မှလာပြီး လှပတဲ့ သင်္ကေတ လေးဖြင့် မွမ်းမံထားသောကြောင့် စေ့စပ်လက်စွပ်အတွက် စံနမူနာပုံစံလည်းဖြစ်ပါတယ်။ သူရဲ့ ဒီဇိုင်းကတော့ လက်တစုံက အသည်းပုံကို ကိုင်ဆောင်ထားပြီး အသည်းထိပ်တွင် သရဖူဆောင်းပေးထားတဲ့ ပုံဖော်ထားပါတယ်။ လက်တွေကတော့ ခင်မင်မှုနဲ့ ကတိကဝတ်တည်မှုကို ဆိုလိုပြီး အသည်းပုံကတော့ ချစ်ခြင်းမေတ္တာနဲ့ တွယ်တာမှုကို ဖော်ကျူးပါတယ်။ သရဖူကတော့ သစ္စာရှိမှုရဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ခင်မင်မှု ချစ်ခြင်းမေတ္တာနဲ့ သစ္စာရှိမှု ၃ခုစုံတဲ့ လှပသော ဆက်သွယ်ချက်လေးတခုပေါ့။

၉။Ying Yang လက်စွပ်

စက်ဝိုင်းအတွင်း အဖြူနဲ့ အနက် ထက်ဝက်ခြမ်းထားတဲ့ ying yung သင်္ကေတ ကို မြင်ဖူးကြမှာပါ။ ဒါဟာ တရုတ်လူမျိုးတွေရဲ့ အယူအဆဖြစ်ပါတယ်။ တခုလုံးဟာ အစိတ်အပိုင်းတွေထက် ပိုပြီးအင်အားကြီးမားတဲ့ သင်္ကေတပဲဖြစ်ပါတယ်။ Ying Yung စေ့စပ်လက်စွပ်မှာ အဓိပ္ပါယ်များစွာရှိပြီး ချောမွေ့အဆင်ပြေတဲ့ အိမ်ထောင်ရေးတခုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး အရေးပါမှုကို ဖော်ကျူးတယ်ဟုလည်း ဆိုပါတယ်။

၁၀။တက်တူးလက်စွပ်

ဒီဟာကတော့ သတ္တိနည်းတဲ့သူ သမားရိုးကျတဲ့သူတွေ အတွက် မဟုတ်ပါဘူး။ ဘယ်မိန်းကလေးကမှတော့ ကျောက်မျက်ရတနာအစား မင်တွေကို ရွေးမှာ မဟုတ်ပါဘူး ဒါပေမဲ့ စေ့စပ်လက်စွပ်အစား တက်တူးကိုရွေးရတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ တက်တူးတွေက ယာယီမဟုတ်ပဲ အမြဲထာဝရဖြစ်ပြီး ကတိကဝတ်တည်မြဲမှုကို ကိုယ်စားပြုပါတယ်။ တက်တူးတွေကို ခဏလေးနဲ့ ဖျောက်ဖျက်ပစ်လို့မရသလို ရောင်းလို့လည်းမရပါဘူး။ တချို့သူတွေက လက်စွပ်ပုံသဏ္ဍာန် တက်တူးကို သဘောကျနေချိန်မှာ တချို့တွေကတော့ တခြားမှေးမှိန်တဲ့ပုံစံမျိုးကို ရွေးကြပါတယ်။ တက်တူးအပေါ်မှာ လက်စွပ်ထပ်ဝတ်လို့ လည်းရပြီး ဒီတက်တူးကတော့ ချစ်ခြင်းမေတ္တာရဲ့ သက်သေအဖြစ် ရှိနေလိမ့်မှာဖြစ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*