အက်ဖ်ဘီအိုင် အေးဂျင့်တစ်ယောက် ပြောပြခဲ့တဲ့ ဆွဲဆောင်မှုနည်းလမ်း ၁၀

တကယ့်အလှစစ်ဆိုတာ ပြင်ပအရည်အချင်းတွေပေါ်မူတည်မဟုတ်ပါဘူး။အလှစစ်ဆိုတာ အလေ့အကျင့်၊အပြုအမူတွေပေါ်သာမူတည်တာပါတဲ့။Dr. Jack Schafer ဆိုတဲ့အက်ဖ်ဘီအိုင်အေးဂျင့်ဟောင်းတစ်ယောက်က တခြားသူတွေအပေါ်လွှမ်းမိုးနိုင်စွမ်း၊ဆွဲဆောင်နိုင်စွမ်း၊အနိုင်ရနိုင်စွမ်းတွေရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းတွေကိုစာအုပ်တစ်အုပ်ရေးသားပြုစုခဲ့ပါတယ်။သူ့ရဲ့ နည်းလမ်းတွေကရိုးရှင်းပေမဲ့အကျိုးရှိပါတယ်တဲ့။သင့်ရဲ့ အလုပ်မှာရော လူမှုဘ၀မှာပါအကျိုးရှိတဲ့နည်းလမ်းတွေဖြစ်တယ်လို့သိရပါတယ်။သူ့ရဲ့ နည်းလမ်းတွေကိုလေ့လာကြည့်လိုက်ရအောင်။

၁။ဦးခေါင်းကိုတစ်ဖက်ကိုကွေးညွှတ်ပြီးစကားစပြောပါ

အမျိုးသမီးတွေကစကားပြောတဲ့အခါမှာ ခေါင်းကိုအနည်းငယ်စောင်းပြီးပြောတတ်တာကိုသတိထားမိပါသလား?ဒီလိုခေါင်းကိုအနည်းငယ်စောင်းပြီးပြောတာက တခြားသူက ကိုယ့်အပေါ်ယုံကြည်မှုရှိစေတဲ့အချက်သင်္ကေတတစ်ခုပါပဲတဲ့။တစ်ခါတစ်ရံအမျိုးသားတွေကလည်း စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါတစ်ဖက်လူရဲ့ယုံကြည်မှုရအောင် ဒီနည်းလမ်းကိုသုံးလေ့ရှိတယ်လို့သိရပါတယ်။သတိထားရမှာက သင့်ရဲ့ မျက်လုံးကို ခေါင်းစောင်းတဲ့နောက်လိုက်ပြီးလှည့်ပတ်မနေစေဖို့ပါပဲ။ဒီလိုလုပ်တာက ဟာသအနေနဲ့လုပ်တာဖြစ်ရင်တောင် တစ်ဖက်လူကိုရန်စသလိုဖြစ်သွားစေနိုင်ပါတယ်တဲ့။

၂။မျက်နှာအမူအရာလေ့ကျင့်ပါ

လူတွေက တခြားသူတွေကိုသတင်းပေးမယ့် သူတွေနဲ့တွေ့ဆုံတဲ့အခါမှာ ရန်စတာမျိုးမဟုတ်ပါပဲ သူတို့ရဲ့မျက်ခုံးတွေကိုအလိုလိုပင့်တတ်ကြပါတယ်။ဦးနှောက်က ဒီအချက်ပြသင်္ကေတကိုလည်းမှတ်ထားလေ့ရှိပြီး တခြားသူတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါအဆင်ပြေအောင်ကူညီပေးလေ့ရှိပါတယ်။သင်မသိတဲ့သူတစ်ယောက်နဲ့စကားပြောဆိုရင်း သူ့ကိုသဘောကျသွားတယ်ဆိုရင်သင့်ရဲ့ မျက်ခုံးတွေကိုပင့်တင်တဲ့နည်းလမ်းနဲ့ သူနဲ့ပိုရင်းနှီးအောင်လုပ်နိုင်ပါတယ်တဲ့။မျက်ခုံးပင့်နေတုန်း အကြာကြီးစိုက်ကြည့်တာမျိုး၊မျက်မှောင်ကြုတ်တာမျိုးမလုပ်မိစေဖို့တော့သတိထားပါ။

၃။မျက်လုံးနဲ့ပြုံးတတ်အောင်လေ့လာသင်ယူပါ

ဦးနှောက်က ရိုးသားပွင့်လင်းတဲ့အပြုံးကိုမှတ်မိပါတယ်တဲ့။ဒီလိုမှတ်မိနေတဲ့အတွက် သင်ပြုံးလိုက်တဲ့အခါမှာ endorphins ဟော်မုန်းတွေထွက်လာစေပြီးစိတ်ကိုအနည်းငယ်ပိုပြီးပျော်ရွှင်လာစေအောင်ဦးနှောက်ကလုပ်ဆောင်ပေးပါတယ်။ဒီလိုစိတ်သာယာနေတာကတခြားသူတွေနဲ့စကားပြောဆိုရတာလည်းလွယ်ကူစေပါတယ်။တကယ့်အပြုံးအစစ်ဆိုရင်မျက်လုံးနဲ့ပါးရိုးမှာ အရေးအကြောင်းသေးသေးလေးတွေပေါ်လာတတ်ပြီး နှုတ်ခမ်းရွေ့လျားတဲ့အပေါ်ထောင့်မှာလည်းအရေးအကြောင်သေးသေးလေးပေါ်လာစေပါတယ်။ဒီလိုအပြုံးမျိုးကလုပ်ယူလို့လည်းမရပါဘူး။ရယ်စရာကောင်းပြီးသာယာကြည်နူးစရာကောင်းတဲ့အရာတွေကိုပြန်စဉ်းစားတဲ့အချိန်မှာ ဒီလိုအပြုံးစစ်မျိုးဖြစ်ပေါ်လာတာပါ။

၎။“You are welcome.”ဆိုတဲ့စကားကိုမေ့လိုက်ပါ

သင့်ရဲ့အကူအညီကြောင့်အဆင်ပြေသွားတဲ့သူတစ်ယောက်ကကျေးဇူးတင်စကားဆိုရင် “You are welcome.”ဆိုတဲ့စကားကိုမပြောပါနဲ့တော့။အဲ့ဒီအစား မင်းသာငါ့နေရာမှာဆိုရင်လည်း ဒီလိုတူညီတဲ့အရာပဲလုပ်ခဲ့မယ်လို့ငါထင်ပါတယ် ဆိုတဲ့စကားကိုပြောပါ။ဒီစကားကြောင့်တစ်ဖက်လူက မင်းကိုကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုလုပ်ပေးဖို့စိတ်ဆန္ဒဖြစ်သွားစေပါတယ်။တခြားသူအတွက်အကြံဥာဏ်ပေးတာမျိုး၊တစ်ခုခုရွေးချယ်ဖို့ဆုံးဖြတ်ရခက်တဲ့အခါမှာကူညီပေးတာမျိုး၊စတဲ့အကူအညီသေးသေးလေးတွေကို သူမပြောလည်းကူညီပေးပါ။တခြားသူတွေရဲ့ ရှေ့မှာကိုယ်ကအရေးကြီးတယ်လို့ခံစားရတာကိုလည်းလူတိုင်းကကြိုက်ကြပါတယ်။ဒါက ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးစိတ်တိုးလာစေပြီး သင့်ကိုလေးစားတဲ့သူတစ်ယောက် ကုမ္ပဏီ၊အလုပ်မှာရှိနေတာကလည်းကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပါတယ်။

၅။လေသံတိုးတိုးနဲ့ပြောနေတဲ့သူအနားကိုကပ်ပြီး အာရုံစိုက်နားထောင်တတ်ပါစေ

သူငယ်ချင်းတစ်ယောက်နဲ့စကားပြောနေတယ်ဆိုပါစို့။သူကလျှို့ဝှက်ချက်တစ်ခုကိုသင့်ကိုတိုးတိုးလေးပြောနေမယ်။အဲ့ဒါကိုသင်သူနဲ့ခပ်ဝေးဝေးမှာထိုင်ပြီးနားထောင်တာမျိုး၊ကုလားထိုင်ကိုမှီပြီးနားထောင်တာမျိုး၊သူကတိုးတိုးလေးပြောပေမဲ့သင်ကကျယ်လောင်စွာပြန်ပြောတာမျိုးမလုပ်သင့်ပါဘူး။သူစကားတိုးတိုးပြောနေတဲ့အခါ ပိုပြီး ရင်းနှီးမှုရှိအောင် အနားကိုတိုးသွားပြီး အာရုံစိုက်အလေးထားပြီးနားထောင်ပေးတတ်ပါစေ။အဲ့ဒါမှသူလည်းစကားပြောနေရင်း တခြားသူဝင်လာတဲ့အခါ အိုးတိုးအမ်းတမ်းဖြစ်မသွားမှာပါ။တိုးတိုးပြောတာကရင်းနှီးမှုရဖို့ဆက်သွယ်ပေးတတ်တဲ့ပုံစံတစ်မျိုးဖြစ်ပါတယ်။သင်နဲ့သိပ်မရင်းနှီးသေးတဲ့သူငယ်ချင်းတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေပြီးစကားတိုးတိုးပြောကြည့်ပါ။ပိုပြီးရင်းနှီးသွားသလိုခံစားရပါလိမ့်မယ်။

၆။ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းခွင့်ပေးလိုက်ပါ

ချီးမွမ်းစကားပြောချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက သူ့ကိုယ်သူပြန်ပြီးချီးမွမ်းတန်ဖိုးထားနိုင်အောင်အဲ့ဒီသူ့ကိုအားပေးတိုက်တွန်းဖို့ပါပဲ။တခြားသူတွေနဲ့စကားပြောနေတဲ့အချိန်မှာ ကိုယ်ကသူတို့ကိုချီးမွမ်းတာထက်သူတို့ရဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်တာတွေပြောဖို့တိုက်တွန်းပါ။ပြီးရင် ဟယ် နင်ဒါကိုတကယ်လုပ်ခဲ့တာလား ဒီဟာကိုလုပ်ဖို့ဘယ်လိုမျိုးများစီမံခန့်ခွဲခဲ့တာလဲ စသဖြင့် အဲ့ဒီလိုမေးခွန်းလေးတွေနဲ့ သူတို့ကိုယ်သူတို့တန်ဖိုးသိပြီး ကိုယ့်ကိုယ်ကိုယ်ချီးမွမ်းအောင်လုပ်ပါ။

၇။သင့်ရဲ့ ပြိုင်ဘက်ရှေ့မှာအမှားတွေလုပ်ပါ

တကယ်လို့သင့်ရဲ့ ပြိုင်ဘက်နဲ့စကားစမြည်ပြောနေတဲ့အချိန်မှာ အမှားသေးသေးလေးတွေလုပ်ပါ။သင့်ရဲ့အမှားတွေကိုသူ့ကိုအမှန်ပြင်ခွင့်ပေးလိုက်ပါ။အဲ့ဒီအခါမှာ သင့်ရဲ့ပြိုင်ဘက်ကသူ့ကိုယ်သူယုံကြည်မှုပိုရှိသွားပြီး သင်နဲ့အရင်ကထက်ပိုပြီးရင်းနှီးမှုရှိသွားပါလိမ့်မယ်။သူ့ရှေ့မှာသင့်ဘက်ကအမှားများလေ သူနဲ့ပြောဆိုဆက်ဆံရတာပိုကောင်းလာပြီးပိုပြီး ရင်းနှီးမှုရှိလာလေလေပါပဲ။

၈။အတူတူရှိနေတဲ့အချိန်မှာ အစားအစာတွေကိုအာရုံစိုက်ပါ

၇၀ရာခိုင်နှုန်းသောအရေးကြီးအချက်အလက်တွေက များသောအားဖြင့်အစားစားနေတုန်းမှာမျှဝေပေးကြတာပါ။တစ်ယောက်ယောက်နဲ့ရင်းနှီးမှုတည်ဆောင်နေတုန်းမှာ လာချပေးတဲ့ကော်ဖီခွက်တွေကို ဒီတိုင်းထားထားတာက ခပ်ခွာခွာခပ်တန်းတန်းနေလိုတဲ့အဓိပ္ပာယ်ဖြစ်စေပါတယ်တဲ့။သင်ဟာ သူငယ်ချင်းတွေနဲ့အတူ စားပွဲမှာထိုင်တဲ့အခါ မလိုအပ်တဲ့အရာတွေကိုချက်ချင်းဖယ်ထုတ်ပြီး စကားပြောဖို့လွတ်လပ်တဲ့နေရာတစ်ခုဖန်တီးတာကိုမှတ်မိပါသလား?ပန်းကန်တစ်ခုထဲကအစားအစာကိုအတူဝေမျှစားတာကလည်း ရင်းနှီးမှုတည်ဆောက်တဲ့အခါ ပိုပြီးလွယ်ကူစေပါတယ်တဲ့။သင့်ပန်းကန်ထဲက အစားအစာအနည်းငယ်ကို သင်ရင်းနှီးချင်တဲ့သူနဲ့အတူတူစားဖို့မေးကြည့်လိုက်ပါ။လူတိုင်းက အစားအစာတွေကိုအတူတူစားဖို့သဘောတူလေ့မရှိပါဘူး။ဒါပေမဲ့ဒီလိုအတူစားတာက ပိုပြီးရင်းနှီးမှုရစေတာပါတဲ့။အစားအသောက်ကိုတခြားသူတွေနဲ့အတူမျှဝေစားသောက်တာက ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်တယ်လို့တခြားသူတွေကလည်းနားလည်သိကြပါတယ်။

၉။စကားပြောနေသူရဲ့ နှုတ်ခမ်းတွေကိုစောင့်ကြည့်ပြီး မျက်လုံးအရောင်ပြောင်းတတ်အောင်သင်ယူပါ

လူတွေက စကားပြောရင်းရှက်လာတဲ့အခါနှုတ်ခမ်းကိုလက်ချောင်းတွေနဲ့ထိတာမျိုး တစ်ခုခုကိုကိုင်ထားတာမျိုးဖြစ်တတ်ပါတယ်။ဒါက သင့်ရဲ့ မေးခွန်းကသူတို့အတွက်ဖြေရခက်တဲ့မေးခွန်းဖြစ်နိုင်ပြီး တစ်ဖက်လူကမပြောချင်တဲ့ခေါင်းစဉ်မျိုးလည်းဖြစ်နိုင်ပါတယ်။တစ်ဖက်လူရဲ့ အပြုအမူကိုကြည့်ပြီး သင့်ရဲ့အပြုအမူ၊အကျင့်တွေကိုမှန်ကန်အောင်လုပ်ဖို့လိုပါတယ်။သင့်ရဲ့ မျက်လုံးကနေ မှန်ကန်တဲ့အချက်ပြမှုလုပ်နိုင်ဖို့ကြိုးစားပါ။တကယ်လို့သင်နဲ့စကားပြောနေသူရဲ့ မျက်ဝန်းက ပိုပြီးကျယ်ဝန်းကြီးမားလာတာဆိုရင် ဒါက သနားစိတ်ရဲ့ သင်္ကေတတစ်ခုဖြစ်နိုင်သလို သင်ပြောနေတဲ့အကြောင်းကိုစိတ်ဝင်စားကြောင်းပြသတာပါ။တကယ်လို့သင်က တခြားတစ်ယောက်ရဲ့နှစ်သက်မှုကိုလိုချင်တယ်ဆိုရင်သူတို့ကို ညစာဖိတ်ကျွေးပါ။အလင်းရောင်ခပ်မှိန်မှိန်လေးရှိတဲ့နေရာမှာညစာဖိတ်ကျွေးပြီး သင့်ရဲ့မျက်လုံးအိမ်ကျယ်ပြန့်လာစေတဲ့စူးရှတဲ့အကြည့်နဲ့ကြည့်ပါ။မျက်လုံးက ပိုပြီးမှောင်လာပြီးမည်းလုနီးပါးဖြစ်လာပါလိမ့်မယ်။အဲ့ဒါက သင့်ကိုပိုပြီးဆွဲဆောင်မှုရှိအောင်လုပ်ပေးနေတာပါပဲ။

၁၀။ချစ်သူစုံတွဲတွေ စကားပြောရတာ အဆင်မပြေဖြစ်နေရင် အရင်ကအကြောင်းပြန်တွေးပါ။

တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်နှစ်သက်ပြီးရင် ကြားထဲမှာအနှောင့်အယှက်တွေ၊အဆင်မပြေမှုတွေဖြစ်လာနိုင်ပါတယ်။ဒီလိုမကြာခဏရန်ဖြစ်လေ့ရှိတဲ့အခါမှာ
စစချင်းတုန်းကအဆင်ပြေနေတဲ့အချိန်တွေ၊သဘောထားကွဲလွဲမှုတွေမရှိတဲ့အချိန်ကိုပြန်ပြီးတွေးတောလိုက်ပါ။အစပထမကြည်နူးစရာအချိန်တွေကိုပြန်တွေးမိပြီး မကြာခင်အဆင်ပြန်ပြေသွားပါလိမ့်မယ်။ဒီလိုနည်းလမ်းဟာ နာမည်ကြီးပြီး လူအများဆုံးသုံးလေ့ရှိတဲ့နည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ပထမတော့ ရုပ်ရှင်ဇာတ်ကောင်တွေကတစ်ယောက်ကိုတစ်ယောက်မုန်းနေမယ်။နောက်တဖြည်းဖြည်းနဲ့တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာပြီး အချစ်ဆုံးသူငယ်ချင်း၊ဒါမှမဟုတ်ချစ်သူတွေဖြစ်လာမယ်။အဲ့ဒီလိုနည်းလမ်းမျိုးပါ။မကြာခဏရန်ဖြစ်နေတဲ့ချစ်သူစုံတွဲတွေလည်းဒီနည်းလမ်းလေးကိုသုံးပေးသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*