တိုက်တန်းနစ်သဘောင်္ပေါ်မှ အသက်ရှင်ကျန်ခဲ့သူများရဲ့ ကြေကွဲဖွယ်ဇာတ်ကြောင်းများ

တိုက်တန်းနစ်မှရှင်ကျန်ခဲ့သူတွေရဲ့ ဇာတ်ကြောင်းတွေဟာ ရာစုနှစ်တစ်ခုအထိအောင် စွဲထင်နေတုန်းပါပဲ။ခန့်မှန်းချေ ခရီးသည်နဲ့ ၀န်ထမ်းပေါင်း ၂ ၂၂၄ယောက်ပါဝင်တဲ့ တိုက်တန်းနစ်သင်္ဘောကြီးဟာ ၁၉၁၂ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ ရေခဲတုံးကြီးနဲ့ တိုက်မိပြီးတော့ မြောက်အတ္တလန်တစ်ရဲ့ ရေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။ လူပေါင်း ၇၀၀ သာ အသက်ရှင်ခဲ့ပါတယ်။ အဲဒီထဲကမှ အားပြင်းတဲ့ဇာတ်ကြောင်းတွေပြောပြနိုင်တဲ့ ရှင်ကျန်သူတွေထဲကအချို့ကို စုစည်းပေးလိုက်ပါတယ်။

Navratil မိဘမဲ့ကလေးငယ်များ

Michel Navratil နဲ့ Marcelle Caretto တို့ဟာ ၁၉၀၇ခုနှစ်မှာ လက်ထပ်ခဲ့ပြီးတော့ Michel Jr. နဲ့ Edmond ဆိုတဲ့သားနှစ်ယောက်ထွန်းကားခဲ့ပါတယ်။ အဲဒီနှစ်မှာ Navratil ဟာ သူ့မိန်းမနဲ့ ရန်ဖြစ်ပြီးတော့ သားတွေကို အမေရိကခေါ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တိုက်တန်းနစ်အတွက် ဒုတိယတန်းလက်မှတ်ကို ၀ယ်ယူခဲ့ပြီးတော့ သူ့သားတွေနဲ့လိုက်ပါစီးနင်းခဲ့ပါတယ်။သဘောင်္နစ်မြုပ်တဲ့ညမှာ Navratil ဟာ ကလေးတွေကို အသက်ကယ်ဘုတ်ပေါ်မှာတင်ပေးလိုက်နိုင်ခဲ့ပါတယ်။ Michel Jr. ကို ဘုတ်ပေါ်တင်ပေးနေတဲ့အချိန်မှာ “သားတို့၊ မင်းတို့အမေလာတဲ့အချိန်ကျရင် မင်းတို့အမေကိုပြောလိုက်ပါ။ သူ့ကိုငါချစ်ခဲ့ပါတယ်။ အခုလည်းချစ်တုန်းပါ။ ငါတို့နောက်ကို သူလိုက်လာမယ်လို့မျှော်လင့်ခဲ့တယ်။ ငါတို့အတူတူကမ္ဘာသစ် ရဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းတွေကို နိုင်မှာ” လို့စကားလက်ဆောင်ပါးခဲ့ပါတယ်။အဲဒီစကားတွေပြောပြီးတဲ့နောက်မှာ Michel Navratil ဟာ သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် သူ့ကလေးတွေကတော့ အသက်ရှင်ခဲ့ပါတယ်။Navratil ကလေးတွေဟာ နယူးယောက်မှာ နေထိုင်ခဲ့ရပါတယ်။ နောက်မှ သူတို့အမေဟာသတင်းစာထဲကဓါတ်ပုံတွေကိုမြင်ပြီး လာခေါ်ခဲ့ပါတယ်။ တိုက်တန်းနစ် နစ်မြုပ်ပြီးတစ်လအကြာ မေလ ၁၆ရက်နေ့မှာ သူတို့မိသားစုတွေ ပြန်လည်ဆုံစည်းခွင့်ရခဲ့ပါတယ်။

“The Unsinkable Molly Brown”

ဒီနာမည်ကို ရရှိခဲ့တဲ့ Margaret Brown ကတော့ ချီးကျူးစရာပါပဲ။ အသက်ကယ်ဘုတ်ပေါ်ကိုရောက်တဲ့အချိန်မှာ အခြားသော အသက်ရှင်ကျန်သူတွေကို လိုက်ဖို့နောက်ကိုလှည့်ရင်လှည့် မလှည့်ရင် ပါလာတဲ့အရာရှိကို ကန်ချခဲ့မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။တကယ်ပဲ ပြန်လှည့်ပြီးတော့ အခြားသူတွေကို ကယ်ခဲ့သလားဆိုတာမသိခဲ့ပေမယ့်လည်း Brown ကတော့ နာမည်ကြီးသွားခဲ့ပြီးတော့ သီချင်းတွေ၊ ဇာတ်ကားတွေတောင် ရိုက်ကူးခြင်းခံလိုက်ရပါတယ်။

Eliza “Millvina” Dean

Eliza Gladys “Millvina” Dean ကတော့ အသက်အငယ်ဆုံးခရီးသည်ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက ၂လအရွယ်ပဲရှိပါသေးတယ်။ ၂၀၀၉ခုနှစ်ကမှ ၉၇ခုနှစ် ပြည့်ခဲ့တာပါ။Dean ရယ်၊ သူမအမေရယ်၊ သူမအစ်ကိုတို့ဟာ ကယ်ဆယ်ခံရပြီးတော့ အင်္ဂလန်ကိုပြန်ပို့ခံရပါတယ်။ သူမဟာ ဆယ်လီတစ်ယောက်ဖြစ်လာပြီး ကလေးငယ်လေးတောင် အသက်ရှင်တယ်ဆိုပြီးတော့ အခြားသောကျန်ရစ်သူတွေရဲ့ မျှော်လင့်ချက်သင်္ကေတဖြစ်လာပါတယ်။ သူမနဲ့ဓါတ်ပုံတွေတွဲရိုက်ကြ၊ သတင်းစာတွေမှာဖော်ပြကြနဲ့ ပွက်လောရိုက်ခဲ့ပါတယ်။သူမအသက်ကြီးလာတဲ့အချိန်မှာလည်း ရာသီဥတုဘေးနဲ့ သက်ဆိုင်တဲ့ ပွဲအခမ်းအနားတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ ၂၀၀၉ခုနှစ်မှာသေဆုံးခဲ့ပြီးတော့ တိုက်တန်းနစ်ရွက်လွှင့်ခဲ့တဲ့ Southhampton ဆိပ်ကမ်းမှာ ပြာဖြူးခဲ့ပါတယ်။

“Miss Unsinkable” Violet Jessop

တိုက်တန်းနစ်မှာ သဘောင်္ညီအစ်မနှစ်ယောက်ရှိပါတယ်။ တစ်စီး ကတော့နစ်မြုပ်ခဲ့ပြီး နောက်တစ်ခုကတော့ ပြင်းထန်စွာထိခိုက်မိပေမယ့် ပေါလောပေါနေခဲ့ပါသေးတယ်။ ထူးထူးခြားခြားပါပဲ Violet Jessop ဆိုတဲ့အမျိုးသမီးကတော့ အဲဒီသင်္ဘောသုံးစီးမှာ လိုက်ပါခဲ့သူတစ်ယောက်ဖြစ်ပြီး သုံးစီးလုံးမှာ အသက်ရှင်လျက်ပြန်လာနိုင်သူလည်း ဖြစ်ပါတယ်။Violet Jessop ဟာ သဘောင်္မယ်တစ်ယောက်ဖြစ်ပြီးတော့ တိုက်တန်းနစ် နစ်ချိန်၊ ၁၉၁၆ခုနှစ် HMHS ဘရစ်တန်းနစ်၊ ၁၉၁၁ခုနှစ် RMS အိုလံပစ် သင်္ဘောသုံးစီးမှာ လိုက်ပါခဲ့သူဖြစ်ပြီး အသက်ရှင်သန်ခဲ့သူလည်းဖြစ်ပါတယ်။တိုက်တန်းနစ် နစ်မြုပ်ချိန်မှာ သူမဟာ အင်္ဂလိပ်စကားမတတ်တဲ့ခရီးသည်တွေကို အကူအညီပေးဖို့အတွက် ထိပ်ဆုံးကို စေလွှတ်ခံရပါတယ်။ သူမရဲ့အတွေ့အကြုံအရ အသက်ကယ်ဘုတ်တွေချနေတာကိုကြည့်ခဲ့ပြီးတော့ အသက်ကယ်ဘုတ်၁၆ မှာ စီးနင်းခဲ့ပါတယ်။ အဲဒီဘုတ်ရေထဲကို နိမ့်ဆင်းနေချိန်မှာ အရာရှိတစ်ယောက်က သူ့ကလေးကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ပေးထားခဲ့ပါတယ်။ ကမ်းကိုရောက်တဲ့အချိန်မှာ ကလေးအမေလို့ယူဆရတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေးကိုဆွဲယူပြီး ဘာစကားမှမပြောတော့ဘဲ ပြေးထွက်သွားခဲ့ပါတယ်။ Jessop ဟာ ၁၉၅၀ခုနှစ်မှာတော့ အနားယူခဲ့ပြီး သူ့ရဲ့နာမည်ပြောင်ကတော့ “Miss Unsinkable” မနစ်မြုပ်နိုင်သူလို့ ခေါ်ကြပါတယ်။၁၉၇၁ခုနှစ် ၈၃နှစ်မှာ နှလုံးရောဂါနဲ့ သေဆုံးခဲ့ပါတယ်။

Frederick Fleet

Frederick Fleet ကတော့ ရေခဲတုံးကြီးကို ပထမဆုံးမြင်တဲ့သူနှစ်ယောက်ထဲမှာ အပါအ၀င်ဖြစ်ပြီးတော့ “ရေခဲတုံးကြီး ရှေ့မှာရှိတယ်” လို့ အော်ဟစ်ခဲ့ပါတယ်။တိုက်မိပြီးနောက်မှာ Fleet ဟာ အသက်ကယ်တုတ်တွေကိုချပြီး အခြားသူတွေကို ကယ်ဆယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ကမ်းပေါ်ကိုပြန်ရောက်တဲ့အခါမှာတော့ သူ့ကိုကြိုဆိုမှုက မနွေးထွေးပါဘူး။ဒီဖြစ်ရပ်ဟာ ရှောင်နိုင်တဲ့ဖြစ်ရပ်မဟုတ်ဘူးလားလို့ သူ့ကိုအပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ သူမြင်ခဲ့ရဲ့သားနဲ့ ဘာကြောင့်ဒီအခြေအနေအထိ ဖြစ်ခဲ့တာလဲဆိုပြီးတော့ အပြစ်တင်လို့မဆုံးခဲ့ပါဘူး။အသက်ကြီးလာတဲ့အချိန်မှာ စိတ်ကျရောဂါခံစားရပြီးတော့ ၁၉၆၅ခုနှစ်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်။

Masabumi Hosono

တိုက်တန်းနစ်ပေါ်က တစ်ဦးတည်းသော ဂျပန်လူမျိုးဖြစ်တဲ့ Masabumi Hosono ကတော့ သင်္ဘောပေါ်မပါသွားဘဲ အသက်ကယ်ဘုတ်ပေါ်လိုက်ပါစီးနင်းခဲ့လို့ အပြစ်တင်ခံခဲ့ရတာပါ။သင်္ဘောနစ်မြုပ်သွားချိန်မှာ Hosono ဟာ သင်္ဘောကြမ်းခင်းပေါ်မှာရပ်နေခဲ့ပြီးတော့ အသက်ကယ်ဘုတ်ပေါ် ပျဉ်ပြားခင်းရမလား၊ မခင်းရဘူးလားဆိုတာကို စဉ်းစားရင်း သတ်ပုတ်ခဲ့ကြပါတယ်။ အခြားသူတစ်ယောက်က ဘုတ်ပေါ်ကိုခုန်တက်ပြီးနောက်မှာတော့ အနားမှာရှိတဲ့သူတွေကို အာရုံထွေပြားစေသလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး မောင်းထွက်လာခဲ့ပါတယ်။ကမ်းကိုပြန်ရောက်တဲ့အချိန်မှာ Hosono ဟာ အလုပ်ပြုတ်ခဲ့ပြီးတော့ မီဒီယာတွေရဲ့ လှောင်ပြောင်မှုကိုလည်း ခံခဲ့ရပြီးတော့ ၁၉၉၇ခုနှ သူသေဆုံးပြီးချိန်ထိအောင် မိသားစုအတွက် အရှက်ရစရာလူတစ်ယောက်အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

Charles Lightoller

အသက်ကယ်ဘုတ်တွေကို သုံးတော့မယ်ဆိုတော့ အရာရှိ Charles Lightoller ဟာ “အမျိုးသမီးတွေနဲ့ ကလေးတွေကို ဦးစားပေး” စနစ်ကို အပြင်းအထန်ထောက်ခံခဲ့ပါတယ်။ သူဟာ နေရာလွတ်တွေပါတဲ့ အသက်ကယ်ဘုတ်တွေကို ယောက်ျားတွေနေရာယူခွင့်မပြုခဲ့ဘဲ ရေထဲကိုလွှတ်လိုက်ပါတယ်။အဆုံးမှာတော့ အသက်ကယ်ဘုတ်တွေမရှိတော့တဲ့အခါမှာ Lightoller ဟာ ရေအောက်ကိုရောက်သွားပေမယ့် ဘွိုင်လာအိုးပေါက်ကွဲသွားကြောင့် ရေပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြန်လည့်လာတဲ့ဘုတ်ပေါ်မှာ ဖက်တွယ်ထားပြီးတော့ အသက်ရှင်ခဲ့ရပါတယ်။

Harold Bride

ကြိုးမဲ့အရာရှိတစ်ဦးဖြစ်တဲ့ Harold Bride ကတော့ အနီးနားကသင်္ဘောတွေကို SOS မက်ဆေ့ခ်ျပို့ဖို့ တာဝန်ရှိသူနှစ်ဦးထဲက တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် တိုက်တန်းနစ်အတွက် ကယ်ဆယ်ရေးတွေကို လွှတ်ပေးနိုင်တဲ့သူပါ။သင်္ဘောမြုပ်တော့မယ်အချိန်မှာ Bride ဟာ ရေအောက်ကိုမြုပ်သွားခဲ့ပြီးတော့ သူဟာ ဘုတ်ရဲ့အောက်မှာရောက်သွားတာကို တွေ့လိုက်ပါတယ်။ ဘုတ်အနားကိုပြန်ကူးသွားပြီးတော့ ချောနေတဲ့ဘုတ်အနားတွေကို ကိုင်ထားခဲ့ပြီး တစ်ညလုံး ကယ်ဆယ်ရေးတွေအလာကို စောင့်ခဲ့ရပါတယ်။ကယ်ဆယ်ရေးတွေလာတဲ့အချိန်မှာ Bride ဟာ ကြိုးမဲ့အရာရှိအလုပ်ကို ပြန်လည်ထမ်းဆောင်ခဲ့ပြီးတော့ တိုက်တန်းနစ်မှ အသက်ရှင်သူတွေကို ကူညီခဲ့ပါတယ်။

Lawrence Beesley

အင်္ဂလန်မှာရှိတဲ့ Dulwich ကောလိပ်ရဲ့ဆရာတစ်ဦးအဖြစ်ကနေ ခေတ္တအနားယူဖို့လာတဲ့ Lawrence Beesley ကတော့ ဒုတိယတန်းလက်မှတ်နဲ့ စီးနင်ခဲ့သူဖြစ်ပါတယ်။ သင်္ဘောကွဲထွက်သွားချိန်မှာ Beesley ဟာ သူ့ရဲ့အခန်းမှာရှိနေခဲ့ပါတယ်။ ဒါပေမယ့် အသက်ကယ်ဘုတ် ၁၃ဆီရောက်အောင် ပြေးနိုင်ခဲ့ပါတယ်။အသက်ကယ်ဘုတ်မှာ တိုက်တန်းနစ် နစ်မြုပ်သွားတာကို မြင်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တိုက်တန်းနစ် နစ်မြုပ်ချိန်က သူ့ရဲ့အတွေ့အကြုံတွေကို ရေးသားထားတဲ့စာအုပ်ကို ကိုးပတ်အကြာမှာ ထုတ်ဝေခဲ့ပါတယ်။ဆယ်စုနှစ်လေးခုလောက်အကြာမှာတော့ 1958 တိုက်တန်းနစ်ဇာတ်ကား A Night to Remember မှာတော့ သူရေးထားတဲ့ဇာတ်ဝင်ခန်းတစ်ခုဖြစ်တဲ့ သင်္ဘောကြီးနဲ့အတူ ကွယ်ပျောက်သွားလိုက်ချင်ဆိုတဲ့နေရာကို ဒါရိုက်တာက ဖျက်ခဲ့ပါတယ်။

Lucile Carter

သူမဟာ ကြော့ကြော့မော့မော့နေပေမယ့်လည်း အသက်ကယ်ဘုတ်ပေါ်ကို လုံခြုံစွာနဲ့တက်ရောက်နိုင်အောင် လူအများကိုကူညီပေးခဲ့သူတစ်ယောက်ပါ။“ကျွန်မကလေးတွေနဲ့ တစ်ဖက်ခြမ်းမှာရောက်သွားတော့ ဘုတ်ထဲကိုဝင်လိုက်ပါတယ်။ ဒါပေမယ့်လည်း ရေတပ်သားတွေကို မမြင်ရပါဘူး။ အဲဒီမှာဘာလုပ်ရမှန်းမသိတော့ပါဘူး။ ဒါပေမယ့်လည်း လှော်ရုံကလွဲပြီး လုပ်စရာမှမရှိတော့တာ။”

Noël Leslie

Noël Leslie ကတော့ သမိုင်းမှာ အကြီးမားဆုံးအမှတ်တရတစ်ခုကို ချန်ထားခဲ့ပါတယ်။ သူမဟာ တိုက်တန်းနစ်အသက်ကယ်ဘုတ်တစ်စီးကို မောင်းနှင်ခဲ့ပြီး လုံခြုံအောင်ထိန်းကျောင်းခဲ့ပါတယ်။အသက်ဘုတ်တစ်ခုပေါ်ကိုတက်ပြီးတော့ တိုက်တန်းနစ်မြုပ်နေတဲ့နေရာနဲ့ ကင်းလွတ်ရာကိုလှော်ခတ်ခဲ့ပါတယ်။ သူ့ယောက်ျားဖြစ်သူ သင်္ဘောပျက်ထဲမှာပျောက်သွားတာကို စိတ်သက်သာရာရအောင် အချိန်အတော်ကြာအောင် လှော်ခတ်ခဲ့တာပါ။Leslie က သူမဟာ တိုက်တန်းနစ်သမိုင်းရဲ့ ဟီးရိုးတစ်ယောက်လိုက်ရင် ရှက်ရွံ့နေခဲ့ပါတယ်။

Archibald Gracie IV

“အမျိုးသမီးတွေနဲ့ ကလေးတွေက ပထမ”ဆိုတဲ့စကားကို ဦးထိပ်ပန်ဆင်ပြီးတော့ Archibald Gracie IV ဟာ တိုက်တန်းနစ်မှာ နေခဲ့ပါတယ်။ အသက်ဘုတ်တိုင်းဟာ လူတွေပ်ြည့နေပါပြီ။ သူဟာ ကျန်နေသေးတဲ့ဝန်ထမ်းတွေနဲ့ ဖြုတ်တပ်လုပ်နိုင်တဲ့ဘုတ်တွေကို ကူညီတပ်ဆင်ပေးခဲ့ပါတယ်။ဒါပေမယ့်လည်း Gracie ကတော့ အခြားသောယောက်ျားတွေနဲ့အတူတူ ဘုတ်ရဲ့နံရံတွေကိုကိုင်ပြီး ရေအောက်ကနေ လိုက်ပါခဲ့ရပါတယ်။ အဲဒီလိုနဲ့ လူတွေများစွာသေဆုံးခဲ့ပေမယ့်လည်း Gracie ကတော့ အသက်ရှင်ခဲ့ပါတယ်။တစ်နှစ်ခွဲအကြာမှာတော့ Gracie ဟာ ကယ်ဆယ်ပြီးနောက်မှာ ပထမဆုံးသေဆုံးသွားတဲ့ အသက်ရှင်ကျန်သူတစ်ယောက် ဖြစ်လာပါတယ်။ နစ်မြုပ်ချိန်မှာ ရရှိလာတဲ့ဒဏ်ရာတွေနဲ့အတူ သူ့ရဲ့သွေးတိုးရောဂါက အနိုင်ယူသွားခဲ့တာပါ။