သိကိုသိထားသင့်တဲ့ ပေါက်ပေါက်ရှာရှာထူးဆန်းထွေလာ အကြောင်းအရာတွေ

နေ့စဉ်အသုံးပြုနေကျအရာတွေမှာ ထည့်သွင်းထားတဲ့အရာ၊ရည်ရွယ်ရင်းတွေနဲ့ပတ်သက်တဲ့ စူးစမ်းလိုတဲ့မေးခွန်းတွေဟာ ကျွန်မတို့အတွေးထဲမှာ မကြာမကြာပေါ်လာတတ်ပါတယ်။အချို့ကတော့ သမိုင်းဖြစ်ရပ်တွေနဲ့ဆက်စပ်နေသလို အချို့ကလည်း သူ့အကြောင်းရင်းနဲ့သူပေါ့။သေချာတာကတော့ အကြောင်းအရာမှန်သမျှ စိတ်ဝင်စားဖို့ကောင်းသလို သိလည်းသိထားသင့်တဲ့ အကြောင်းအရာတွေချည်းမို့ ဖတ်ရှုမှတ်သားထားဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။ ။

1.ဘာလို့ ကွန်ပြူတာလက်ကွက်ပေါ်က အင်္ဂလိပ်စာလုံးတွေဟာ အက္ခရာအစဉ်တကျမရှိတာလဲ?

ကနဦးလက်နှိပ်စက်လက်ကွက်တွေမှာ အက္ခရာအစဉ်အတိုင်းရှိပေမယ့် စာရိုက်ရတာကြန့်ကြာနှောင့်နှေးစေတာကြောင့် ဒီနောက်ပိုင်းကွန်ပြူတာတွေမှာတော့ လွယ်ကူမြန်ဆန်စွာစာရိုက်နိုင်ဖို့ တွဲပြီးအသုံးများတဲ့စကားလုံးတွေကို နေရာခြားပြီးထားလိုက်တာပါ။

2.ဘာလို့တချို့အကျီင်္တွေရဲ့ တံတောင်နေရာမှာ အထပ်အခံပုံစံပါနေရတာလဲ?

ဒီဖက်ရှင်ရေစီးကြောင်းရဲ့ ကနဦးအစချီလာပုံကတော့ စစ်ဝတ်စုံတွေကနေပါ။စစ်သားတွေဟာ စစ်မြေပြင်ပေါ်တွားသွား၊ဒရွတ်ဆွဲ အနေအထားမျိုးစုံနဲ့ တိုက်ရခိုက်ရတဲ့အနေအထားတွေချည်းမို့ စစ်မြေပြင်ပေါ်ထောက်ထားတဲ့ တံတောင်ဆစ်နေရာကအကျီင်္စတွေဟာ ပါးလျပြီးအလွယ်တကူစုတ်ပြဲလွယ်တာကြောင့် အထပ်အခံနဲ့ဖုံးအုပ်ကာကွယ်ပေးထားတဲ့သဘောပါ။အဲဒီနောက်ပိုင်းမှာတော့ တောလိုက်မုဆိုးတွေလည်း ဒီလိုပုံစံလိုက်ဝတ်ဆင်ခဲ့သလို ’50sနောက်ပိုင်းမှာတော့ အမေရိကကတက္ကသိုလ်ကျောင်းသားတိုင်းလိုလိုဝတ်ဆင်လာကြပြီး ဖက်ရှင်ရေစီးကြောင်းတစ်ခုအသွင်ပြောင်းခဲ့ပါတယ်။

3.ဘာလို့ရေခဲမုန့်ကို ဝေဖာကတော့တွေမှာထည့်ပြီးရောင်းတာလဲ?

19ရာစုအကုန်ပိုင်းလောက်ထိ ရေခဲမုန့်ကို ဖန်ခွက်အသေးတွေထဲမှာ ထည့်ရောင်းခဲ့ပါတယ်။နောက် ကာစတမ်မာမလာခင် ဖန်ခွက်တွေအပြေးအလွှားဆေး တစ်လှည့်ပြန်ထည့်ပေးနဲ့ပေါ့လေ။ဒါပေမယ့် ဒီလိုရင်မောနေရတာတွေကိုဖြေရှင်းပေးနိုင်မယ့် ရိုးရှင်းတဲ့အဖြေကိုတော့ 1904ခုနှစ်မှာရခဲ့တာဖြစ်ပါတယ်။အလွန်ပူအိုက်တဲ့တစ်နေ့မှာ ရေခဲမုန့်ဆိုင်မှာ လူတွေကြိတ်ကြိတ်တိုးနေသလောက် ကိုယ်စီငှဖို့ခွက်အလုံအလောက်မရှိလို့ ရေခဲမုန့်ရောင်းသူက အကြံအိုက်နေချိန်မှာ ဝေဖာရောင်းသူကနေပြီးတော့ ဝယ်သူကျဲနေတဲ့သူ့ရဲ့ဝေဖာတွေကို ချက်ချင်းကတော့ပုံလိပ်ပြီး ရေခဲမုန့်ရောင်းသူကိုပေးခဲ့ပါတယ်။ဒီရလဒ်နဲ့ပတ်သက်ပြီး အားလုံးလည်းနှစ်သက်သဘောကျခဲ့သလို ယနေ့တိုင်ချစ်စရာကောင်းတဲ့အလေ့တစ်ခုအနေနဲ့ တွဲဖက်စားနေဆဲဖြစ်ပါတယ်။

4.ပုံပါအမဲရောင်အစက်က ဘာလုပ်ဖို့လဲ?

ဒီဖလက်ရှ်မီးနဲ့ကင်မရာကြားမှာရှိတဲ့ အမဲရောင်အစက်လေးကတော့ ဆူညံသံတွေကိုတန့်ပေးပြီး အသံကြည်လင်ပြတ်သားစွာဖမ်းပေးနိုင်တာကြောင့် ဆူညံတဲ့ပတ်ဝန်းကျင်တွေမှာ အထောက်အကူပြုပါတယ်။

5.ဘာလို့sneakerထိပ်မှာ ရာဘာတုံးပါတာလဲ?

sneakerဟာ တစ်ချိန်ကဘတ်စကက်ဘောကစားသမားတွေ အဓိကစီးတာဖြစ်တာကြောင့် ကစားနေစဉ်ခြေမမတော်တဆခိုက်မိခြင်းမှကာကွယ်ပေးဖို့ ရာဘာတုံးတပ်ထားတာဖြစ်ပါတယ်။အခုနောက်ပိုင်းဖိနပ်တွေလိုမဟုတ်ပဲ မာကျောတဲ့ရာဘာတုံးတပ်ထားတာပြီး ပင်ကိုယ်အမဲရောင်ဖြစ်ပါတယ်။နောက်ပိုင်းsneakerတွေမှာတော့ ခေတ်နဲ့လျော်ညီလိုက်ဖက်အောင် လှပစွာတပ်ဆင်ထားတာဖြစ်ပါတယ်။

6.ဘာလို့Converse Shoeတွေရဲ့ ဘေးဘက်မှာအပေါက်ပါတာလဲ?

ဒီလိုဖိနပ်ဘေးမှာပါတဲ့အပေါက်ငယ်လေးတွေဟာ ရည်ရွယ်ချက်နဲ့သေချာထည့်သွင်းထားတယ်ဆိုတာရော သင်သိပါရဲ့လား?အပေါက်ငယ်တွေဟာ လေဝင်လေထွက်ကောင်းမွန်စေပြီး သင့်ခြေထောက်တွေကို သက်တောင့်သက်သက်သာဖြစ်စေဖို့ ရည်ရွယ်ထည့်သွင်းထားတာဖြစ်ပါတယ်

7.အားသွင်းကြိုးတွေမှာပါတဲ့ စလင်ဒါအတုံးလေးက ဘာအတွက်လဲ?

သင်Laptopသုံးတိုင်း ဒီအတုံးလေးကိုတော့သတိထားမိမှာပါနော်။’Ferrite Bead’လို့ခေါ်တဲ့ဒီကိရိယာလေးဟာ သေးငယ်ပြီးရိုးရှင်းပေမယ့် အလွန်အရေးပါတဲ့ကိရိယာဖြစ်ပါတယ်။အတွင်းပိုင်းကFerriteခံပြီး အပေါ်ကCableအုပ်ထားတဲ့ဒီအတုံးလေးဟာ Circuitတလျှောက်မှာရှိတဲ့ကြိမ်နှုန်းမြင့်ဆူညံသံတွေကိုထိန်းညှိပေးပါတယ်။

8.ပုလင်းအောက်ခြေက အစက်အပြောက်ပုံစံတွေက ဘာအတွက်လဲ?

ဒီလိုပုလင်းရဲ့အောက်ခြေက ပုံပါသင်္ကေတတွေထည့်သွင်းထားရခြင်းအကြောင်းက ရိုးရှင်းပါတယ်။ထုတ်လုပ်ထုပ်ပိုးနေစဉ်အတွင်း ပုံစံတွေကိုကုဒ်နံပါတ်အလိုက် စနစ်တကျမှတ်သားနိုင်ဖို့ဖြစ်ပါတယ်။

9.သားရေပျော့ဖိနပ်တွေမှာ ဘာလို့ပန်းပွားပုံစံပါတာလဲ?

20ရာစုအလယ်လောက်မှာ Nils Tverangerဆိုတဲ့ဖိနပ်ချုပ်လုပ်သူဟာ နော်ဝေးနိုင်ငံသားတံငါသည်တွေရဲ့ ခိုင်မြဲပြီးကပ်တွယ်နေတဲ့ပန်းပွားကြောင့် ကျွတ်ခက်တဲ့သူတို့ဖိနပ်တွေကိုမြင်ပြီး အကြံရခဲ့ပါတယ်။ဒီလိုနဲ့ တံငါသည်တွေရဲ့ပန်းပွားပုံစံနဲ့ပေါင်းစပ်ပြီး သက်တောင့်သက်သာရှိတဲ့ သားရေဖိနပ်အပါးတွေကို ဖန်တီးခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ လှပတဲ့အဆင်တန်ဆာတပ်ဆင်ထားတဲ့ဖိနပ်အဖြစ် သဘောကျအစီးများခဲ့ကြပါတယ်။

10.ရှပ်အကျီင်္ရဲ့နောက်ကျောမှာပါတဲ့အကွင်းငယ်လေးက ဘာအတွက်လဲ?

အားလုံးလိုလိုသတိထားမိမှာဖြစ်တဲ့ ရှပ်အကျီင်္နောက်ကျောက အကွင်းငယ်လေးကတော့ နက်ခ်တိုင်ချည်ဖို့ဖြစ်သလို အကျီင်္ချိတ်မှာ အလွယ်တကူချိတ်ဖို့ထည့်သွင်းထားတာလို့လည်း ဆိုပါတယ်။

အလယ်ပိုင်းကာလတွေက အင်္ဂလန်နိုင်ငံကလူတွေဟာ pygg(အဝါရောင်ရွံ့စေးမြေ)လို့ခေါ်တဲ့ ရွှံ့စေးမြေအိုးတွေမှာ ငွေထည့်စုခဲ့ကြပါတယ်။အချိန်ကြာလာတာနဲ့အမျှ အဲလိုပုံစံရွှံ့မြေအိုးတွေပျောက်ကွယ်ပြီး pyggဆိုတဲ့စကားလုံးသာကျန်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ pyggကနေpigလို့ပြောင်းလဲခေါ်ဆိုပြီး Piggyစုဘူးတွေကိုလည်း ဝက်ရုပ်အသွင်ထုတ်လာကြပါတယ်။ဒါဟာ ဒီစုဘူးတွေနဲ့ပတ်သက်ပြီး အခေါ်အဝေါ်တွေအစပြုပြောင်းလဲလာတဲ့ အကြောင်းရင်းပါ။