အသည်းယားစရာကောင်းလောက်အောင် မြွေကြီးကိုဖက်ထားတဲ့ နွယ်နွယ်ထွန်း

ဆွဲဆောင်မှုရှိပြီး ခေတ်ဆန်ဆန် ဖက်ရှင်ကျကျ ဝတ်တတ်တာကြောင့် ပုရိသတွေကြားမှာ ရေပန်းစားလာတဲ့ နွယ်နွယ်ထွန်းကိုတော့ လက်ရှိမှာလည်း တော်တော်များများ သိပြီးလောက်မှာပါ။ ခရီးတွေသွားရင်း လှပပြီး ဆွဲဆောင်မှုရှိတဲ့ ဓါတ်ပုံလေးတွေ ရိုက်ပြီး တင်တတ်တာကြောင့် သူမကို အားပေးတဲ့ ပရိသတ်တွေများလာတာ ဖြစ်ပါတယ်။ နွယ်နွယ်ထွန်းကလည်း ယခုတခါမှာတော့ ကြည့်မိသူတိုင်း ကြက်သီးထသွားလောက်မယ့် ဓါတ်ပုံတွေကို တင်လိုက်ပြန်ပါပြီ။

နွယ်နွယ်ထွန်းကတော့ ဒီတခါမှာတော့ ပရိသတ်တွေအားလုံး ရင်ဖိုသွားစေမယ့် ပုံကိုတင်လိုက်တာ ဖြစ်ပါတယ်။ ဒီပုံလေးကတော့ နွယ်နွယ်ထွန်းတယောက် လှပလွန်းတဲ့ ဧရာမမြွေကြီး တကောင်ကို ခန္ဓာကိုယ်မှာ ပတ်ပြီးတော့ ဓါတ်ပုံလေးတွေ ရိုက်ပြီး တင်ထားတာပါ။ နွယ်နွယ်ထွန်းကတော့ “ရစ် ကိုချစ်ရင် ရစ် ချစ်တဲ့ အကောင်လေးတွေကိုပါ ချစ်ပေးရမယ်” ဆိုတဲ့ စာသားလေးနဲ့ အတူ ဓါတ်ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

နွယ်နွယ်ထွန်းကတော့ သူကိုယ်တိုင် ခရီးသွားရတာတွေကိုလည်း ဝါသနာပါသူ တယောက်ဖြစ်ပြီး ကမ္ဘာအနှံ့ခရီးတွေ ထွက်ပြီးရင်လည်း အလွန်မိုက်လွန်းတဲ့ ဓါတ်ပုံတွေ တင်တတ်သူ တယောက်ဖြစ်ပါတယ်။ ဒီလိုမိုက်လွန်းတဲ့ ဓါတ်ပုံတွေကြောင့် နွယ်နွယ်ထွန်းတယောက်ကတော့ ဝေဖန်ခံရတာတွေ ရှိသလို အားပေးခံရတာတွေလည်း များပါတယ်။

ဒီတခေါက်မှာလည်း နွယ်နွယ်ထွန်းတယောက်ကတော့ မြွေကြီးကို ဖက်ပြီးတော့ ရိုက်ထားတဲ့ ပုံတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း မြင်တွေ့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးလည်း နွယ်နွယ်ထွန်းတယောက် မြွေကြီးကို ဖက်ပြီးတော့ ရိုက်ထားတဲ့ ပုံတွေကို ကြည့်ပြီးတော့ အသည်းယားသွားကြမယ် ထင်ပါတယ်။