ကိုယ်တစ်ခြမ်းလေဖြန်းသွားတဲ့ လူရွှင်တော်ကြီး ဦးပေါ်လေးရဲ့ကျန်းမာရေးအခြေအနေ

မြန်မာ့ဇတ်သဘင်လောက ရဲ့စင်မြင့်ထက်မှာ ၊ မြန်မာရုပ်ရှင်တွေဗီဒီယို ကားတွေထဲမှာ မကြာခဏ တွေ့ရပြီး ပရိသတ်ကြီးကို ဟာဒယရွှင်ဆေး တိုက်ကျွေးပြီး ဘဝအမောတွေပြေအောင် ဖျော်ဖြေပေးတတ်တဲ့ ဟာသသရုပ်ဆောင် လူရွှင်တော်ဦးပေါ်လေးကိုတော့ လူတွေအားလုံးသိကြမယ်ထင်ပါတယ်။ အခုသူနဲ့ ပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာ သူ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့မိတ်ဆွေသိအောင်ပြောပြပေးလိုက်ပါတယ်။

“အမှန်မှာတော့ပြောရမယ်ဆိုရင် အပူအအေးမမျှတယ်ပြောရမှာတော့ ပူလိုက်အေးလိုက်နဲ့ အပူအအေးကမျှဘူး။ ဖြစ်ဖြစ်ချင်း အဘကရန်ကုန်ဆေးရုံကြီးကိုပြေးလိုက်တယ်လေ ။အဲ့ဒီမှာ ဓာတ်မှန်တွေရိုက်သွေးတွေစစ် ပြီးတော့ မနေ့ကတော့ ပါရမီဆေးရုံကြီးပေါ့ ။ ပါရမီ ဆေးရုံကြီးသွားတယ်ဆိုတာလည်းမောင်ဖိုးချစ်ပေါ့ မြို့ရွှေမန်းသားလေး မောင်ဖိုးချစ်ကနေပြီး အဖေ အဲ့ဒီကိုသွားလိုက်ဆိုတော့ အဲ့ဒီမှာတစ်နေကုန်သမားတော်ကြီးတွေနဲ့စမ်းသပ်ပြီးတော့ သောက်ဆေးတစ်လစာပေးလိုက်တယ်။ အဲ့ဒါဘာလုပ်ရမလဲဆိုတော့ လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်။ ဆေးပုံမှန်သောက်ရမယ်။ အစားဆင်ခြင်ရမယ်။

ကျန်းမာရေးအခြေကတော့ကောင်းမှာပါ ။ကောင်းမှာဆိုတာက သိပ်ကြီးကြီးမားမားမဖြစ်ဘူးလေ ။ အအေးများပြီးတော့ ခေါင်းမှာသွေးနည်းနည်းခဲသွားတာ သူတို့ပေးတဲ့ဆေးမှန်မှန်သောက် လေ့ကျင့်ခန်းတွေမှန်မှန်လုပ်တယ်ဆိုရင်တော့ သက်သာလာမှာပါ။ အဲ့ဒါကြောင့်လေ့ကျင့်ခန်းလုပ်တဲ့ ပစ္စလေးတွေ လမ်းလျှောက်လို့ရပစ္စည်းလေးတွေ ခုနကပြောသလို သဘင်အစည်းအရုံးတို့ ၊ လူရွှင်တော်အသင်းတို့ တွေကလာပြီးတော့ အနုပညာရှင်တွေလာပြီးတော့ ကန်တော့ကြတော့ဒီငွေကြေးလေးတွေနဲ့ဝယ်ပြီးတော့ လေ့ကျင့်နေတော့ မကြာခင်ပျောက်သွားမှာပါ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

စိုးရိမ်နေကြတဲ့ပရိသတ်တွေကိုလည်း “ဘာမှမစိုးရိမ်ကြပါနဲ့ ဒီခန္ဓာရှိရင် ဒီဝေဒနာရှိမှာပဲ ။ဝေဒနာကိုပျောက်အောင်ကုဖို့တော့တာဝန်ရှိတာပေါ့။ ဘာမှစိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ ဒီဝေဒနာပျောက်ရင်လည်း ဒီပရိသတ်ကြီးနဲ့ပြန်ဆုံရမှာပါ ။ ပြန်တွေ့ရပါမှာ အားပေးတာလည်း ဝမ်းသာပါတယ်။ စိုးရိမ်ကြတဲ့ပရိသတ်ကြီးကိုလည်း လေးလည်းလေးစားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*