မြင်ရခဲတဲ့ ကမ္ဘာ့အရှားပါးဆုံးသော မှတ်တမ်းပုံရိပ်များ

ကမ္ဘာပေါ်မှာ တနေ့ထက်တနေ့. တရာစုနဲ့ တရာစု မှတ်တမ်းတင်ထားတဲ့ ပုံရိပ်တွေကတော့ အများကြီး ရှိပါတယ်။ ဒီလိုမှတ်တမ်းတင်ထားတယ်ဆိုတာကတော့ တချိန်မှာ နောင်လာနောက်သားတွေ ပြန်လည်ကြည့်ရှုလို့ ရအောင်နဲ့ လေ့လာလို့ရအောင် ထားရှိတာ ဖြစ်ပါတယ်။ ဒီလိုမျိုးမှတ်တမ်းတွေထဲမှာမှ အရှားပါးဆုံးနဲ့ မြင်ရခဲတဲ့ ပုံတွေရှိပါတယ်။ တချို့သောမှတ်တမ်းနဲ့ ပုံတွေကတော့ လူတိုင်းသိရှိဖို့ ခက်ခဲသလို လူတိုင်းလည်း တွေ့ခွင့်မရတဲ့ အရှားပါးဆုံးမှတ်တမ်းတွေ ရှိပါတယ်။ ဒါကြောင့် ဒီတခေါက် ပြောချင်လွန်းလို့ ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ မြင်ရခဲတဲ့ ကမ္ဘာ့အရှားပါးဆုံးသော မှတ်တမ်းပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

၁.နည်းပညာတွေ တိုးတက်နေတဲ့ ခေတ်ကြီးမှာတော့ လူတိုင်းလိုလိုကွန်ပျူတာဆိုတဲ့ဟာကြီးကို မြင်ဖူးကြမှာပါ။ ဒါပေမယ့်လည်း ကမ္ဘာ့ပထမဆုံးသော ကွန်ပျူတာကို မြင်ဖူးတဲ့သူကတော့ တော်တော်ရှားမယ်ထင်တယ်။ ဒီအခန်းကြီး တခုလုံးကတော့ ကွန်ပျူတာ တလုံးပါ။

၂.အိုင်းစတိုင်းကတော့ ဒီ ၂၀ ရာစုကြီးထဲမှာ အတော်ဆုံးနဲ့ အထင်ရှားဆုံးသော သိပ္ပံပညာရှင်ကြီး ဖြစ်ပါတယ်။ အိုင်းစတိုင်းကို မြင်လိုက်ရင် အမြဲရှုပ်ရှုပ်ပွပွနဲ့ အလုပ်ရှုပ်နေတဲ့ ပုံပဲ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုမျိုး သိုးမွှေးဖိနပ်လေးစီးထားတဲ့ အိုင်းစတိုင်းပုံကိုတော့ မြင်ဖူးကြမယ် မထင်ပါဘူး။

၃.ဒီဖက်ခေတ်ကြီးထဲမှာတော့ ဘောလုံးအားကစားနည်းကတော့ ရေပန်းအစားဆုံး အားကစားဖြစ်ပါတယ်။ ဒီလိုဘောလုံးအားကစားထဲမှာမှ အစဉ်အလာကြီးတဲ့ အသင်းတသင်းဖြစ်တဲ့ စပိန်ကလပ် ဘာစီလိုနာ အသင်းကိုတော့ သိကြမယ် ထင်တယ်။ ဒါကတော့ ၁၉၂၅ တုန်းက ဘာစီလိုနာ နူးကမ့်ကွင်းဖြစ်ပါတယ်။

၎.ကျနော်တို့တွေကို အသံမပါပဲနဲ့ ပျော်ရွှင်အောင် လုပ်နိုင်တဲ့ ဟာသမင်းသားကြီး ချာလီချက်ပလင်ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ ဒီပုံကတော့ မင်းသားကြီး ချာလီချက်ပလင်နဲ့ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းတို့ကို တပုံထဲတွေ့ရတဲ့ ရှားပါးမြင်ကွင်း ဖြစ်ပါတယ်။

၅.ကမ္ဘာ့အချမ်းသာဆုံး လူအဖြစ် နှစ်ပေါင်းအတော်ကြာ ရပ်တည်နိုင်ခဲ့တဲ့ သူဌေးကြီး ဘေးဂိတ်စ်နာမည်ကတော့ လူတိုင်း အားကျရတာကြောင့် ကြားဖူးကြမယ် ထင်ပါတယ်။ ဒီပုံလေးကတော့ သူဌေးကြီး ဘေးဂိတ်စ် ငယ်စဉ်က လိုင်စင်မဲ့မောင်နှင်မှုကြောင့် အဖမ်းခံခဲ့ရတုန်းက ဓါတ်ပုံ ဖြစ်ပါတယ်။

၆.ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ဖ်ကင်းကိုတော့ လူတိုင်းသိကြမှာပါ။ သူ့ဘဝရဲ့ အချိန်တော်တော်များများကို Wheelchair ပေါ်မှာ ကုန်ခဲ့ရပြီး ဒီဓါတ်ပုံလေးကတော့ သူ့ရဲ့ ရှားရှားပါးပါး သူ့ချစ်ဇနီးလေးနဲ့ ရိုက်ထားတဲ့ပုံလေးပါ။

၇.Apple တို့ရဲ့ ဖခင်ကြီး စတီဂျော့နဲ့ သူဌေးကြီး ဘေးဂိတ်စ်တို့ကို တူတူတွေ့ရတဲ့ ရှားပါးပုံရိပ်လေးပါ။ သူတို့နှစ်ယောက်ကတော့ လက်ရှိခေတ်မှာ အသုံးတွင်ကျယ်နေတဲ့ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်နေတာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*