သူမရဲ့ ပုံတွေကြောင့် အကုသိုလ်မဖြစ်စေချင်ဘူးဆိုတဲ့ ဂုဏ်ရှိန်ဝင့်ထည်

Sexy ဆန်ဆန် ဝတ်စားမှုတွေကြောင့် ဝေဖန်မှုတွေ အများကြီးရှိနေတဲ့ အဆိုတော် ဂုဏ်ရှိန်ဝင့်ထည်က သူမအခုလတ်တလော အနုပညာ လှုပ်ရှုားမှုများနှင့် ဝေဖန်သူတွေအပေါ် အခုလိုပဲ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။အနုပညာနဲ့ပတ်သက်ပြီး ဂုဏ်ရှိန် နောက်ထပ် Cover Song တွေအသစ်ထပ်လုပ်နေပါတယ်။ ခါတိုင်းဆိုရင် လူက ရန်ကုန်ရောက်လိုက်၊ မန္တလေးရောက်လိုက်၊ စင်္ကာပူရောက်လိုက်ဖြစ်နေတော့ အလုပ်ကို တစ်နေရာထဲမှာ ကြိုးစားပြီး လုပ်ကိုင်မယ်ဆိုရင် အချိန်ကမရဖြစ်နေတာပေါ့။ အခုတော့ ဂုဏ်ရှိန် ဒီအလုပ်ကို သေချာလေး အချိန်ပေးပြီးတော့ လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

လတ်တလောကတော့ သက်မဲ့ရှင်သန်ခြင်းဆိုတဲ့ ကိုသော်မိုးစက်ရေးထားတဲ့ သီချင်းရယ်၊ ရှိနေခွင့်ဆိုတဲ့ ကိုဆလိုင်းရေးထားတဲ့ သီချင်းလေးရယ်ကတော့ MTV လည်းရိုက်ပြီး Online Media ကဖြန့်လိုက်ပါပြီ။ နောက်ပိုင်းအနေနဲ့ကတော့ ရှိန် ပရိသတ်နဲ့ ထိတွေ့ခွင့်ရအောင် Cover Song လေးတွေ လုပ်သွားမယ်။ နောက် ကိုယ်ပိုင်သီချင်းလေးတွေလည်း လုပ်သွားဖို့ စိတ်ကူးထားပါတယ်။

sexy Photo တွေရိုက်ကူးဖြစ်တဲ့အပေါ်မှာ Confidence ရှိမရှိဆိုတာက အနုပညာသမားဆိုတာက Commercial ပေးလာတဲ့အပေါ်မှာ ရိုက်ရတာပါ။ Theme တစ်ခုလုပ်ဖို့ စဉ်းစားပြီဆိုရင် ကိုယ်ဒီဟာ လုပ်လို့ အပြောခံရမယ်ဆိုတာလည်းသိတယ်။ နောက်ထပ်လည်း ဒီ့ထက်ပိုပြီး ရိုက်သွားဖို့ အစီအစဉ်မရှိပါဘူး။ ရှိန့် မိဘတွေအနေနဲ့လည်း အဆင်မပြေဘူးပေါ့နော်။ ဒါကိုရိုက်ဖြစ်လိုက်တဲ့ အကြောင်းအရင်းကလည်း Tattoo နဲ့ ဂျပန်ကင်တို ဓားဆိုတာ ပုံမှန်ဆိုရင် ဂျပန်ဝတ်စုံလေးနဲ့ ချနေတဲ့ပုံစံလေး ရိုက်မယ်လို့ စိတ်ကူးမိတယ်။ ဒါပေမယ့် အဲ့ပုံနဲ့ကိုယ်နဲ့ကလည်း လိုက်မယ်လို့ မထင်ဘူး။ သူတို့ကလည်း Sexy လေးလည်းလိုချင်တယ်ဆိုတော့ပါ။ ဒီ Idea လေးကို လေ့လာလိုက်တဲ့အခါမှာ ဂျပန်မလေးတွေဒီလို ပုံစံရိုက်ထားတာ တွေ့တော့ နည်းနည်း မှီငြမ်းလိုက်တာပါ။ ရိုက်ဖို့တော့ တော်တော်စဉ်းစားတယ်။

တစ်ခုရှိတာက နောက်ကျောဗလာ ဖြစ်တဲ့အတွက် ရှေ့ကတော့ ဘာမှမဝတ်မှအဆင်ပြေမယ်။ ဘာပဲပြောပြောကိုယ်ရဲ့ရှေ့မှာ ဘယ်သူမှရှိမနေဘူးလေ။ တကယ်လည်း ရိုက်ခါနီးမှ အင်္ကျီလေးကို ချွတ်ချလိုက်တာ။ Camera man ကရှေ့က အနေအထားမျိုးရှိမယ်ဆိုရင် ပြန်ဝတ်လိုက်တာ မျိုးလေးပါ။ မြင်ရတဲ့အမြင်မှာ ကျတော့ လုံးဝကြီး ချွတ်ရိုက်နေတယ်လို့မြင်တယ်။ တကယ်ကရိုက်တဲ့အချိန်မှ နောက်ကျောလေးကို လျောချပြီး ရိုက်တာပါ။ ပြီးရင် ပြန်ဆွဲတင်လိုက်တာပါ။

ကိုယ့်ကိုချစ်တဲ့သူရော မုန်းတဲ့သူနှစ်မျိုးလုံးရှိမှာပေါ့နော်။ဆဲတဲ့လူတွေလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် သူတို့ကို အကုသိုလ် မဖြစ်စေချင်ပါဘူး။ အဲ့လိုပြောလိုက်တော့လည်း နင်က အကုသိုလ်ဖြစ်အောင်လုပ်နေတယ်ဆိုလည်း သူတို့မှာ ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ရှိန်နောက်ဆို ဆင်ခြင်ပါ့မယ်လို့။ Tattoo ကတော့ အစစ်မဟုတ်ဘူး။ ပိုတူအောင် ပန်းချီဆွဲမယ်လို့ စဉ်းစားထားတာ။ အချိန်မရတာနဲ့ Sticker ပဲကပ်ဖြစ်သွားတာပါ။ ဒီပုံကိုရိုက်ဖြစ်သွားတာကလည်း ဓားကလည်း အရမ်းမိုက်တယ်။ နောင်ပို စံပြကျေးရွာက ထုတ်ထားတဲ့ ဓားပေါ့။ ဓားကလည်း လုပ်ထားတာ တော်တော်လေးကို မိုက်ပါတယ်။ လက်ရာကလည်းသေသပ်တယ်။ သူကလည်း ဒါကိုရိုက်ဖို့ ကမ်းလှမ်းတာ တော်တော်ကြာနေပြီ။ ရှိန်ကလည်း ရိုက်ပေးမယ်ပြောပြီး မရိုက်ဖြစ်တာနဲ့ပေါ့။ ရန်ကုန်ပြန်ရောက်လာတဲ့အချိန်ကျတော့ ဒါကို ကိုယ်က ကတိခံထားတာဆိုတော့ လက်ခံပြီးတော့ရိုက်လိုက်တာပါ။

ပရိသတ်ကတော့ ပြောပိုင်ခွင့်ဝေဖန်ပိုင်ခွင့် ရှိတယ်။ အဲ့အပေါ်မှာမှ ကိုယ်ကဆင်ခြင်သင့်တာ ဆင်ခြင်ရမယ်။ သူတို့ကိုယ့်အတွက်နဲ့ အကုသိုလ်တွေ အရမ်းဖြစ်သွားတယ်ဆိုရင် ဂုဏ်ရှိန့်ဘက်ကပဲ ဆင်ခြင်ပါ့မယ်။ ရှိန်အခု Cover သီချင်းတွေပြန်ဆိုဖို့လုပ်နေပါတယ်။ ကိုယ်ပိုင်သီချင်းတွေလည်းလုပ်နေသလို Cover Song လေးတွေကျတော့ ပရိသတ်နဲ့နားရင်ပြီးသား သီချင်းလေးတွေဖြစ်တဲ့အတွက် ယောက်ျားလေးသီချင်းဆိုရင် မိန်းကလေးအသံနဲ့ပြန်ဆိုလိုက်ရင် နားဆန်းသွားတာမျိုြးုဖစ်စေတယ်ပေါ့နော်။ ဒီဘက်ခေတ်မှာ ဒါမျိုးကသူများတွေလည်းဒါမျိုးလုပ်နေတာဆိုတော့လေ။ ဂုဏ်ရှိန် လည်း ဒါလေးတွေလုပ်နေပါတယ်။ နောက်ထပ်လည်း အသစ်တွေလုပ်နေလို့ ထွက်လာရင် အားပေးပါဦးလို့ပြောသွားခဲ့ပါတယ်။