ရူးခါနေလောက်အောင်ဂေါ်တဲ့ ကမ္ဘာ့ အမိုက်ဆုံးဓာတ်ပုံများ

ဓါတ်ပုံရိုက်တယ်ဆိုတာဟာ အဖြစ်အပျက်တစ်ခုကို တစ်ချိန်တည်းမှာ ရပ်တန့်ထားပြီး မှတ်တမ်းတင်လိုက်တာပါပဲ။ အဲဒီအခိုက်အတန့်ကို မှန်ကန်စွာရရှိဖို့ကိုတော့ သေချာလေ့ကျင့်ယူရတဲ့ အချိန်အဆနဲ့ ကျွမ်းကျင်မှုလိုပါတယ်။ ဒါပေမယ့် ပျော်စရာကောင်းပြီး ထူးခြားတဲ့ ဓါတ်ပုံရဖို့အတွက်တော့ လူတိုင်း ဓါတ်ပုံဆရာ ဖြစ်နေစရာမလိုဘူးလို့ ပြသနေတဲ့ ပုံတွေကို ပြောချင်လွန်းလို့က တင်ဆက်ပေးပါရစေ။

၁. တစ်ယောက်ကို တစ်ယောက်က ရေလွှာလျောစီး ဘုတ်ပြားလို စီးနင်းလာတယ်လို့ ထင်ရမယ့် ပုံပါ။ ဒါပေမယ့် သူငယ်ချင်းနှစ်ယောက် အချိန်ကိုက်ခုန်လိုက်တာကို မှန်ကန်တဲ့ ရှုထောင့်ကရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကမ်းခြေရောက်ရင် စမ်းကြည့်ပေါ့။

၂. ကမ်းခြေဟာ ပုံစံအမျိုးမျိုးနဲ့ အိုင်ဒီယာရှိသလောက် ဓါတ်ပုံအလန်းတွေ ရိုက်နိုင်တဲ့နေရာပါ။ ကိုယ့်ချစ်သူ ကောင်မလေးကို အခုလိုမျိုး ခရုခွံတောင်ပံလေးနဲ့ ရိုက်ပေးဖူးလား

၃. ပီဆာမျှော်စင်ဟာ ကမ္ဘာပေါ်မှာ ဟာသပုံအများဆုံးရိုက်ကူးခံရတဲ့နေရာ ဖြစ်ပုံရပါတယ်။ အခုပုံမှာလည်း ရေခဲမုန့်ခွက်အလွတ်နဲ့ ချိန်သားကိုက်ရိုက်ထားပုံက ချီးကျူးစရာပါပဲ။ ဒီလိုပုံမျိုးမှာတော့ ရိုက်ပေးတဲ့လူရော ပိုစ့်ပေးတဲ့လူပါ တော်မှရမှာပါ။

၎. အဲလစ်နှင့်ထူးဆန်းသောကမ္ဘာထဲက မှိုပွင့်ကို စားမိပြီး သေးသေးလေးဖြစ်သွားတဲ့ အဲလစ်လိုပါပဲ။ အနီးအဝေးလှည့်စားရုံနဲ့ ဒီလိုမျိုး အိုင်ဒီယာဆန်းဆန်းပုံတွေကိုလည်း အလွယ်တကူရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဓါတ်ပုံဆိုတာဟာ ဘောင်ထဲမှာပေါ်လာတဲ့ ပုံရိပ်ကသာ အဓိကမဟုတ်လား။

၅. သက်တန့်တွေကို မှုတ်ထုတ်နိုင်မှတော့ မီးမှုတ်နိုင်တဲ့ နဂါးတွေ မလိုတော့ပါဘူး။ လွယ်ကူစွာနဲ့ ပျော်ဖို့ကောင်းတဲ့ ဓါတ်ပုံအိုင်ဒီယာလေးပါပဲ။

၆. မှန်သားလို ကြည်လင်နေတဲ့ ပင်လယ်ဟာ သူတို့အတွက်တော့ ဆော့ကစားရုံသာမက ထူးထူးဆန်းဆန်း အမြင်အာရုံဆန်းသစ်စေမယ့် ပုံတွေကိုပါ လက်တည့်စမ်းရိုက်ကူးချင်စရာပါပဲ။

၇. နေလုံးကြီးကို ဖန်မီးသီးလေးနဲ့ ကာပြီးရိုက်ထားလိုက်တော့ တကယ်ပဲ လက်ထဲမှာ မီးလင်းနေသလို ဖြစ်သွားပါတယ်။ ဘယ်လိုပဲကြည့်ကြည့် အနုပညာပါဆန်နေတဲ့ စိတ်ကူးကောင်းတစ်ခုပါပဲ။

၈. နောက်ထပ် စိတ်ကူးဆန်းဆန်းနဲ့ ကမ်းခြေဓါတ်ပုံလေးတစ်ခု။ ပြောချင်လွန်းလို့ တို့လည်း ဒီတစ်ခါ ခရီးတွေဘာတွေ သွားတဲ့အခါ ပျင်းစရာပုံမှန်ဓါတ်ပုံတွေအစား အခုလို စိတ်ကူးဆန်းဆန်းလေးတွေနဲ့ ဓါတ်ပုံရိုက်ခဲ့ကြပါဦး။