သင်သတိမထားမိလောက်တဲ့ နာမည်ကျော်ရုပ်ရှင်တွေထဲက အလွဲများ

ရုပ်ရှင်ချစ်သူတွေဟာ သာမာန်ထက်ပိုပြီးရုပ်ရှင်ကိုအာရုံစူးစိုက်ကြည့်လေ့ရှိတဲ့အပြင် အခေါက်ခေါက်အခါခါ ပြန်ကြည့်လေ့ရှိတာကြောင့် တစ်ခါတရံမှာ ရုပ်ရှင်ထုတ်လုပ်သူတွေကိုယ်တိုင် မေ့လျော့နေတဲ့ အမှားတွေကို သတိထားမိတတ်ပါတယ်။ ပြောချင်လွန်းလို့က အခုတခါတော့ နာမည်ကျော်ရုပ်ရှင်တွေထဲမှာ ဆိုးဆိုးရွားရွား ပါဝင်ခဲ့ပေမယ့် လူတွေသိပ်ပြောလေ့မရှိခဲ့တဲ့ အမှားတွေကိုဖော်ပြပေးမှာပါ။

၁. Twilight

Twilight ရုပ်ရှင်ထဲမှာ ကားကို အပြင်က ရိုက်ပြတဲ့အခန်းတွေမှာဆိုရင် ကားပြတင်းတွေပေါ်မှာ အခုလို ရုပ်ရှင်ကင်မရာတွေကို မြင်တွေ့နိုင်ပါတယ်။ ဒါဟာ မှားလေ့မှားထရှိတဲ့ အလွဲမျိုးဖြစ်ပေမယ့် ရုပ်ရှင်ထဲမှာတော့ ကင်မရာတွေ၊ မိုက်ကရိုဖုန်းတွေကို ပေါ့ဆမှုကြောင့် ထင်းနေအောင်မြင်ရတဲ့အခါ ရုပ်ရှင်ထဲ ဈာန်ဝင်နေတဲ့ ပရိသတ်တွေက လှုပ်နှိုးခံလိုက်ရသလို သတိဝင်လာတတ်ပါတယ်။

၂. Avatar

ထာဝရ ရုံဝင်ငွေအများဆုံးစံချိန်ကို လက်ရှိပိုင်ဆိုင်ထားတဲ့ Avatar ဇာတ်ကားကြီးမှာလဲ အမှားမကင်းပါဘူး။ Jake က Capsule ထဲက ထွက်လာချိန်မှာ သူ့ရဲ့ဘယ်ဘက်မှာ ဘာမှမရှိပေမယ့် ထလိုက်တဲ့အခါ ဝှီးချဲတစ်ခု ရုတ်တရက်ကြီး ပေါ်လာပြန်ပါတယ်။

၃. Terminator 2

အစောပိုင်းမှာ Terminator ဟာ T-1000 ပစ်လိုက်တဲ့ ကျည်ဆန်တွေ John ကိုမထိအောင် ကာပေးလိုက်တဲ့အတွက် ကျောဘက်ဂျာကင်မှာ အပေါက်တွေဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် အခန်းနဲနဲကူးသွားတဲ့အခါမှာတော့ အသစ်အတိုင်းပြန်ဖြစ်နေတာကို တွေ့ရမှာပါ။

၎. The Avengers

Avengers သည်လည်း ထိုနည်းလည်းကောင်း အမှားမကင်းပြန်ပါဘူး။ နယူးယောက်မြို့ထဲကို လိုကီနဲ့ စစ်တပ်တွေ ဝင်လာတဲ့အခါ အပျက်အစီးတစ်ခုကြားက မှောက်နေတဲ့ကားကို Thor က ကူညီပေးချိန်မှာ ဘန်ပါက ပိန်လိုက်ဖောင်းလိုက် ဖြစ်နေတာကို အခုလိုတွေ့ရပါတယ်။

၅. Dallas Buyer Club

အော်စကာဆုရဇာတ်ကားကြီးဖြစ်တဲ့ DBC ဟာ ဝေဖန်သူတွေကပါ အချီးကျူးခံရတဲ့ကားပါ။ သူ့ရဲ့ အလွဲကတော့ နောက်ဘက်မှာ ကပ်ထားတဲ့ ပိုစတာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ သဘောအရ ၁၉၈၅ ခုနှစ် ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပေမယ့် နောက်က နံရံပေါ်မှ ပိုစတာထဲက ကားက ၂၀၁၁ ခုနှစ်မှ ထွက်လာတဲ့ ခေတ်သစ်ကားဖြစ်နေတယ်။

၆. Titanic

ထာဝရလူကြိုက်အများဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Titanic ဟာ အမှတ်တမဲ့ဆိုရင်တော့ သူ့ရဲ့ သင်္ဘောဦးက Pattern တွေကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အပေါ်ကနေ သေချာရိုက်ပြတဲ့အခါ အခေါက်ခေါက်ခါခါပြန်ကြည့်တဲ့သူတွေ သတိထားမိလောက်အောင် သင်္ဘောက နှစ်ခုကွဲနေပါတယ်။

၇. Pirates of the Caribbean

The Curse of Black Pearl ဇာတ်ကားဟာ ဂျော်နီဒက်ပ်နဲ့ ကာရေဘီယန်းပင်လယ်ဓါးပြတွေကို အကြီးအကျယ်အောင်မြင်စေခဲ့တဲ့ကားပါ။ ဒါပေမယ့် ဒီကားထဲမှာ အချိန်ခရီးသွားတစ်ဦးကို အခုလို မြင်တွေ့ရပါတယ်။ ကောင်းဘွိုင်ဦးထုပ်၊ နေကာမျက်မှန်နဲ့ပုဂ္ဂိုလ် ကင်မရာထဲပါနေတာကို တကယ်ပဲ မသိလိုက်ကြတာလား။

၈. The Gladiator

အကျော်ကြားဆုံးရုပ်ရှင်တစ်ခုဖြစ်တဲ့ Gladiator မှာ မင်းသားကြီး ရပ်ဆဲလ်ခရိုး ရဲ့ အားနဲ့မာန်နဲ့ ဂလေဒီယေတာ သတ်ပွဲရဲ့ ပရိသတ်တွေကို မေးမြန်းလိုက်တဲ့အခန်းဟာ လူကြိုက်များပါတယ်။ ဒါပေမယ့် ရောမခေတ်ကြီးမှာ အချိန်လွဲပြီး ရောက်လာခဲ့တဲ့ လေယာဉ်ပျံတစ်စင်းကတော့ အနှောင့်အယှက်ပေးနေခဲ့တာပါ။