ထူးထူးခြားခြားအရာတွေနဲ့ လက်ထပ်ထားကြသူတွေ

ကမ္ဘာပေါ်မှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ နေ့တိုင်းဖြစ်ပွားနေပါတယ်။ လူတွေဟာ တခြားလူတွေက မလုပ်သင့်ဘူးလို့ ပြောတဲ့၊ မချစ်သင့်ဘူးလို့ ဆိုတဲ့ အရာတွေကိုမှလည်း ချစ်ရင် ချစ်မိနိုင်ပါတယ်။ အခု ပြောချင်လွန်းလို့ကနေ ကမ္ဘာတလွှားက ထူးထူးဆန်းဆန်း လက်ထပ်နိုင်ကြသူတွေကို ဖော်ပြပေးပါရစေ။

၁. စားစရာမုန့်နဲ့ လက်ထပ်သူ

အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာနေတဲ့ ဒေးဗစ်ဆီကောစကီး လို့ခေါ်တဲ့ လူငယ်လေးဟာ မက်ဆီကန် မုန့်တစ်မျိုးဖြစ်တဲ့ ဘာရီတိုမုန့်တစ်ခုနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ သူ့ရဲ့ စေ့စပ်ပွဲအနေနဲ့ ရိုမန့်တစ် ဆန်ဆန် ဓါတ်ပုံရိုက်ကူးမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ဒါဟာ ကျနော့်ရဲ့ အချစ်စစ်ပဲလို့ ကြွေးကြော်ခဲ့ပါတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်က လူတွေအားလုံး အိမ်ထောင်တွေပြု၊ ကလေးတွေယူနေကြတာကို အမြဲမြင်နေခဲ့ရတာဟာ စိတ်ပင်ပန်းစရာဖြစ်တယ်လို့ သူဝန်ခံခဲ့ပြီး ယခုအခါမှာတော့ သူလည်း အထီးမကျန်တော့ပါဘူး။

၂. အရုပ်မနဲ့ လက်ထပ်သူ

ဒေ့ဗ်ကတ် (Davecat) ဟာ သူ့ဇနီးဖြစ်လာမယ့် ဆီဒိုးကူရိုနဲကို နဲ့ ၂၀၀၀ ခုနှစ်က ကလပ်တစ်ခုမှာ တွေ့ခဲ့ကြပါတယ်။ သူမဟာ လူလုပ်အရုပ်တစ်ခုဖြစ်ပြီး အဲ့ဒီခေတ်အနေနဲ့ဆိုရင် အမျိုးသမီးတစ်ယောက်နဲ့ တကယ်တူတဲ့ အရုပ်တစ်ခုပါ။ ဒေ့ဗ်ကတ်နဲ့ ဆီဒိုး တို့ဟာ တရားဝင်တော့ လက်ထပ်လို့မရပါဘူး။ ဒါပေမယ့် ဒါက ဒေ့ဗ်ကတ်ရဲ့ ပျော်ရွှင်မှုကို မရပ်တန့်နိုင်ပါ။ ဒေ့ဗ်ကတ်ကတော့ သူဟာ လူသားတွေဖန်တီးပြုလုပ်ထားတဲ့ အရုပ်တွေကို စတင်မေတ္တာတရားထားပြတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် မြင်ပါတယ်။ အခြားလူတွေမှာ သူတို့ ရွေးချယ်ထားတဲ့ နေထိုင်မှုပုံစံရှိသလို သူ့မှာလည်း ကိုယ်ပိုင်အခွင့်အရေးရှိတယ်လို့ သူက ယုံကြည်တယ်။

၃. အီဖယ်တာဝါကြီးနဲ့ လက်ထပ်သူ

အဲရစ်ကာအီဖယ်ဟာ အရာဝတ္ထုများကို စိတ်ဝင်စားနှစ်သက်သူအဖြစ် လူသိများပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ သူမဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်က အီဖယ်မျှော်စင်ကြီးကို မြင်တွေ့ခဲ့ပါတယ်။ တွေ့တွေ့ချင်း အရမ်းကြွေသွားတဲ့ အဲရစ်ကာဟာ ၂၀၀၉ ခုနှစ်က သူမနဲ့ အီဖယ်တာဝါတို့ရဲ့ မင်္ဂလာပွဲ နှစ်နှစ်မြောက်မှာ သက်မဲ့အရာဝတ္ထုတွေကို ချစ်ခင်တဲ့ စိတ်ဟာ သူမစိတ်ကို အနိုင်ယူသွားခဲ့ကြောင်း ဝန်ခံခဲ့တယ်။ အခုအခါမှာတော့ လန့်စ် လို့အမည်ပေးထားတဲ့ အားကစားပြိုင်ပွဲဝင် လေးကိုင်းကို ပြောင်းလဲချစ်ကြိုက်နေပြီ ဖြစ်ပါတယ်။

၎. ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်ထားတဲ့သူ

ကယ်ဗင်နာဒယ်လ်ဟာ စာရေးဆရာ၊ လူမှုအခွင့်အရေးတက်ကြွလှုပ်ရှားသူ၊ စိတ်ပညာဆိုင်ရာ ပါမောက္ခ တစ်ဦးအပြင် ကိုယ့်ကိုယ်ကိုယ် ပြန်လက်ထပ်ထားတဲ့သူလည်း ဖြစ်ပါတယ်။ “ကျနော့် တစ်သက်မှာ မင်္ဂလာဆောင်ပေါင်း ဒါဇင်နဲ့ချီပြီးသွားခဲ့ရတယ်၊ အဲ့ဒါကိုလည်း ပျော်ပါတယ်၊ ဒါပေမယ့် ဘာလို့ ကျနော်တို့ဟာ လက်ထပ်တဲ့ ဘဝကိုပဲ ဂုဏ်ပြုကြပြီး တစ်ယောက်တည်းနေတဲ့ ဘဝကိုကျ အလားတူ ဂုဏ်မပြုကြတာလဲ” လို့ သူ့ရဲ့စိတ်ပညာစိန်ခေါ်မှုအတွေးတစ်စကို ရှင်းလင်းပြခဲ့တယ်။

၅. ဟိုလိုဂရမ် ပုံရိပ်ကို လက်ထပ်သူ

စိတ်ကူးယဉ်သိပ္ပံကားတွေမှာသာ တွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုလိုပါပဲ။ အာကီဟီကို ကွန်ဒို လို့အမည်ရတဲ့ ဂျပန်လူမျိုးတစ်ယောက်ဟာ Virtual ဇနီးတစ်ယောက်ကို တကယ်လက်ထပ်ထားသူပါ။ သူကတော့ Virtual ကွန်ပြူတာ Idol တစ်ယောက်ဖြစ်တဲ့ Miku ရဲ့ ဟိုလိုဂရမ်ပုံရိပ်ကို လက်ထပ်ဖို့ ကြိုးစားခဲ့သူဖြစ်ပါတယ်။ သူက ၂၀၁၈ ခုနှစ် နိုဝင်ဘာမှာ လက်ထပ်ယူခဲ့ပေမယ့် တရားဝင်တော့ အသိအမှတ်ပြုခြင်းမခံခဲ့ရသလို တစ်ကမ္ဘာလုံးက Miku ပရိသတ်တွေအပါအဝင် လူတော်တော်များများရဲ့ ဝေဖန်မှုကိုပါ ခံခဲ့ရတယ်။

၆. စမတ်ဖုန်းနဲ့လက်ထပ်သူ

ပြောချင်လွန်းလို့တို့ရဲ့ ယနေ့ခေတ်မှာတော့ လူအများစုဟာ သူတို့လက်ကိုင်ဖုန်းတွေနဲ့ တကယ်ပဲ ညားနေကြသလို ခံစားကြရမှာပါ။ ဒါပေမယ့် အေရွန်ချာဗင်နက်ခ် ကတော့ ဒါကို တရားဝင်ဖြစ်အောင် လုပ်ခဲ့တယ်။ တကယ်လို့သာ လူတွေက ကိုယ့်စိတ်ကိုယ် မလိမ်ဘဲ ပြောကြေးဆိုရင် သူတို့လက်ကိုင်ဖုန်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တွယ်တာမှုတွေ အများကြီးရှိမှာပါတဲ့။ သူ့မင်္ဂလာပွဲကလည်း တရားဝင်အသိအမှတ်ပြုမခံရသေးပါဘူး။ ဒါပေမယ့် မင်္ဂလာပွဲကိုတော့ ကျင်းပခဲ့ပါတယ်။