သမီးတွေကို ဝေဖန်သူတွေကို ဒဲ့ဖြဲလိုက်တဲ့ နန္ဒာလှိုင်

တခေတ်တခါက ဒိတ်ဒိတ်ကြဲအောင်မြင်မှုရရှိခဲ့တဲ့ မင်းသမီးတလက်ဖြစ်တဲ့ မင်းသမီးကြီး နန္ဒာလှိုင်ကိုတော့ မသိတဲ့သူ မရှိလောက်ပါဘူး။ မင်းသမီးနန္ဒာလှိုင်ကတော့ အနုပညာလောကကနေ လက်ရှိချိန်မှာတော့ အနားယူနေပြီ ဖြစ်သော်လည်း နာမည်ကတော့ ကျန်ရစ်နေပါသေးတယ်။ အားပေးတဲ့ပရိသတ်တွေကလည်း လက်ရှိချိန်ထိ သူမအနုပညာ မဟုတ်ရင်တောင် သူမရဲ့ တနေ့တာနဲ့ သူမရဲ့ မိသားစုလေးကို အားပေးနေကြပါသေးတယ်။

နန္ဒာလှိုင်ကတော့ သူ့မှာ ပျော်ရွှင်စရာကောင်းပြီး ပြီးပြည့်စုံတဲ့ မိသားစု တခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူမကတော့ မိသားစုကို ချစ်မြတ်နိုးသူ တယောက်ဖြစ်ပြီး မိသားစုနဲ့ ပတ်သက်လာရင်လည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်ဝံ့ သူ တယောက်ဖြစ်ပါတယ်။ နန္ဒာလှိုင်ကတော့ သူပုံလေးတွေ တင်လိုက်ရင် လွတ်လွတ်လပ်လပ် မိသားစုလေးတွေ ပျော်ရွှင်နေတဲ့ပုံလေးတွေကိုပဲ တင်လေ့ရှိပြီး ဒီပုံတွေအောက်မှာ ဝေဖန်သူတွေကိုတော့ စာလေးတင်ပြီးတော့ သတိပေးထားတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ “သမီးလေးတွေကြီးရင်ပြန်ကြည့်ဖို့ အတွက်ပုံလးတွေ စိတ်လိုလက်ရတင်နေတယ်နော် သဘောမကျရင်ကျော်သွားပါ
ဘယ်သူကမှအတင်းကြီး မကြည့်ခိုင်းမန့်မပေးခိုင်းပါဘူး တခုတော့ပြောထားမယ် သမီးလေးတွေစိတ်ကိုထိခိုက်စေမယ့် အသုံးအနှုန်းတွေ ပါလာရင်တခါထဲဘလော့ပါမယ် ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားဒီအတိုင်းထားထားလားလာမလုပ်ပါနဲ့ ကျမကအမေပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။

နန္ဒာလှိုင်ကတော့ သူ့ရဲ့ သမီးတွေနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေကိုတော့ အနည်းငယ် စိတ်ကသိကအောက် ဖြစ်ပြီး ဒီစာလေးကို ရေးတင်လိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ ကလေးတွေကို ဝေဖန်တာကိုလည်း မကြိုက်ပဲ သူအမေတယောက်အနေနဲ့ အစစအရာရာ ရှေ့မှာ ရှိနေတယ်ဆိုတဲ့ မိခင်ကောင်းတယောက်ရဲ့ စိတ်ဓါတ်ကို ပြသသွားတာလည်း ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော အနုပညာဖက်မှာရော မိသားစုဖက်မှာပါ တကယ့်ကိုတော်တဲ့ မင်းသမီး နန္ဒာလှိုင်ကို အားပေးတဲ့သူတွေ ရှိကြလား။