ကိုယ့်ကို အမ်း တဲ့သူတိုင်းကိုလည်း မချစ်တတ်ဘူးဆိုတဲ့ ပက်ထရစ်ရှာ

ဆွဲဆောင်မှုရှိပြီး ကပြားမလေး တယောက်လို ဖြစ်နေတဲ့ မင်းသမီး ပက်ထရစ်ရှာကိုတော့ တော်တော်များများ သိကြမှာပါ။ မင်းသမီး ပက်ထရစ်ရှာကတော့ လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်နေပြီး သူ့ဇာတ်ကားတွေကလည်း မကြာခင်မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ထို့နောက် ပက်ထရစ်ရှာ ကတော့ အချစ်နဲ့ ပတ်သက်ပြီး ခံယူထားတာတွေကို ပြောကြားသွားပါသေးတယ်။

ပက်ထရစ်ရှာကတော့ MC နဲ့ အင်တာဗျူးမှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး “ချစ်တတ်တယ်။ တချို့မိန်းကလေးတွေကတော့ ပြောတယ်။ အချစ်ရေးမှာ ဦးနှောက်နဲ့ ဆုံးဖြတ်ပေါ့။ ညီမကျတော့ အဲ့လိုမဟုတ်ဘူး။ နှလုံးသားနဲ့ ဆုံးဖြတ်တာများတယ်။ ကိုယ်ချစ်ပြီဆိုရင် အဲ့ကောင်လေးက ဘာလိုဖြစ်ဖြစ် သိပ်ဂရုမစိုက်ဘူး။ သူပိုက်ဆံရှိရှိ မရှိရှိ ခေါင်းထဲ သိပ်မထည့်ဘူး။ သူများတွေပြောတယ်လေ။ အမ်းတာလား အမ်းတာမအမ်းတာလည်း ခေါင်းထဲသိပ်မထည့်ဘူး။ ကိုယ်ဒီကောင်လေးကို ချစ်ပြီဆိုရင် သူများတွေ ဒီကောင်လေးကို မကြိုက်နဲ့လို့ လာပြောလည်း ညီမက ခေါင်းထဲသိပ်ပြီးတော့ မထည့်ပါဘူး”

“အချစ်ရေးကတော့ အမြဲတမ်းအေးဆေးပဲ။ ကိုယ့်အပေါ်ကို နားလည်မှု အပြည့်ပေးတဲ့သူဆိုတော့ ကောင်းပါတယ်။ ပြတ်သွားခဲ့သည်ရှိသော် ညီမ မကောင်းလို့ ပြတ်တာပဲ ရှိမယ်။ သူကတော့ ညီမ အပေါ် ကောင်းတယ်။ တော်တဲ့ ထက်မြက်တဲ့သူတယောက်။ ကောင်းတဲ့သူတယောက်ပါပဲ”

“အားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေ ညီမရဲ့ ရှပ်ရှင်တွေကို စောင့်ရကျိုးနပ်အောင် ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။ တကားတော့ ထွက်လာပါပြီ။ နှစ်တွေအကြာကြီးမှာ တကားထွက်လာပါပြီ။ နောက်ကားတွေ ထွက်လာရင်လည်း အားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။