Live Show အဆင့်မှာလည်း ပရိသတ်အားလုံးကို ကြွေအောင် ခြွေလိုက်ပြန်တဲ့ လင်းခက်

The Voice Myanmar season 2 ရဲ့ Blind Audition တုန်းက Coach တွေကိုပျော်ရွှင်စေခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ Battle Round မှာ Coach ရန်ရန်ချမ်းရဲ့ အဖွဲ့ကနေရွေးချယ်ခြင်းမခံခဲ့ရပေမယ့် Coach Rဇာနည်က Stealလုပ်ပြီးပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့အခွင့်ရေးပေးခဲ့တဲ့ ပြိုင်ပွဲဝင် လင်းခက်ကို အားလုံးချစ်ကြမယ်ထင်ပါတယ်။ အခုကျနော်တို့တင်ဆက်ပေးချင်တဲ့ လင်းခက်ချစ်တဲ့ပရိတ်သတ်တွေအတွက် ပြောချင်လွန်းလို့ ကနေ တင်ဆက်ပေးချင်တာကတော့ လင်းခက်ရဲ့ပြီးခဲ့တဲ့Live ပထမအပတ်မှာသီဆိုဖျော်ဖြေသွားတဲ့ပုံရိပ်တွေဖြစ်ပါတယ်။

လင်းခက်ကတော့ မြန်မာပြည်ဦးသိန်းတန်ရဲ့စကားကိုယူပြီးပြောရမယ်ဆိုရင်တော့ ခေသူမဟုတ်လို့ပြောလို့ရမယ်ထင်ပါတယ်။ သူရဲ့သီဆိုဟန်နဲ့ သူရဲ့သီချင်းအပေါ်စီးမျောနိုင်မှုကတော့ အဆိုင်ပြိုင်ပွဲဝင်တစ်ယောက် လို့ထင်တောင်ထင်စရာမရှိဘဲ တကယ့် Professional အဆိုတော်တစ်ယောက်ရဲ့သီဆိုဖျော်ဖြေနေသလိုတောင်ထင်ရပါတယ်။ အခုပြီးခဲ့တဲ့ ယှဉ်ပြိုင်မှုကတော့ အောင်ရင်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အဖေ့စကားဆိုတဲ့သီချင်းကိုသီဆိုပြီးပရိသတ်တွေကို ခံစားသက်ဝင်သွားအောင် ဆွဲခေါ်နိုင်သွားခဲ့ပါတယ်။

သူရဲ့ကံတရားကတော့ကြောက်ခမန်းလိလိတောင်ကောင်းနေတယ်လို့ပဲဆိုရပါမယ်။ Team တစ်ခုကနေ ကံအကြောင်းမပေးလို့ထွက်ခဲ့ရပေမယ့် အခွင့်ရေးတစ်ခုကပဲ သူကိုပြိုင်ပွဲမှာဆက်လက်တည်ရှိနေခဲ့ပြီး သူရဲ့ ပြန်ထလာခဲ့တဲ့ကြိုးစားမှုကအရာထင်သွားခဲ့ပြီလို့ပြောလို့ရပါတယ်။ နောက်တစ်ဆင့်ကိုလည်း ပရိသတ်တွေရဲ့ Vote အများဆုံးနဲ့လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်သွားနိုင်ခဲ့ပါတယ်။ သူရဲ့သီဆိုယှဉ်ပြိုင်မှုတွေကို မကြည့်လိုက်ရတဲ့ မိတ်ဆွေတွေအတွက်လည်း ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။