ရုပ်ရှင်အစည်းအရုံးဝင်သားသမီးများအတွက် ရာနဲ့ချီတဲ့ စာအုပ်တွေလှူလိုက်ပြန်နဲ့ ပြေတီဦးဖောင်ဒေးရှင်း

ပြည်သူချစ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေကို ဆက်တိုက်ရယူထားနိုင်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးသရုပ်ဆောင်မင်းသားတစ်ယောက်လည်းဖြစ်တဲ့ ၊ သာပျော်ရွှဖွယ်ကောင်းတဲ့မိသားစုလေးကိုလည်းပိုင်ဆိုင်ထားတဲ့ မင်းသားတစ်ယောက်ကတော့ ပြေတီဦး ပါ ။ သူ မတည် တည်ထောင်ခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်းဟာဆိုရင်လည်း အခုနှစ် ၂၀၁၉မှာတော့ ဆယ်နှစ်တိုင်ခဲ့ပါပြီ ။

ဆယ်နှစ်တာအတိုင်းအတာမှာတော့ နိုင်ငံအတွက် သားကောင်းရတနာ တွေ သမီးကောင်းရတနာတွေကိုများစွာမွေးထုတ်ပေးနိုင်တာကလည်း အားလုံးသိရှိပြီးသားဖြစ်မယ်ထင်ပါတယ် ။ အခု ကျနော်တို့ပြောချင်လွန်းလို့ မိတ်ဆွေတွေကို တင်ဆက်ပေးချင်တဲ့သတင်းကောင်းလေးတစ်ခု ရှိပါတယ် ။ အဲ့ဒီသတင်းကတော့ ပြေတီဦးဖောင်းဒေးရှင်းရဲ့ ကောင်းမွန်တဲ့အလှူဒါနတစ်ခုပြုလုပ်မှုသတင်းလေးပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၁၁.၆.၂၀၁၉ ရက်နေ့က ပြေတီးဦးဖောင်ဒေးရှင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဝင်များ၏သားသမီးများအတွက်ဆိုပြီး ကျောင်းသုံးဗလာစာအုပ် ၃၀၀ ဒါဇင်နဲ့မြန်မာနိုင်ငံအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအသင်းအတွက် ကျောင်းသုံးဗလာစာအုပ် ၁၀၄ ဒါဇင်တို့လှူဒန်းခဲ့ပါတယ် ။

ကျနော်တို့အခုဖော်ပြပေးသွားတဲ့ သတင်းလေးကိုဖတ်ရှုပြီး သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေ ။ ပြေတီဦးဖောင်းဒေးရှင်းလည်း ဒီထက်မက အလှူတန်းတွေလုပ်နိုင်ပြီး နိုင်ငံအတွက် လိုအပ်တဲ့ သားကောင်း ၊သမီးကောင်းရတနာတွေကိုမွေးထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ။မိတ်ဆွေတို့ပီတိစကားလေးတွေကိုလည်း ပြန်လည်မျှဝေပေးသွားကြပါဦးခင်ဗျာ ။

Be the first to comment

Leave a Reply

Your email address will not be published.


*