အိမ်ထောင်သက်တစ်နှစ်ပြည့်ရင်လက်ထပ်ပွဲလုပ်မယ်ဆိုတဲ့ Justin Bieber နဲ့ Hailey Baldwin

Justin Bieber နဲ့ Hailey Baldwin ရဲ့ မပြီးဆုံးနိုင်သောလက်ထပ်ပွဲကိစ္စကြီးကို ပရိသတ်တွေတော်တော်များများ သိကြမှာပါ။ Hailey နဲ့ သူ့ရဲ့ဆွေမျိုးသားချင်းတွေက လက်ထပ်ပွဲကျင်းပဖို့အရေးကို သူတို့ရိုးရာအတိုင်းလက်ထပ်ပြီးသွားကတည်းက အားချင်းစီစဉ်နေကြတာဖြစ်ပြီး Justin Bieber ကတော့ လက်ထပ်ဖို့ ဒိတ်တစ်ခုသတ်မှတ်လိုက်တိုင်းအကြောင်းအမျိုးမျိုးပြပြီးရွှေ့နေခဲ့တာကြောင့် Justin Bieber အနေနဲ့ Hailey ကိုတကယ်ပဲလက်ထပ်ချင်ရဲ့လား၊ စိတ်လိုက်မာန်ပါလက်ထပ်ပြီးသွားမှ နောင်တရနေပြီလားဆိုတဲ့ဝေဖန်မှုတွေကိုလည်းတောက်လျှောက်ခံနေရတာပါ။

ဒါပေမယ့် Hailey ကတော့ Justin အကြောင်းအမျိုးမျိုးပြပြီး လက်ထပ်ပွဲကိုနောက်ကိုရွှေ့သမျှကို နားလည်လက်ခံပေးပြီး စိတ်ရှည်ရှည်နဲ့ ချစ်ခြင်းမေတ္တာနဲ့ စောင့်ဆိုင်းပေးနေခဲ့မြဲပဲဖြစ်ပါတယ်။ Justin ကလည်း လက်ထပ်ဖို့ကိုသာ အဆင်မပြေတာတွေကြောင့်နောက်ကိုရွှေ့နေခဲ့ပေမယ့်လည်းပဲ Hailey ကိုတော့ ကြင်နာပြီး Hailey အတွက်စိတ်ကူးပေါက်ရင်ပေါက်သလို အချစ်ကဗျာတွေစပ်ပေးပြီး ချစ်ကြည်နူးနေခဲ့တာပါ။ ဒါပေမယ့် မကြာသေးမီက Justin က Hailey နဲ့လက်ထပ်ဖို့ကိုမလိုအပ်တော့ဘူးလို့ထင်တယ်လို့ သူ့သူငယ်ချင်းတွေကိုပြောခဲ့တယိဆိုတဲ့သတင်းတွေပျံ့နှံ့လာခဲ့ပါတယ်။

အဲဒါကတော့ ဒီလိုပါ။ Justin က သူ့ရဲ့မတည်ငြိမ်တဲ့စိတ်အခြေအနေနဲ့ စိတ်ကျရောဂါတွေကြောင့်တရားဝင်မင်္ဂလာပွဲကို အကန့်အသတ်မရှိရက်ရွှေ့ထားရာကနေ နောက်ပိုင်းမှာ Hailey အနားမှာ နေရတာ သူ့စိတ်ကိုလုံခြုံအေးချမ်းစေတာကြောင့် သူ့စိတ်အခြေအနေကလုံခြုံတယ်လို့ခံစားနေရသ၍ လက်ထပ်ဖို့မလိုပါဘူးလို့ပြောခဲ့ပါတယ်တဲ့။ Justin ဘက်က လက်ထပ်ဖို့အရေးကိုသွေးအေးပြီး မသေချာမရေရာဖြစ်နေခဲ့ပေမယ့် Hailey ဘက်ကတော့ လက်ထပ်ပွဲကျင်းပဖို့ကို အခုအချိန်အထိ လက်မလျှော့သေးပဲ အခမ်းနားအကြီးကျယ်ဆုံးလက်ထပ်ပွဲကြီးလုပ်ဖို့ တစ်နေ့ပြီးတစ်နေ့အစီအစဉ်တွေဆွဲပြီး အရာရာပြင်ဆင်နေခဲ့တယ်လို့သိရပါတယ်။ Hailey နဲ့ရင်းနှီးသူတစ်ယောက်ရဲ့ ပြောပြချက်အရ လက်ထပ်ပွဲကျင်းပမယ့်နေ့ရက်ကသိပ်မလိုတော့ဘူးလို့သိရပြီး သူတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့စွဲတစ်ခုဖြစ်တဲ့ အိမ်ထောင်သက်တစ်နှစ်ပြည့်တဲ့နေ့မှာ လုပ်ဖို့လျာထားတယ်လို့လည်းသိရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Hailey ရဲ့ မဆုတ်မနစ်သောဇွဲလုံ့လတွေနဲ့ Justin နဲ့ လက်ထပ်ပွဲကြီးဟာ မကြာခင်ဖြစ်မြောက်လာတော့မယ်ထင်လား။ဒါမှမဟုတ် ဒီတစ်ခါမှာလည်းပဲ Justin Bieber က အကြောင်းအမျိုးမျိုးပြပြီးရွှေ့နေဦးမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say