ရွှေထူး ကိုအမွေးတွေနဲ့ဆို ကြောက်စရာကြီးလို့ပြောလိုက်တဲ့ ရွှေမှုံရတီ

ချစ်ရတဲ့ပရိသတ်တွေရဲ့အရိပ်တကြည့်ကြည့် အမြဲတမ်းဂရုစိုက်ခံရတဲ့ အနုပညာရှင်ဇနီးမောင်နှံလည်း ဖြစ်တဲ့ ရွှေရွှေမောင်နှံ ကတော့အခုဆိုရင်သူတို့ရဲ့မင်္ဂလာသက်တမ်းက ၇ လပြည့်သွားခဲ့ပါပြီ။ ရွှေမှုံရတီက အခု Myanmar Celebrity နဲ့ အင်တာဗျူးကဏ္ဍတစ်ခုမှာ ရွှေထူးနဲ့သူ့ရဲ့ အကြောင်းတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေသိချင်တဲ့အကြောင်းတွေကို ပြောပြသွားတာရှိပါတယ်။ ရွှေမှုံပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်ပြောပြပေးလိုက်ပါတယ်။

ရွှေမှုံရတီက “ ကိုရွှေထူးကဘာမှမလိမ်းထားတာကိုပိုကြိုက်တယ်။ ဘာမှမလိမ်းထားပဲနဲ့ လန်းဆန်းနေတဲ့ နေကောင်းတဲ့ပုံလေးကို ပိုသဘောကျတယ်။ အဲ့ဒီလို ဘာမှလိမ်းမထားဘူး နေမကောင်းဘူးဆိုရင်သူစိတ်မကောင်းဘူး ။ ဒါပေမယ့်သဲကတော့ ဘာမှမလိမ်းထားရင် ကိုယ့်ကိုယ့်မလှဘူးလို့ခံစားရတော့ သူက အားပေးရှာပါတယ်။ သူ့ကိုသဲက အဓိကက တော့နေပူမခံပဲနဲ့ Sun Cream လေး တွေလိမ်းပေးပါတယ်။ အဓိကက အသားမည်းလို့ သူ့ကိုလုပ်ပေးတာပေါ့ ပြီးသွားလို့ရှိရင် သူ့ကိုလေအရမ်းအတိုက်မခံပါဘူး ။ လေအရမ်းတိုက်ရင် မည်းသွားတတ်လို့ ။ ကမ်းခြေတွေဆိုရင်လည်း ကမ်းစပ်ကို သိပ်မသွားခိုင်းပဲနဲ့ အခန်းထဲမှာပဲနေခိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအသားမည်းမှာစိုးလို့ သူ့အသားရေကို စပယ်ရှယ်လစ်စ် သဲက ဂရုစိုက်ပေးရတာ။

နောက်တစ်ခုက သူက အသားရေလှချင်တဲ့အတွက် သဲပစ္စည်းတွေနဲ့ပောင်းတင်ပါတယ် ။ သဲသုံးတဲ့ပစ္စည်းတွေမသုံးခိုင်းရယ်သူက စိတ်ဆိုးပါတယ်။ သူကျတော့မလှရဘူးလားတဲ့ (ရယ်လျက်) ။သူ့ကိုသဲက အဓိကကတော့ အမွေးအမျှင်တွေမရှိတာကိုသဘောကျတယ် ။ အမွေးအမျှင်တွေမရှိရင် သူ့ရုပ်ကအရမ်းကြည့်လို့ကောင်းတယ် ။ အမွေးအမျှင်တွေနဲ့ဆိုရင် သူရုပ်ကြီးကကြောက်စရာကြီး မကြိုက်တော့ဘူး ။ ကျန်တာတော့ သူကကောင်းပါတယ်။ (သဘောကျလျက်) ။ သူ့ဟာသူGymကစားမယ်ဆိုလို့သာ ကစားနေတာ ။ သဲကကျ မာဆယ်တွေဘာတွေသိပါမကြိုက်ဘူး ။ သဲသူ့လက်မောင်းအိပ်လို့မာနေရင် သဲအိပ်ရတာမကောင်းတော့ဘူး မကြိုက်ဘူး ။ အဲ့ဒါကြောင့်မို့ သူ့ကိုမာဆယ်တွေထွက်တာမကြိုက်ဘူး ။ အဓိကကတော့ ဗိုက်ပူပူလေး ကိုပိုပြီးသဘောကျတယ်။” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။