ဝိတ်ချလိုက်လို့ ရင်သားအလှပိုပြီး ပေါ်လွင်လာတယ်ဆိုတဲ့ ဇာဇာထက်

ယောကျာ်းလေး ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ ဆက်ဆီမော်ဒယ် တယောက်ဖြစ်တဲ့ ဇာဇာထက်ကိုတော့ တော်တော်များများသိကြမယ် ထင်ပါတယ်။ ဝတ်ပုံစားပုံတွေကြောင့် ဝေဖန်မှုတွေများစွာ ရှိသော်လည်း အားပေးတဲ့သူတွေလည်း ရှိကြပါတယ်။ ဇာဇာထက်ကတော့ သူ့အနေနဲ့ အရင်က ယောကျာ်းစိတ်ပေါက်ခဲ့တာကြောင့် ရင်သားမှာ ဆီလီကွန်ထည့်ခဲ့ရတဲ့အကြောင်းနဲ့ လက်ရှိမှာတော့ သူ့ကိုယ်သူ ကျေနပ်တယ်ဆိုတဲ့ အကြောင်းကို ပြောကြားသွား ခဲ့ပါတယ်။

ဇာဇာထက်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ “ရင်ကတော့ အမက ဆီလီကွန်ထည့်ထားတာပါ။ အမက အရင်တုန်းက ဘောပြားဆိုတော့ ရင်ဘတ်မရှိဘူး။ အဲ့တော့ ပြင်ထားတာ တနှစ်ခွဲ နှစ်နှစ်နီးပါးလောက်ရှိပါပြီ။ အစတုန်းကတော့ ပြင်ပြင်ချင်း ကိတ်တာက သိပ်ပြီးတော့ မသိသာသေးဘူး။ ခန္ဓာကိုယ်နဲ့က သိပ်ပြီးတော့ အသားမကျသေးဘူး။ နောက်ပြီးတော့ အဲ့တုန်းက GYM ဆော့တယ်။ ပြီးတော့မှ နားလိုက်တာပါ။ ဒီဆီလီကွန်ထည့်မို့ မဆော့ပဲ ရပ်လိုက်တာပါ။ ပြီးတော့ ထည့်လိုက်တော့လည်း ချိုင်းကနေခွဲထည့်ထားတာဆိုတော့ အမက ဆော့လို့လည်း မရဘူးပေါ့။ အဲ့လိုမျိုး မဆော့မဆော့နဲ့ ဝိတ်တတ်သွားပြီး မထိန်းနိုင်တော့ ပေါင် ၁၆၀ ဖြစ်သွားတယ်။ ခု ၁၆၀ ကနေ ဝိတ်ချလိုက်တော့ ၁၃၅ ကနေ ၁၃၈ ကြားထဲမှာ ပြေးနေတာပေါ့နော်။ အရင်တုန်းကတော့ ဝလည်းဝတယ်။

ရင်သားကလည်းထည့်ထားတော့ သိပ်ပြီးတော့ မသိသာဘူးပေါ့။ အခုကျတော့ ဝိတ်ချလိုက်တဲ့အချိန်မှာ ရင်ဘတ်တွေဘာတွေ ခါးကခါး အဲ့လိုတွေ ဖြစ်သွားတာပေါ့။ ဆော့ဖြစ်တော့ ဗိုက်တွေဘာတွေလည်း ချပ်သွားပြီး ရင်သားကလည်း ပိုပြီးကြီးသွားသလို ဖြစ်သွားတာပေါ့။ ပိုပြီးတော့ ရင်သားအလှပေါ်လွင်သွားတာပေါ့။ အခုကတော့ ဗိုက်ရော ခါးရော အဆီတွေမရှိတော့ ကောက်ကြောင်းလေး ပေါ်လာတာပေါ့။ ဆရာဝန်ကတော့ အစကတည်းကပြောတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ဟာကို ထည့်ပေါ့။ ဇာဇာက အရင်က တင်ကလည်း ကြီးတယ်။

ရင်ကလည်းအကြီးကြီးဆို ကြည့်ရတာ ဝတုတ်ကြီးလို ဖြစ်သွားမယ်ပေါ့။ ကိုယ်ကတော့ လှဖို့ပဲ ကြည့်တာပေါ့။ ကြီးရင်လှပြီးပေါ့။ အခုဝိတ်ချလိုက်တော့လည်း ရင်ဘတ်က သီးသန့်ကြီးဖြစ်သွားပြီး ကြီးပြီးတော့ လှသွားတာပေါ့။ အမကလည်း ဓါတ်ပုံတွေ ရိုက်တော့လည်း ရိုက်ရင်းရိုက်ရင်း Mood ဝင်ဝင်သွားတာ။ အမကလည်း ဆက်ဆီလိုပုံတွေနဲ့ပဲ ပေါက်တယ်လို့ ပြောရမယ်ပေါ့။ ခုလက်ရှိကိုတော့ ကျေနပ်ပါတယ်။ အရင်တုန်းက ယောကျာ်းစိတ်ပေါက်ခဲ့တော့ ယောကျာ်းဆန်တယ်။ အခုကျတော့လည်း မိန်းကလေးဆန်လာတော့ ကျေနပ်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။