အမျိုးသမီးမို့ နောက်မှာချန်ထားခဲ့တာမျိုးလက်မခံဘူးဆိုတဲ့ ထက်ထက်ထွန်း

Missuniverse Myanmar သရဖူပိုင်ရှင်အလှမယ်တစ်ယောက်လည်းဖြစ် အခုဆိုရင်သရုပ်ဆောင်အလုပ်တွေပါ လုပ်နေတဲ့ ထက်ထက်ထွန်းကိုတော့သိကြမယ်ထင်ပါတယ်။Miss Universe ပြိုင်ပွဲကြီးမှာလည်း မြန်မာအတွက် National Costume ဆုကိုရာယူပေးနိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အခုဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်းတွေ ကိုပါစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ အခုMyanmar Cele 7 နဲ့အင်တာဗျူးမှာ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေ သိရအောင်ပြောပြပေးလိုက်ပါတယ်။

ထက်ထက်ထွန်းက “ အမျိုးသမီးတွေ အမျိုးသားတွေ ကွာခြားနေသေးတယ်ဆိုတာ အဓိကက Woman Right ပေါ့ Humam Right ပေါ့။ မြန်မာနိုင်ငံမှာက မိန်းကလေးတွေကို အဲ့ဒီလိုမျိုး အလိုလိုကို တစ်ထစ်နောက်ကိုပို့ပြီးသားပါ။ ယဉ်ကျေးမှုအရရော ထုံးတမ်းအစဉ်လာအရရော နောက်ကိုထားပြီးသား မပို့တဲ့သူတွေက မပို့တော့ဘူး ငါတို့တန်းတူထားပေးမယ်ဆိုရင်တောင် အမျိုးသမီးတွေရဲ့စိတ်ထဲမှာ ငါတို့နောက်ကိုတစ်ထစ်ရောက်ပြီးသားဆိုပြီး ကျင့်သားရနေကြတာလည်းပါပါတယ်။ တစ်ခုခုဆိုရင် အဓိကက ကိုယ့်စိတ်ပါပဲ ။

ဘယ်လောက်ပဲ ဘာRightပဲဖြစ်ဖြစ်ရှေ့မပို့ဘူး နောက်မပို့ဘူး ဘယ်လိုပဲ ပြောပြော ကိုယ်ထွက်ရင်ထွက်ပါတယ်။ ကိုယ့်ရှေ့တိုး ကိုယ်လုပ်နိုင်ရင်တော့ အချိန်တန်ရင်တော့ ခုနကပြောသလိုမျိုး ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ပတ္တမြားမှန်ရင်နွံမနစ်ဘူး အောင်မြင်အောင်ကြိုးစားရင် အောင်မြင်မှုက အလိုလိုနောက်က လိုက်လာပါတယ်။ အဲ့ဒီတော့ အမျိုးသမီးမို့လို့ဆိုတဲ့ စကားမျိုးနဲ့တော့ နောက်မှာချန်ထားခဲ့တာမျိုး ထက်ကလက်မခံသလို ထက်စိတ်ထဲမှာလည်း အဲ့ဒီခံယူချက်လုံးဝ ထည့်မထားပါဘူး ။