ကမ္ဘာပေါ်မှာ နောက်တခေါက်မြင်ရဖို့အရမ်းခက်ခဲတဲ့ ပုံရိပ်တွေများ

လက်ရှိခေတ်ကြီးမှာတော့ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတွေ တိုးတက်လာတာနဲ့ အမျှ ကမ္ဘာတဝှမ်းမှာ နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့အရာတွေကို တွေ့မြင်ရပါတယ်။ ဖုန်းလေးတလုံးရှိရုံနဲ့ ရောက်တဲ့အရပ်များထူးဆန်းတဲ့ပုံတွေ ထူးခြားတဲ့ပုံတွေကို ရိုက်ပြီးတော့ ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ရင်ရပါပြီ။ ဒါပေမယ့်လည်း တချို့သောပုံရိပ်တွေကတော့ တကမ္ဘာလုံးအနေနဲ့ အမှတ်တရဖြစ်စေပြီး နောက်တခေါက်တောင် ပြန်ပြီးတော့ မမြင်နိုင်လောက်တဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။ ဒီတခေါက်ပြောချင်လွန်းလို့ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်မှာ နောက်တခေါက်မြင်ရဖို့အရမ်းခက်ခဲတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁.ဂျပန်နိုင်ငံမှာရှိတဲ့ လမ်းဘေးက မြောင်းလေး ဖြစ်ပါတယ်။ သူတို့နိုင်ငံမှာဘယ်လောက်တောင် သန့်ရှင်းလည်းဆိုတော့ လမ်းဘေးက မြောင်းထဲမှာတောင် အလှမွေးငါးလေးတွေ မွေးထားလို့ ရပါတယ်။

၂.ဒီလိုမျိုး မြင်ကွင်းကတော့ တော်တော့်ကို ရှားရှားပါးပါးပါပဲ။ ကြက်ဥတလုံးရဲ့ အထဲထဲမှာ နောက်ထပ်ကြက်ဥ တလုံးဝင်နေတဲ့ အဖြစ်အပျက်ကတော့ တော်တော်လေးကို ရှားမယ်လို့ ထင်ပါတယ်။

၃.သင်တို့အနေနဲ့ ကမ္ဘာပေါ်မှာ ငါးတွေတော်တော်များများကို တွေ့ဖူးကြမှာပါ။ ဒါပေမယ့်လည်း ဒီလိုမျိုး တကိုယ်လုံးကြည်လင်နေပြီး အထဲကအရိုးတွေအကုန်လုံးကို ဖောက်မြင်နေရတဲ့ ငါးကိုတော့ တွေ့ဖူးကြမယ် မထင်ပါဘူး။

၎.တခါတလေမှာ သဘာဝတရားကြီးက အလွန်ကို ထူးဆန်းတဲ့အရာတွေကို လုပ်ပြနိုင်ပါတယ်။ ဒီကျောက်တုံးကြီးကလည်း ရေတိုက်စားမှုကြောင့် အောက်ခြေက သေးသေးလေးပဲ ကျန်တော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းပြိုကျမသွားပဲ ထူးဆန်းစွာ ထိန်းထားနိုင်တာကိုတွေ့ရမှာပါ။

၅.တရုတ်နိုင်ငံမှာ အပူလွန်ကဲမှုကြောင့် ရေကူးကန်တွေမှာ တွေ့ရတဲ့ ပုံရိပ်ဖြစ်ပါတယ်။ ရုတ်တရတ်ကြည့်လိုက်ရင် ပုရွတ်ဆိတ်အုံကြီး ကျနေတာပဲ။ တကယ့်ကို များပြားလှတဲ့လူတွေ ရေကန်ကြီးထဲမှာ တွေ့ရမှာ ဖြစ်ပါတယ်။

၆.ခရိုအေးရှားနိုင်ငံမှာရှိတဲ့ ငါးပုံသဏ္ဍာန်ကျွန်းလေး ဖြစ်ပါတယ်။ သင်တို့အနေနဲ့ ကျွန်းတွေအများကြီးကို တွေ့ဖူးပေမယ့် ဒီလိုမျိုး ငါးပုံစံကျွန်းလေးကိုတော့ တွေ့ဖူးကြမယ် မထင်ပါဘူး။ တကယ့်ကိုသွားချင်စရာ ကောင်းလွန်းပါတယ်။

၇.ဒီကောင်ကြီးကတော့ ခွေးနဲ့ ဝံပုလွေတို့ ရောစပ်ထားတဲ့ အကောင်ကြီးပါ။ ခွေးတကောင်လို လိမ်မာပြီး ဆိုးရင်လည်း ဝံပုလွေ တကောင်လို ဆိုးမယ်ထင်တယ်။ မြင်တာနဲ့ ကြောက်စရာကြီးနော်။ ဒါမယ့်လည်း ဒီကောင်တွေက အရမ်းကိုရှားပါးပါတယ်။