ရုပ်ဆိုးတာမဟုတ်ပဲ မိတ်ကပ်မလိမ်းတတ်သေးတာဖြစ်ကြောင်း သက်သေပြသွားတဲ့ Cos Play သမားများ

Cos Play ဆိုတဲ့ Cosplay’ဆိုတဲ့စကားလုံးက ‘Costume Play’ဆိုတဲ့စကားလုံးကနေတိုက်ရိုက်ဆင်းသက်လာတာရယ်လို့လူအများက ပြောဆိုကြပါတယ်။ တကယ်ဆိုရင်တော့ အဲ့ဒီစကားလုံးရဲ့ဆင်းသက်လာပုံက 1984 ခုနှစ်က ဂျပန်လူမျိုးသတင်းထောက် နိုဘူယူကီ တာကာဟရှီ က Costume နဲ့ Play ဆိုတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး Cosplay ရယ်လို့ စတင်သုံးခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်။ ဒီအလေ့အထရဲ့မူလဇစ်မြစ်နေရာကတော့ မြောက်အမေရိကမှာ 1930ပြည့်နှစ်တွေက စတင်ခဲ့တာပါ။ အခုခေတ်မှာဆိုရင်တော့ Cos Play လုပ်တဲ့ ဓလေ့ဟာဆိုရင်တော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပွဲတွေအကြီးအကျယ်လုပ်ပြီးစီစဉ်ကျင်းပနေတဲ့အထိ ကျော်ကြားပြီး လူကြိုက်များနေပါပြီ။ Cos Play လုပ်သူတွေရဲ့Cos Play လုပ်ပြီးအခြေနေကို တော်တော်များများမြင်ဖူးကြပေမယ့်လည်း မလုပ်ခင်အခြေအနေဘယ်လိုရှိလဲဆိုတဲ့ ပုံမျိုးကိုတော့ မြင်ဖူးသူနည်းကြမှာပါ ။အဲ့ဒါကြောင့် အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကို အာရှဒေCos Play လုပ်သူတချို့ရဲ့Before နဲ့ After တွေကို တင်ဆက်ပေးလိုက်ရပါတယ်။

၁။

သူရဲ့မူရင်းမျက်နှာဟာဆိုရင်တော့ သူ Cos Play လုပ်မယ့် ဇာတ်ကောင်ရဲ့ ရုပ်မျိုးထွက်လာစရာမရှိဘူးရယ် လို့ထင်မိကြမှာပါ ။ ဒါပေမယ့် သူ ရဲ့ ဝတ်စုံနဲ့ မိတ်ကပ်ပြင်ဆင်မှုနဲ့ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်လို့တောင်ထင်ရပါတယ်။

၂။

ဒီတစ်ယောက်ဆိုရင် လည်းပုံကိုကြည့်လိုက်တာနဲ့ တစ်ဖက်ပုံနဲ့တစ်ဖက်ပုံဟာ အများကြီးကွာခြားသွားတယ်ဆိုတာသိသာလှပါတယ်။ ဘယ်လိုလိုပဲပြောပြာ ဒီခေတ်ကြီးထဲမှာ အပြင်မှာမိန်းကလေးချောချောလေးတွေ့ရင်တော့ လွယ်လွယ်နဲ့ မယုံသင့်ဘူးဆိုတာကို သတိပေးလိုက်သလိုပဲပေါ့ ။

၃။

ယောက်ျားလေးရုပ်မပေါက်တဲ့မိန်းကလေးတစ်ယောက်တောင်မှာ ခပ်လန်းလန်းကောင်လေးတစ်ယောက်အဖြစ် ခဏလေးအတွင်းမှာ ပြောင်းသွားတယ်လို့တောင် ထင်ရပါတယ်။ မိတ်ဆွေတို့ရောဘယ်လိုထင်လဲ ဗျ။

၎။

ဒီဘဲကြီးကတော့ Cos Play ကိုတော်တော်ရူးသွပ်တဲ့သူဆိုတာ သူအိပ်နေတဲ့ စောင်လေးကို ကြည့်ရုံနဲ့သိနိုင်ပါတယ်။ သူ့ရဲ့မူရင်းပုံကိုသာ ပြမထားခဲ့ဘူးဆိုရင်တော့ ဇာတ်လမ်းထဲက ဂျက်စပဲရိုး ကိုယ်တိုင်လားလို့တောင်ထင်ချင်စရာပဲနော်။

၅။

သူ့ရုပ်ကို ရုတ်တရက်ကြည့်လိုက်ရင် ဘန်နီဖြိုးလို့တောင်ထင်ချင်စရာပဲနော် ။ ဘာပဲပြောပြော သူ့ရဲ့အစွမ်းကလည်းအံ့မခန်းပါပဲနော်။ လူနှစ်ယောက်များဖြစ်နေမလားလို့တောင် ထင်ရလောက်ပါတယ်။

၆။

ဒီတစ်ယောက်ဆိုရင်လည်း သူရဲ့မူလပုံမှာတမင် ရုပ်ပြောင်ထားတဲ့ ပုံဆိုပေမယ့် တစ်ဖက် စိမ်းနုရောက်ဆံပင်လေးနဲ့ကောင်မလေးဟာ သူဖြစ်နေမယ်ဆိုတာ ကို ယုံချင်စရာအကြောင်းတောင်မရှိပါဘူးနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*