ဟိုပေါ်ဒီပေါ်ဝတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတဲ့ ယွန်းယွန်း

မြန်မာဆန်ဆန် ဆံပင်ရှည်ရှည်လေးနဲ့ အားလုံးချစ်ကြတဲ့ ယွန်းယွန်းတစ်ယောက်ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစာလောက်က ကလေးသရုပ်ဆောင် ဘဝကနေပြီး အခုလို အရွယ်ရောက်လာလို့ လှသွေးကြွယ်တဲ့ အရွယ်ရောက်လာတဲ့အချိန်မှာလည်း ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကိုရရှိထားသူတစ်ယောက်ပါ။ အခု Sunday ဂျာနယ်နဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့ အကြောင်းတချို့ကိုပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ် ခင်ဗျာ။

ယွန်းယွန်းက သူ့ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး “သမီးကလေ ပွဲတစ်ခုခုတက်ရင် သူတို့နဲ့ Brand နဲ့ ပတ်သက်တဲ့အရောင် လိုက်ဖက်တဲ့ဟာမျိုး အမြဲတမ်းသေချာစဉ်းစားပြီးတော့ ဒီဇိုင်နာက နဲ့တိုင်ပင်တယ် မေမေတို့နဲ့တိုင်ပင်တယ် ပြီးတော့ ကြိုပြီးတော့ ချုပ်ပေးတယ်ပေါ့နော် ။ တချို့ Invitation တွေကကျ နီးမှာလာတော့ စီစဉ်ချိန်မရဘူး ။ အဲ့ခါ ကျရင်တော့ သိပ်ပြီးတော့ မလုပ်နိုင်ဘူးပေါ့ ဒါပေမယ့်လည်း ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဖက်ရှင်မျိုးများသောအားဖြင့် ပရိသတ် နဲ့တွေ့မှာ ဆိုရင် ပိုပြီးတော့ လုံခြုံတဲ့ဟာမျိုးပိုပြီးတော့ ရွေးဖြစ်ပါတယ် ။

ကိုယ်ကိုယ်တိုင်က ဝတ်နေကျမဟုတ်တဲ့ ဟိုပေါ်ဒီပေါ်နည်းနည်းဝတ်လိုက်လို့ရှိရင် ကိုယ်ကိုယ်တိုင်က နေရတာ သက်သောင့်သက်သာ မရှိဘူးပေါ့နော် ။ ကုန်းကုန်းကြီးဖြစ်နေတာ ဆွဲချနေတာတို့ ကိုယ်ကိုယ်တိုင် အပြင်မှာအဆင်မပြေရင် ကင်မရာထဲမှာလည်း အဆင်မပြေဘူးပေါ့နော် ။ မလှဘူးဆိုတာကတော့ ကိုယ်ကိုယ်တိုင် အပြင်မှာ အဆင်ပြေ အသက်ရှူချောင်ပြီးတော့ ထသွားထလာ အဆင်ပြေမယ့်ဟာမျိုးဝတ်တဲ့အခါကျတော့ ကြည့်ရတဲ့သူတွေလည်း ကိုယ့်ကို မြင်ရတာ အဆင်ပြေတယ် ။ လုံခြံတာတော့ ရွေးချယ်တာ များပါတယ်။ မြန်မာ ဝတ်စုံဆိုရင် အဆန်းလေးတွေထွင်ပြီးရိုက်ရတာ ကြိုက်တယ် ။ မျိုးစုံချုပ်ပြီးတော့ ဝတ်တယ် ၊

အဲ့ဒီလိုမျိုးပေါ်တာမပေါ်တာထက် ကိုယ့်အသားကို သူများကို ပြလိုက်တာထက် မပြလိုက်တာထက် ကိုယ်ကိုယ်တိုင်စိတ်ကျေနပ်ရဲ့လား ကိုယ်ကိုယ်တိုင်လှနေရဲ့လား ပြီးရင် ကိုယ့် Look ကိုယ်ရောကိုယ် Confidence ရှိလားပေါ့ အဲ့ဒီလိုမျိုး ပေါ်မှာပိုပြီးတော့ အရေးကြီးတယ်လို့ ညီမထင်တယ် ။ ဥပမာ ဖော်လို့ Confidence ရှိတဲ့သူကလည်း ဖော်ရတယ် အဲ့ဒါကြည့်လို့ကောင်းတယ် လှတယ် ။ ညီမလိုမျိုးဖော်လို့ Confidence မရှိတဲ့သူက ဖော်ရင်ကြည့်လို့မလှဘူးကွာ အဲ့ဒီလိုမျိုး လုံးဝ Confidence ရှိတယ်သူရှိတယ် ကိုယ့်အလှတွေပြတော့မှ Confidence ရှိတဲ့သူရှိတယ်ပေါ့ ။ ကိုယ့်ပေါ်မှာပဲ မူတည်တယ် ညီမကတော့ ကိုယ်အဆင်ပြေပြီးတော့ အဲ့ဒီလိုမျိုး ပရိသတ်တွေနဲ့ ရင်းရင်းနီးနီးပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နေလို့ရမယ့်ပုံမျိုးကိုပိုရွေးတယ်”ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*