မစင်​တုံး​တွေကို ချစ်​စရာအ​ကောင်းဆုံးဖန်​တီးထားတဲ့ ဂျပန်​ပြည်​က ပြတိုက်

ဂျပန်​ယဉ်​​ကျေးမှုအရ ဘယိလို​အော်​ဂလီဆန်​စရာ အရာကိုပဲဖြစ်​ဖြစ်​ ချစ်​စရာအ​ကောင်းဆုံးဖြစ်​လာ​အောင်​ ဖန်​တီးပြနိုင်​တာက ထင်​ရှားပါတယ်​။ Unko ဟာ ဂျပန်​ပြည်၊ ယိုကိုဟားမားက ပြတိုက်​တစ်​ခုဖြစ်​ပြီး ​ရေခဲမုန့်​ကို မစင်​ပုံစံအဖြစ်​ ချစ်​စရာအ​ကောင်းဆုံးဖန်​တီးပြီးတင်​ဆက်​ခဲ့တာဖြစ်​ပါတယ်​။

အ​ရောင်​အ​သွေးနဲ့ ပုံသဏ္ဍန်​စုံလင်​လှတဲ့ မစင်​ပုံစံငယ်​​တွေအပါအဝင်​ ဧရာမစင်​ပုံစံကြီး​တွေလည်း ပြသထားတာပါ။ ပြတိုက်​ကို လာ​ရောက်​လည်​ပတ်​ကြသူ​တွေဟာလည်း အထူးအဆန်း တစ်​ခုကြုံခဲ့ကြရပါတယ်​။

အိမ်​သာအတု​ပေါ်မှာထိုင်​​စေပြီး ဂီတသံ​လေးဖွင့်​​ပေးလိုက်​တဲ့အခါ ထိုင်​​နေသူက အ​လေးသွားတဲ့ဟန်​လုပ်​ပြရပါတယ်​။ အတန်​ငယ်​အတွင်း အိမ်​သာအိုးထဲက​နေထွက်​လာတဲ့ ချစ်​စရာမစင်​တုံးလက်​​ဆောင်​ကို အိမ်​အပြန်​အမှတ်​တရယူ​ဆောင်​သွားနိုင်​တာပဲ ဖြစ်​ပါတယ်​။

ပြတိုက်​ခန်းမကြီးတွင်းမှာရှိတဲ့ မျက်​နှာကြက်​အရွယ်​ထိမြင်​​တဲ့ မစင်​တုံးဟာ မိနစ်​သုံးဆယ်​ပြည့်​တိုင်း မီး​တောင်​တစ်​ခုလို​ပေါက်​ကွဲထွက်​​နေပြီး မစင်​မြှုပ်​​တွေကို တသွင်​သွင်​ပန်းထုတ်​​ပေး​နေတာဖြစ်​ပါတယ်​။

မစင်​တုံးကို ဂိုးထဲဝင်​​အောင်​ကန်​သွင်းရတဲ့ ဗွီဒီယိုဂိမ်းတစ်​မျိုးကိုလည်း​ဆော့ကစားလို့ရ​အောင်​ အထူးအဆန်ကြံကြံဖန်​ဖန်​အ​တွေးအ​ခေါ်နဲ့ မစင်​တုံး​တွေနဲ့ပတ်​သတ်​ပြီး ​ပေါက်​​ပေါက်​ရှာရှာ​ပျော်​စရာများကို စီစဉ်​ဖန်​တီး​ပေးထားတာမို့ Unko ပြတိုက်​ထဲ​ရောက်​သွားချိန်​မှာ က​လေးငယ်​​တွေအတွက်​​တော့ ​ပျော်​စရာအ​ကောင်းဆုံးအချိန်​ဖြစ်​ခဲ့တာအမှန်​ပါ။

Z​AW