ငွေကျပ် ၂ သိန်းသာအသုံးပြုထားပြီး လူငယ်တွေ ဖန်တီးထားတဲ့ အဆင့်မီမြန်မာ့ Sci-fi Short Film

အခုနောက်ပိုင်းမှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အနုပညာလောကကြီးဟာလည်း အသစ်အသစ်သောပြောင်းလဲမှုတွေ ငြင်သာသော အရွေ့တွေနဲ့အတူ ပြောင်းလဲလာခဲ့ပါပြီ။ နောက်ပိုင်းမှာ သာမန်ရုပ်ရှင်ဇာတ်လမ်းတွေထက် Sci-Fi လို့ ခေါ်တဲ့ သိပ္ပံဇာတ်လမ်းတွေကို လူတွေက ပိုပြီး စိတ်ဝင်စားလာကြတယ်ဆိုရင်လည်းမမှားပါဘူး။ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာလိုပဲ သိပ္ပံခတ်လွန်နည်းပညာတွေနဲ့ Superheros တွေပေါင်းစပ်ထားတဲ့ Marvel တို့ DC တို့ရဲ့ဇာတ်ကားတွေ၊ The Transformers လို၊ Bumblebee လိုဇာတ်ကားတွေကိုအားပေးကြည့်ရှု့သူတွေပိုပိုများလာခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကနေပြီးတော့ ရေခံမြေခံကောင်းကောင်းနဲ့ Sci-Fi ဇာတ်လမ်းရုပ်ရှင်ရိုက်တယ်ဆိုတာကတော့ မရှိသလောက်ကိုရှားတယ်ဆိုရမှာပါ။ အခုတော့ လူငယ်ဒါရိုက်တာတွေ သရုပ်ဆောင်တွေ special effects ဖန်တီးသူတွေနဲ့ စုပေါင်းဖန်တီးထားတဲ့ Sci-Fi ရုပ်ရှင်အတိုလေးထွက်ရှိလာပါပြီ။

အဲဒီရုပ်ရှင်အတိုလေးက ဆယ်မိနစ်စာဇာတ်လမ်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ အသံပိုင်းဆိုင်ရာ effects တွေကိုတော်တော်လေးကောင်းအောင်လုပ်ပေးထားနိုင်တာတွေ့ရပါတယ်။ ဒါ့အပြင် ရှာရဖွေရခက်ခဲမယ့် ဂြိုလ်သား costume တွေကိုလည်း အတတ်နိုင်ဆုံး ရုပ်မပေါက်အောင် အဆင်ပြေပြေနဲ့ အမိုက်စားဖန်တီးထားတာတွေ့ရပါတယ်။ ဒါ့အပြင် သာမန် ယေဘုယျ sci-fi ဇာတ်လမ်းတွေထဲက ခွဲထွက်လာပြီး မတူညီတဲ့ရှု့ထောင့်ကနေ ကမ္ဘာကြီးကိုမြင်တဲ့အမြင်တွေကိုလည်း ပရိသတ်တွေရင်ထဲထည့်ပေးသွားနိုင်ပါတယ်။ ဂြိုလ်သားစကားတွေ စာတွေကိုလည်း ကြုံရာကောက်ထည့်ထားတာမျိုးမဟုတ်ပဲ သေချာ research လုပ်ပြီးမှထည့်ထားတာလည်း ပေါ်လွင်နေတယ်ဆိုရမှာပါ။

Sci-Fi ဇာတ်လမ်းတိုလေးရဲ့ နာမည်က The Earth ဖြစ်ပြီး The Turblence Production ကထုတ်တာပါ။ ဇာတ်လမ်းကတော့ သိပ်မထူးခြားလှတဲ့ကျောရိုးမျိုးပဲဖြစ်ပြီး အာကာသထဲက ဂြိုလ်သားမျိုးနွယ်တစ်စုက သူတို့ဂြိုလ်ပျက်စီးတော့မှာဖြစ်လို့ နေအဖွဲ့အစည်းထဲမှာပြောင်းရွှေ့နေထိုင်ဖို့အခြားသောဂြိုလ်တစ်ခုကို ရှာဖွေရာက စတာပါ။ ဒါပေမယ့် အဲဒီလို မထူးခြားတဲ့ ဇာတ်လမ်းကို ပရိသတ်တွေစိတ်ထဲမှာအသိတရားတွေဝင်အောင် နင့်နင့်နဲနဲခံစားမိသွားအောင် ရိုက်ကွက်တွေချပြတတ်တာကလည်း လေးစားစရာပါပဲ။ ကိုယ်နေထိုင်နေတဲ့ ဂြိုလ်က ပျက်တော့မှာမို့ နောက်ထပ်ဂြိုလ်တွေကိုရှာဖို့ တစ်ဂြိုလ်ကိုတစ်ဦးကျစီရှေ့ပြေးလေ့လာဖို့စေလွှတ်ခံရတဲ့ ဂြိုလ်သားတွေထဲက တစ်ဦးက ကမ္ဘာဂြိုလ်ကိုရောက်လာခဲ့ပါတယ်။ အဲဒီဂြိုလ်သားဟာ ကမ္ဘာပေါ်ကအခြေအနေတွေကို တွေ့တဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆယ်မိနစ်စာ ရုပ်ရှင်လေးမှာ ရင်သပ်ရှု့မောကြည့်ရှု့ကြရမှာပါ။ဒီရုပ်ရှင်တစ်ခုလုံးကိုရိုက်ဖို့ ပိုက်ဆံနှစ်သိန်းသာအသုံးပြုထားတယ်လို့လည်းသိရပါတယ်။  ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် The Earth ဆိုတဲ့ ဆယ်မိနစ်စာရုပ်ရှင်လေးကို ဖော်ပြပေးလိုက်ပါတယ်။

The Earth

"The Earth" A Sci-Fi Short Filmဒီတစ်ခါတော့ ကျွန်တော်တို့ Turbulence အဖွဲ့သားတွေ တစ်ယောက်နည်းနည်းစီ စုထည့်ပြီး စုစုပေါင်း ငွေအကုန်အကျ ၂ သိန်းနဲ့ ရိုက်ထားတဲ့ ShortFilm လေးပါ ကိုယ်ပိုင် idea နဲ့ မူပိုင် design နဲ့ ပထမဆုံး costume စလုပ်ဖြစ်တဲ့ကားလေးပါ ( Main Character ကိုပဲ ပြောတာပါ😂 )မှားတာပါခဲ့ရင်လည်း သည်းခံပြီးကြည့်ပေးကြပါ လူငယ်တွေအနေနဲ့ဆက်ကြိုးစားပါဦးမယ်-CreditsDirected By Aung Myo MinStoryKyaw Bo BoSFX MakeupKyi SinThatoe Visual EffectsAung Myo MinRyuIchi ThihaCinematographyKaung Khant SheenAung Myo MinCostume and propsRyuichi ThihaStarringKyaw bo bo aungKaung Khant SheenRyuIchi ThihaThatoe ooAung Myo MinBo Moe Thee-Awesome 3D model by Matkovski Dragos-Music channel links JASA Studio https://www.youtube.com/channel/UCinE9D4RiJT0gUCpVgdtSKwThunderstepMusichttps://www.youtube.com/user/TheGod0fSunStellardrone https://www.youtube.com/user/SpaceAmbientSecession Studioshttps://www.youtube.com/user/thesecessionH3 Musichttps://www.youtube.com/channel/UC1nH4RqASg6DK2WgfPjyh5Q#Turbulence_Production

Posted by The Turbulence Production on Wednesday, 10 July 2019

အဲဒီရုပ်ရှင်လေးဟာ တစ်ခဏအတွင်းမှာကို View ပေါင်းသုံးထောင်နီးပါးရှိသွားခဲ့ပြီး ပြန် share သူပေါင်းတစ်ထောင်ကျော်သွားခဲ့ပါတယ်။ အခုထိလည်း View တွေက အရှိန်အဟုန်နဲ့တိုးပွားလာနေဆဲပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော မြန်မာနိုင်ငံရဲ့ လူငယ်တွေဖန်တီးထားတဲ့ ပထမဆုံး Sci-Fi ရုပ်ရှင်တိုလေးကိုဘယ်လိုသဘောရလဲ။ သူများတွေမှတ်ချက်ပေးထားကြသလိုပဲ လက်ရှိမြန်မာနိုင်ငံအနုပညာလောကမှာ အဆင့်အမြင့်ဆုံး အကောင်းဆုံး effects တွေကို သုံးထားနိုင်တယ်လို့မြင်ကြလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say