မထင်မှတ်ပဲပွဲတခုမှာ မိန်းကလေးတွေ ကြိတ်ကြိတ်တိုးအားပေးခြင်းခံလိုက်ရတဲ့ ပိုင်တံခွန်

မြန်မာနိုင်ငံမှာတော့ မော်ဒယ်တွေ များစွာရှိပေမယ့်လည်း အခြားနိုင်ငံတွေကပါ ကြိုက်နှစ်သက် သဘောကျကြပြီး မိန်းကလေးတိုင်း သည်းသည်းလှုပ်ဖြစ်နေတဲ့ မော်ဒယ်ကတော့ ရှားပါတယ်။ ဒီလိုမျိုး မိန်းကလေးတိုင်း သည်းသည်းလှုပ်ဖြစ်နေတဲ့ မော်ဒယ်တွေထဲမှာမှ ပိုင်တံခွန်ကတော့ အသေအချာကို ပါဝင်နေပါတယ်။ ပိုင်တံခွန်ကတော့ လက်ရှိမှာဆိုရင်လည်း ထိုင်းနိုင်ငံက ပေ့ခ်ျတွေမှာ နာမည်တော်တော်ကြီးနေပြီး ထိုင်းက မိန်းကလေးတွေကလည်း အသည်းစွဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မော်ဒယ်တယောက်အနေနဲ့ပဲ အနုပညာလောကထဲကို ဝင်ရောက်လာတာ ဖြစ်ပြီး လက်ရှိချိန်မှာတော့ အရမ်းကို အောင်မြင်နေတဲ့ မော်ဒယ်တယောက်အဖြစ် ရပ်တည်နေပြီး ပွဲတော်တော်များများကိုလည်း တက်ရောက်နေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဆိုင်တော်တော်များများကလည်း ဖွင့်လှစ်တဲ့အချိန်တွေမှာ ပိုင်တံခွန်ကို အမြဲတမ်းလိုလို ငှားကြပြီး ဆိုင်သစ်တော်တော်များများ ဖွင့်လှစ်တဲ့ပွဲတွေမှာလည်း ပိုင်တံခွန်က အမြဲတက်ရောက်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ ဗီဒီယိုလေးကတော့ ပိုင်တံခွန်တယောက် မုံရွာကိုဆိုင်သစ်ဖွင့်ပွဲ အတွက်သွားရင် သူ့ကိုအားပေးတဲ့ ပရိသတ်တွေက လမ်းလျှောက်စရာမရှိလောက်အောင်ကို ပိုင်တံခွန်ကို ကြိတ်ကြိတ်တိုး အားပေးနေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပိုင်တံခွန်ကတင်ထားပြီး ပရိသတ်တွေကြားမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ မိန်းကလေး ပရိသတ်တော်တော်များများကတော့ ပိုင်တံခွန်နဲ့ အတူ ဓါတ်ပုံတွဲရိုက်ဖို့အတွက် အသည်းအသန်တွေ ဖြစ်နေကြပြီး ပိုင်တံထွန် တယောက် လမ်းလျှောက်လို့ မရလောက်အောင်ကို ပရိသတ်တွေ ပြည့်နှက်နေတာ ဖြစ်ပါတယ်။ နောက်ဆုံးလူတစု ဆွဲပြီးတော့ လမ်းရှင်းပြီး ခေါ်လာမှသာ ပိုင်တံခွန်တယောက် လမ်းလျှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တချို့ကျတော့လည်း အနောက်ကနေကို တကောက်ကောက် ပြေးလိုက်နေကြတာ ဖြစ်ပါတယ်။ ပိုင်တံခွန်တယောက် ဒီလောက်ထိ အားပေးခံရတာကတော့ အံ့မခန်းပါပဲ။ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ပိုင်တံခွန်ကို အားကျနေကြပြီလို့ ထင်ပါတယ်။

Here is why I love them so much Hello Monywa ❤️

Posted by Paing Takhon on Sunday, 7 July 2019