ချစ်ခြင်းမေတ္တာသာ အဓိကထား ကိုးကွယ်ပြီး အားကျစရာကောင်းတဲ့ ကမ္ဘာကျော်စုံတွဲများ

ချစ်ခြင်းတရားရဲ့ ပန်းချီ ၊ လင်္ကာ ၊စာ တွေကို လူတွေက သူများတွေဖွဲ့နွဲ့ထားကြတာတွေနဲ့ပဲ ဖော်ကျူးခံစားနေကြတာများပါတယ် ။ သူများတွေ ဘယ်လိုပဲ ဖွဲ့ဆိုပါစေ ကိုယ်ကိုယ်တိုင်ခံစားမှုနဲ့သာ မတိုက်ဆိုင်ခဲ့ဘူးဆိုရင်တော့အားလုံးဟာ အလကားပါပဲ ။ အချစ်ကို ကိုးကွယ်ပြီး တစ်ယောက်ဆိုတစ်ယောက်သာ မြတ်နိုးကြတဲ့သူတွေလည်း အများကြီးရှိပါတယ် ။ အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်ကြီး ကို အချစ်တစ်ခုသာ ကိုးကွယ်ရာ လို့မှတ်ယူထားပြီး တစ်ယောက်ဆိုတစ်ယောက်သာ ချစ်မြတ်နိုးကြတဲ့ ကမ္ဘကျော်စုံတွဲ တွေကို တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

၁ ။ Will Smith and Jada Pinkett Smith

Will Smith စကတော့ မိတ်ဆက်ပေးစရာမလိုအောင် ကျနော်တို့ သိထားပြီး ကြိုက်ရတဲ့ မင်းသားတစ်ယောက်ပါ ။ သူနဲ့ သူပါရမီဖြည့်ဘက်တို့ဟာဆိုရင်လည်း ၁၉၉၄ ခုနှစ်မှာ ရိုက်ကူးရေးတစ်ခုကြောင့်စတင်တွေ့ဆုံခဲ့ကြတာပါ ။ ဒီလိုနဲ့ ၁၉၉၅ ခုနှစ်မှာချစ်သူတွေ စဖြစ်ခဲ့ကြပြီး ၁၉၉၇ ခုနှစ် ချစ်သူသက်တမ်းနှစ်နှစ်အကြာမှာတော့ သူတို့လက်ထပ်လိုက်ကြပါတော့တယ် ။

၂ ။ Barrack နဲ့ Michelle Obama

အားလုံးပဲသိကြတဲ့ အမေရိကန်သမ္မတဟောင်း Obama နဲ့ သူရဲ့ ဇနီးဖြစ်သူ Michelle တို့ကတော့ ၁၉၈၉ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ် ။ အဲ့ဒီအချိန်ကတည်း ကနေ အခုချိန်ထိ ချစ်မေတ္တာမယွင်းဘဲ ချစ်နေကြသေးတယ်ဆိုတာကလည်း အတော်ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာပါပဲ။

၃ ။ Tom Hanks နဲ့ Rita Wilson

အခုချိန်မှာ အသက် အသက်၆၂ ရှိပြီးဖြစ်တဲ့ ကျနော်တို့ ရဲ့ချစ်လှစွာသော Forrest Gump မင်းသားကြီး Tom Hanks ဟာဆိုရင်လည်း အချစ်ကြီးသူတစ်ယောက် သစ္စာရှိသူတစ်ယောက်ပါပဲ ။ သူတို့ရဲ့ချစ်သက်တမ်းကလည်း အခုဆိုရင်တော့ နှစ်၃၀ကျော်သွားပါပြီ။

၎ ။ Jhon Legend နဲ့ Chrissy Teigen

သီချင်းကောင်းမြောက်မြားစွာကို ဖန်တီးသီဆိုပြီး ခံစားမှုအားကောင်းတဲ့ ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ Jhon Legend ကတော့ သူရဲ့ ချစ်သူနဲ့ ၂၀၀၇ ခုနှစ်မှာစတင် တွေ့ဆုံခဲ့ကြရင်းကနေ ယနေ့အချိန်ထိ ရွှေလက်တွဲနေတဲ့ ချစ်သူတွေဖြစ်နေတာပါ။ အခုချိန်မှာတော့ သူတို့မှာ Luna လို့ခေါ်တဲ့သမီးလေးနဲ့ Miles လို့ခေါ်တဲ့သားလေး ပိုင်ဆိုင်ထားပြီဖြစ်ပါတယ် ။

၅ ။ Hugh Jackman နဲ့ Deborra-Lee Furness

လိုဂန်အဖြစ် စူပါဟီးရိုးဖန်တွေရဲ့ အသည်းနှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ မင်းသားချောကြီး Hugh ကတော့ သူရဲ့ ချစ်ရတဲ့သူနဲ့ လက်တွဲလာတာဆိုရင်လည်း နှစ်ပေါင်း ၂၃ နှစ်တောင်ရှိခဲ့ပါပြီလို့သိရပါတယ်။ ဟောလိဝုဒ် လောကရဲ့စံပြစုံတွဲ လို့တောင် သူတို့ကို တင်စား ခေါ်ဝေါ်ကြတယ် လို့သိရပါတယ်။

၆ ။ David နဲ့ Victoria Beckham

သူတို့ကတော့ ငယ်ချစ်နှစ်ယောက်ဖြစ်ပြီး Victoria ကလည်း Spice Girls အဖွဲ့ဝင်ဟောင်းတစ်ယောက်အဖြစ် အင်မတန်ကျော်ကြားခဲ့သူတစ်ယောက်ဖြစ်သလို David ကိုယ်တိုင်ကလည်း ဘောလုံးမှာ မှော်ဆန်ခဲ့သူတစ်ယောက်မို့ အားလုံးသဘောကျခဲ့ရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ အပြင် အခုချိန်ထိချစ်ကြည်နူးပြီး သာယာပျော်ရွှင်ဖွယ် မိသားစုလေးကို ပိုင်ဆိုင်ထားနိုင်ပါတယ်။ ဒါတွေအားလုံးဟာ အချစ်ရဲ့ စွမ်းအားတွေပါပဲ။